Connect with us

Hi, what are you looking for?

သတင်း

KNUတပ်မဟာ(၄)နယ်မြေမှာ စစ်တပ် လက်နက်ကြီးကြောင့် ကလေးငယ်အပါအဝင် ၂ဦး ဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်၊ လယ်မူလား(ပုလော)မြိုနယ် မဇောကျေးရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ကလေးငယ် ၁ဦး အပါအဝင် ပြည်သူ ၂ဦး ဒဏ်ရာရကာ နေအိမ် ၁လုံး ပျက်စီးခဲ့ကြောင်း KNU မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်ပစ်ခတ်မှုကြောင့် လက်နက်ကြီးကျည်ကျရောက်တဲ့နေရာ။ ဓာတ်ပုံ - KNU-MTD

အောက်တိုဘာ-၂၅၊ ၂၀၂၅။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်၊ လယ်မူလား(ပုလော)မြိုနယ် မဇောကျေးရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ကလေးငယ် ၁ဦး အပါအဝင် ပြည်သူ ၂ဦး ဒဏ်ရာရကာ နေအိမ် ၁လုံး ပျက်စီးခဲ့ကြောင်း KNU မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာကရင်အမျိုးသားတပ်မတော်(KNLA) တပ်မဟာ(၄)နယ်မြေ မြိတ်-ထားဝယ်ခရိုင်က အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်း ၊ လက်နက်ကြီး တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတွေ မကြာခဏ ဖြစ်ပေါ်နေသလို အခြား KNU ခရိုင် တပ်မဟာတွေမှာလည်း လေကြောင်း၊ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုတွေ ဆက်တိုက်လုပ်ဆောင်နေကြောင်း KNUက အသိပေးထားပါတယ်။

KNU ဗဟိုက ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ထုတ်ပြန်ခဲ့တဲ့ စစ်ကောင်စီရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု သတင်းဖော်ပြချက်မှာ စစ်ကောင်စီက KNU တပ်မဟာ(၁) သထုံခရိုင်၊ တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင်၊ တပ်မဟာ(၃) ညောင်လေးပင်ခရိုင်အတွင်း လေကြောင်းတိုက်ခိုက်မှုတွေအကြောင်း ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

အောက်တိုဘာ ၁၈ရက်မှာ ကျိုက်ထို ကျိုက်ဖျာကျေးရွာကို စစ်ကောင်စီကလေယာဉ်နဲ့ ဗုံးသီး၁၀လုံး ကြဲချခဲ့လို့ ပြည်သူ ၁ဦး ဒဏ်ရာရကာ နေအိမ် ၇လုံး ပျက်စီးခဲ့သလို KNU တပ်မဟာ(၃) နယ်မြေ ညောင်လေးပင်ခရိုင် ရွှေကျင်မြို့နယ်မှာလည်း အောက်တိုဘာ ၈ရက်နေ့က တိုက်လေယာဥ် ဗုံးကြဲမှ ၁၂ကြိမ် ဗုံးသီး ၂၄လုံး ကြဲချခဲ့ ကြောင်း ထုတ်ပြန်ထားပါတယ်။

ရွှေကျင်မြို့နယ် ကွင်းဒလကြီး၊ ညောင်ပင်ကြီး၊ သက်ကယ်ကုန်း ရွာအနီးတဝိုက်ကို တိုက်လေယာဉ်နဲ့ ပေါင် ၅၀၀ဗုံး ၂၄လုံးကြဲချခဲ့လို့ အသက်(၁၈)နှစ်အရွယ် မိန်းကလေးငယ် ၁ဦး သေဆုံးကာ ၂ဦး ဒဏ်ရာရခဲ့တယ်လို့ အသိပေးပါတယ်။

ဒါ့အပြင်ညောင်ပင်ကြီးရွာဘုန်းကြီးကျောင်း၊မင်္ဂလာကုန်းရွာက ဘုန်းကြီး ကျောင်းနဲ့ သက်ကယ်ကုန်းရွာ စာသင်ကျောင်းတို့လည်း ပျက်စီးခဲ့ကြောင်း ဖော်ပြထားပါတယ်။

မကြာခင်ကလည်းစစ်ကောင်စီတပ်ဟာကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA) ထိန်းချုပ်နယ်မြေ လန်ဆယ်၊ ဝိုင်းမော်၊ ဖားကန့် စတဲ့ဒေသတွေကိုလည်း တနေ့အတွင်း နေရာ ၁၁နေရာကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။

ဒါ့အပြင် ရှမ်းမြောက်က တအာင်းတပ်မတော်(TNLA) ထိန်းချုပ် မြို့ရွာတွေကို လေကြောင်း တိုက်ခိုက်မှုတွေ နေ့စဉ် ပြုလုပ်နေတာပါ။

TNLA ထိန်းချုပ်လှုပ်ရှားနယ်မြေတွေကို အခုအောက်တိုဘာလအတွင်း လေကြောင်း တိုက်ခိုက်မှု အကြိမ် ၄၀ကျော် ပြုလုပ်ခဲ့လို့ ပြည်သူ ၅၀ဦး လောက်သေဆုံးခဲ့ပြီး ၆၀ ဦးကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ် အာဏာသိမ်းထားတဲ့ ငါးနှစ်ကျော်အတွင်း လူမှူကွန်ရက်ပေါ်မှာ ရေးသားတာ ၊ အွန်လိုင်းဆက်သွယ်ပြောဆိုတာတွေကြောင့် စစ်တပ်ရဲ့မတရားဖမ်းဆီးခံရသူ နှစ်ထောင်ကျော်ရှိတယ်လို့ Data For Myanmar-D4M အဖွဲ့ကအသိပေးထားပါတယ်။

သတင်း

လူစုလူဝေးမလုပ်ဖို့၊ အိမ်တိုင်း ကတုတ်ကျင်းတူးဖို့၊ အရေးကြီးကိစ္စမရှိရင် ခရီးမသွားဖို့၊ လေကြောင်းသတင်း အချင်းချင်း အချိန်မီ သတင်းပေးကြဖို့ သတိပေးထား

သတင်း

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်က မြစ်ကြီးနား- ရွှေဘိုလမ်းပိုင်းနဲ့ အနီးပတ်ဝန်းကျင်က ကျေးရွာတွေကို ဒီနေ့ နေ့လယ်ပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သား ၂ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

Facebook