Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မှာ မှောင်ရိပ်ခိုတယ်ဆိုပြီး စစ်အုပ်စုကလူငယ်တွေကို ဖမ်းဆီးခြိမ်းခြောက်ငွေတောင်း

ရန်ကုန်မှာ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေဟာ လူငယ်တွေကို မှောင်ရိပ်ခိုတယ်ဆိုပြီး ဖမ်းဆီးကာ ခြိမ်းခြောက်ငွေတောင်းမှုတွေလုပ်နေတယ်လို့ မြို့ခံ​တွေက​ပြောတယ်။

ကချင်ပြည်နယ် ၊ဖားကန့်မြို့နယ်မှာ စစ်တပ်က ​အောက်တိုဘာလဆန်းပိုင်းမှာညအချိန်မှာလူငယ်အချို့ကိုဖမ်းဆီး​ခေါ်​ဆောင်​​နေစဥ် ။ ဓါတ်ပုံ-File Video Screen grab

​အောက်တိုဘာ-၂၄၊၂၀၂၅။တာရာ/People’s Spring

ရန်ကုန်မှာ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေဟာ လူငယ်တွေကို မှောင်ရိပ်ခိုတယ်ဆိုပြီး ဖမ်းဆီးကာ ခြိမ်းခြောက်ငွေတောင်းမှုတွေလုပ်နေတယ်လို့ မြို့ခံ​တွေက​ပြောတယ်။

စစ်သားတွေနဲ့ ရဲတွေဟာ ညဘက်လုံခြုံရေးဆို ပြီး​တော့ အိမ်စီးကား ၊စစ်ကား ၊ရဲကား​တွေနဲ့လှည့်

ကင်းပတ်ပြီး ​လူငယ်တွေကို ပစ်မှတ်ထားဖမ်းဆီးနေတာလို့ သူတို့က​ပြောပါတယ်။

Public Service Announcement

Public Service Announcement

လူငယ်တွေကိုဖမ်းဆီးပြီး ‌​ငွေနဲ့ပြန်ရွေးခိုင်း​​လေ့ရှိပါတယ်၊ ငွေကြေးမတတ်နိုင်သူတွေဆိုရင် စစ်သားသစ်အဖြစ် အဓမ္မ​​ခေါ်​ဆောင်​လေ့ရှိတယ်လို့ ရန်ကုန်မြို့ကပြည်သူအချို့က​ပြောပါတယ်။

“ပြီးခဲ့တဲ့ရက်ကပဲ ဒီနားမှာ လူငယ်တွေကိုကားပေါ်ဆွဲခေါ်တင်သွားတာ။ အလုပ်ဆင်းချိန်ဆိုတော့ လူငယ်တွေက ဘတ်စ်ကားအမီကားဂိတ်ကိုပြေးရတယ်။ သူတို့နဲ့တွေ့ရင်သွားပြီ။ အဲဒါတစ်ခါတည်းဖမ်းခေါ်သွားတာ။ စက်မှုဇုန်ထဲကဆိုရင်ပါတာမနည်းဘူး။ ၆ သိန်းနဲ့ပြန်ရွေးခိုင်းတယ်။ မရွေးနိုင်ရင်စစ်တပ်ထဲပို့တယ်။ အကုန်မြင်နေတွေ့နေရတယ်။ ကြားနေရတယ်။ တချို့ဆို မှောင်တောင်

မမှောင်သေးဘူး။ အိမ်စီးကားနဲ့လိုက်ဖမ်းနေတာကလည်း ရှိတယ်။လူငယ်တွေကိုအရင်ကထက်ပိုပြီး သတိထားစေချင်တယ်” လို့ သာကေတစက်မှုဇုန်အနီး နေထိုင်သူတစ်ဦးကပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း သာကေတ Capital အနီး ဘတ်စ်ကားစောင့်နေတဲ့ လူငယ် ၅ ဦးကို ဟွန်ဒါဖစ်ကားနဲ့ စစ်​​ကောင်စီလက်နက်ကိုင်အဖွဲ့​တွေက ဖမ်းဆီးသွားတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။

အလားတူ တောင်ဒဂုံမြို့နယ်မှာလည်း မှောင်ရိပ်ခိုတယ်ဆိုပြီး လမ်းဘေးဂစ်တာတီးနေသည့် လူငယ်အချို့ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

ဒါအပြင်ရန်ကုန်မှာ စစ်သားနဲ့ရဲ​တွေအပြင် စစ်တပ်အတွက် လူစု​ပေးတဲ့ ပျူ​စောထီး​တွေ ၊လူမိုက်​တွေ၊ပွဲစား​တွေက လူငယ်အချို့ကို ဖမ်းဆီးပြီး စစ်မှု

ထမ်းအတွက် ​ရောင်းစားတဲ့ ဖြစ်စဥ်​တွေလည်းရှိ​နေတယ်လို့ ဖြစ်စဥ်ကို ကြုံဖူးသူအချို့က​ပြောပါတယ် ။

ရန်ကုန်မှာ ညဘက် ဖမ်းဆီးမှုတွေရှိနေတာကြောင့် ပြည်သူ​တွေသတိထားသွားလာနေကြဖို့ကိုလည်းသတိပေးမှုတွေရှိနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ် အာဏာသိမ်းထားတဲ့ ငါးနှစ်ကျော်အတွင်း လူမှူကွန်ရက်ပေါ်မှာ ရေးသားတာ ၊ အွန်လိုင်းဆက်သွယ်ပြောဆိုတာတွေကြောင့် စစ်တပ်ရဲ့မတရားဖမ်းဆီးခံရသူ နှစ်ထောင်ကျော်ရှိတယ်လို့ Data For Myanmar-D4M အဖွဲ့ကအသိပေးထားပါတယ်။

သတင်း

လူစုလူဝေးမလုပ်ဖို့၊ အိမ်တိုင်း ကတုတ်ကျင်းတူးဖို့၊ အရေးကြီးကိစ္စမရှိရင် ခရီးမသွားဖို့၊ လေကြောင်းသတင်း အချင်းချင်း အချိန်မီ သတင်းပေးကြဖို့ သတိပေးထား

သတင်း

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်က မြစ်ကြီးနား- ရွှေဘိုလမ်းပိုင်းနဲ့ အနီးပတ်ဝန်းကျင်က ကျေးရွာတွေကို ဒီနေ့ နေ့လယ်ပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သား ၂ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

Facebook