Connect with us

Hi, what are you looking for?

သတင်း

ကန်ပက်လက်က မင်္ဂလာဆောင်ကို စစ်ကောင်စီဗုံးထပ်ကြဲ

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့က မင်္ဂလာ‌ဆောင်တစ်ခုကို စစ်ကောင်စီက ဒီနေ့ အောက်တိုဘာ ၂၄ရက် မနက်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲသွားလို့ အရပ်သားထိခိုက်သေဆုံးမှုတွေရှိတယ်လို့သတင်းရရှိပါတယ်။

ကန်ပက်လက်မြို့ကို ၂၀၂၅ ဩဂုတ်အတွင်း လေကြောင်းတိုက်ခဲ့စဉ်။ ဓာတ်ပုံ - CJ

အောက်တိုဘာ-၂၄၊ ၂၀၂၅။ မိထက်၊ ထားမြတ်/People’s Spring

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့က မင်္ဂလာ‌ဆောင်တစ်ခုကို စစ်ကောင်စီက ဒီနေ့ အောက်တိုဘာ ၂၄ရက် မနက်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲသွားလို့ အရပ်သားထိခိုက်သေဆုံးမှုတွေရှိတယ်လို့သတင်းရရှိပါတယ်။

မနက် ၉နာရီ ၂၀မိနစ်ခန့်မှာ ဂျက်ဖိုက်တာနဲ့ဗုံးနှစ်လုံးကြဲတာလို့ ဒေသခံသတင်းရင်းမြစ်ကပြောပါတယ်။

“မင်္ဂလာဆောင်ကို ကြဲသွားတာပါ။ ကျနော်တို့ချက်ချင်းသွားလို့မရနိုင်ဘူး။ ထိခိုက်သေဆုံးမှုတွေကတော့များတယ်။ ကျ‌တော်တို့ တော်တော်လေးဝမ်းနည်းတယ်”လို့ ၎င်းက ပြောပါတယ်။

Public Service Announcement

Public Service Announcement

နေပြည်တော်လေဆိပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ မိနစ်ပိုင်းအတွင်းမှာ နှစ်ကြိမ်ဗုံးကြဲသွားတာဖြစ်ပြီး မြို့ထဲက မင်္ဂလာဆောင်ကို ဦးတည်တိုက်ခိုက်သွားတာလို့ ဆိုပါတယ်။

လေကြောင်းတိုက်ခိုက်ခံရတာဟာ ချင်းဒေသကာကွယ်ရေးတပ်(CDF)-ကန်ပက်လက် စစ်ဦးစီးချုပ် ရဲ့ မင်္ဂလာဆောင်ဖြစ်တယ်လို့လည်း ဒေသ သတင်းရင်းမြစ်တွေက ပြောပါတယ်။

“ ဖိတ်စာနေရာအတိုင်းပဲ” လို့ သတင်းရင်းမြစ်က စစ်ကောင်စီ လေကြောင်း တိုက်ခိုက် လာမှု အခြေအနေကို ပြောပါတယ်။

ဒေသခံအမျိုးသမီးတစ်ဦးကလည်း ဆွေမျိုးဖြစ်သူရဲ့ မင်္ဂလာဆောင်ပွဲ လေယာဉ်ဗုံးကြဲလို့ အထိအခိုက်များကြောင်း လူမှုကွန်ရက်မှာ ရေးသားအသိပေးထားပါတယ်။

စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးမေးမြန်းဖို့ ကန်ပက်လက်ဒေသ ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူ အချို့ထံ ဆက်သွယ်ထားဆဲဖြစ်ပါတယ်။

ကန်ပက်လက်မြို့ဟာ ချင်းညီနောင်အဖွဲ့ဝင် ချင်းဒေသကာကွယ်ရေးတပ်(CDF)-ကန်ပက်လက် ထိန်းချုပ်ထားတာဖြစ်ပါတယ်။ ၂၀၂၄ ဒီဇင်ဘာမှာ ချင်းညီနောင် မဟာမိတ်တွေက မင်းတပ်မြို့ကို တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့နေ့မှာပဲ ကန်ပက်လက်က စစ်ကောင်စီတပ်တွေ မြို့ကို စွန့်ခွာသွားလို့ ချင်းညီနောင်က သိမ်းနိုင်ခဲ့တာဖြစ်ပါတယ်။

ဖုန်းနဲ့ အင်တာနက်လိုင်းဆက်သွယ်ရေးအခက်အခဲတွေကြောင့် ဒီမနက်လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်အသေးစိတ်ကို မသိရသေးပါဘူး။ စစ်ကောင်စီက လက်ရှိအောက်တိုဘာအတွင်းမှာ ချင်းပြည်နယ်က မင်းတပ်၊ ကန်ပက်လက်၊ ဟားခါးမြို့နယ်တွေကို လေကြောင်းကနေ ရှစ်ကြိမ်ထက်မနည်း ဗုံးကြဲခဲ့ပါတယ်။

အောက်တိုဘာ ၂၁ရက် နေ့လယ်ပိုင်းကလည်း ဟားခါးမြို့၊ ဇာထာလ် (Zathal) ကျေးရွာ စာသင်ကျောင်းကို စစ်ကောင်စီက ဗုံးကြဲခဲ့ပါတယ်။

တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့မြို့နယ်တွေမှာ ရွေးကောက်ပွဲလုပ်နိုင်ဖို့ကြိုးစားနေတဲ့စိတ်ကောင်စီက အရပ်သားပြည်သူတွေကိုဦးတည်ပြီး လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ချင်းကာကွယ်ရေးတပ်တွေက ထုတ်ပြန်ထားပါတယ်။

စာသင်ကျောင်းတွေကို အကန့်အသတ်မရှိ ပိတ်ထားဖို့နဲ့ လူစုလူဝေးနဲ့ပွဲလမ်းသဘင်တွေ အတတ်နိုင်ဆုံးရှောင်ကြဉ်ကြဖို့လည်း သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးကြီးပြီး ရေဘေးကြုံတွေ့နေတဲ့ မဘိမ်းမြို့ကို စစ်တပ်က လေကြောင်း ကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကိုသြဂုတ်လ ၅ ရက်ညပိုင်းမှာအာဏာသိမ်းစစ်တပ်ရဲ့လေတပ်ကဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးတစ်ဦးသေဆုံးပြီးလေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့၊ အမရပူရမြို့နယ်မှာ ပိုးထည်ဆိုင်ဖွင့်ပွဲပြီး ဇာတ်မင်းသား စမ်းရေမိုးတက်မယ်ဆိုပြီး စစ်ကိုင်း-မန္တလေးလမ်းကို စစ်တပ်က နာရီပိုင်းကြာအောင် ပိတ်ထားလိုက်တာကြောင့် ခရီးသွားပြည်သူတွေ ဒုက္ခရောက်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ပြည်သူတွေ ရေဘေးသင့်နေချိန်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ် အရှေ့ခြမ်း ကမ်းဖြူကျေးရွာက နေအိမ် ၁၀လုံး ထက်မနည်းပျက်စီးခဲ့ပြီး နွား၁၅ ကောင်ခန့် သေဆုံးခဲ့တယ်လို့ ‌ ဒေသခံတွေက ပြောပါတယ်။