Connect with us

Hi, what are you looking for?

သတင်း

ပေါက်မြောက်ပိုင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေ တားဆီးတိုက်ခိုက်

မကွေးတိုင်း၊ ပေါက်မြို့နယ်မြောက်ပိုင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ အထိနာသွားတယ်လို့ ပြည်သူ့တော်လှန်ရေးတပ်ဦး(PRF)တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

Screenshot

အောက်တိုဘာ-၂၄၊ ၂၀၂၅။ဇော်ဝင်း/People’s Spring

မကွေးတိုင်း၊ ပေါက်မြို့နယ်မြောက်ပိုင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ အထိနာသွားတယ်လို့ ပြည်သူ့တော်လှန်ရေးတပ်ဦး(PRF)တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

အောက်တိုဘာ ၁၇ ရက်မှာ စစ်ကောင်စီတပ်က အင်အား ၂၀၀ ဝန်းကျင်နဲ့ ကပစ(၂၄)ကနေပေါက်မြို့နယ်မြောက်ပိုင်းကို ဦးတည်လာခဲ့တယ်လို့ ဆိုပါတယ်။

“ကပစ(၂၄)ရဲ့ကာကင်းဖြစ်တဲ့ ပျဉ်းမမှာ အင်အားဖြည့်ပြီး ဇီးပြားပျူရွာကိုသွားဖို့အတွက် စစ် ကြောင်းထိုးလာတဲ့အခြေအနေမျိုး”လို့ အထက်ပါတာဝန်ရှိသူက စစ်ကောင်စီစစ်ကြောင်းအခြေအနေကို ရှင်းပြပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကြောင်းထိုးရင်း လမ်းပိုင်းတလျှောက်မှာရှိတဲ့ ကျေးရွာတွေက ပြည်သူတွေရဲ့ရိက္ခာတွေကိုပါ တပါးတည်း လုယူပြီး ဇီးပြားပျူစောထီးရွာကို သယ်ဖို့ စစ်ကောင်စီတပ်က ကြိုးစားခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒါပေမယ့် စစ်ကောင်စီတပ်စစ်ကြောင်း တိုက်ခံရပြီးတဲ့နောက် သေဆုံးသူတွေနဲ့ ထိခိုက်ခဲ့သူတွေများတာကြောင့် စစ်ကြောင်းနောက်လှန်ဆုတ်ပြေးခဲ့ရတယ်လို့ တာဝန်ရှိသူက ပြောပါတယ်။

“လောလောဆယ်တော့ နောက်ပြန်ဆုတ်သွားတဲ့ စစ် ကြောင်းက အခြားလမ်းကြောင်းကနေ စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတဲ့သဘောကို တွေ့ရတယ်”လို့ ပေါက်မြို့နယ်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

PRFရဲ့ထုတ်ပြန်ချက်အရ ပေါက်မြောက်ပိုင်းထိုးလာတဲ့စစ်ကြောင်းကို တိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်သား ငါးဦးသေပြီး ရှစ်ဦးထက်မနည်းထိခိုက်ခဲ့တယ်လို့ ဖော်ပြပါတယ်။

စစ်ကောင်စီတပ် စစ်ကြောင်း ခုခံတိုက်ခိုက်မှုမှာ ပြည်သူ့ဒီမိုကရက်တစ်တပ်တော်( PDA)၊ ကျောင်းသားလက်ရုံးတပ်တော် (SAF)၊ BORDERLESS နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေလည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

အခုနှစ် သြဂုတ်မှာ ပခုက္ကူအခြေစိုက် တပ်မ (၁၀၁)ကနေ ပေါက်မြို့နယ် ကပစ (၂၄)ဘက်ကို အင်အား ၁၀၀၀ဝန်းကျင်​ ဖြည့်တင်းခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် ပေါက်၊ဆိပ်ဖြူ အပါအဝင် ယောဒေသဘက်ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေပါတယ်။

ပေါက်မြောက်ပိုင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေ တားဆီးတိုက်ခိုက် အောက်တိုဘာ-၂၄၊…

Posted by People's Spring on Thursday 23 October 2025

ရုပ်သံ – PRF

ဆက်စပ်သတင်းများ

ဆောင်းပါး

ရခိုင်ပြည်နယ်မှာ ၁၄ မြို့နယ်ဆုံးရှုံးထားတဲ့စစ်တပ်က အင်အားအများအပြားသုံးပြီးတန်ပြန်ထိုးစစ်ဆင်တာ သုံးပါတ်ရှိပါပြီ။သုံးပါတ်တိုင်ကြာလာပေမယ့် အာဏာသိမ်း စစ်တပ်က စခန်းတစ်ခုမှပြန်သိမ်းနိုင်တာမရှိဘဲ စစ်တပ်ရဲ့ကာကင်စခန်းနဲ့ ​ခြေကုတ်​စခန်း​တွေကိုသာ AA ကပြန်သိမ်းသွားပါတယ်။

သတင်း

ကချင်ပြည်နယ်အတွင်း လေကြောင်းအန္တရာယ်သတိပြုဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးထားစဉ်မှာပဲ ဖားကန့်မြို့နယ်ကို စစ်တပ်က Y12လေယာဉ်နဲ့ ဗုံးအလုံး၂၀ကျော်ကြဲချသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပျူ​စောထီး ၇ဦးသေဆုံးပြီး လက်နက်တချို့သိမ်းယူ

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့အခြေစိုက် စစ်တပ်ရဲ့ ခမရ(၁၅)တပ်ရင်းက ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ဘကကျောင်း)ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် KG တန်း ကလေးငယ် ၁ဦး သေဆုံးပြီး ကျောင်းသား၂ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ (ပကဖ)က ပြောပါတယ်။

Facebook