Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်သားသစ်တဦး လက်နက်ယူလာပြီး CDFဟားခါးထံ အလင်းဝင်

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်က စစ်ကောင်စီတပ်သားသစ်တဦး လက်နက်နဲ့အတူ အလင်းဝင်လာကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါး ထောက်ပို့အဖွဲ့အချို့မှာ ဓာတ်ပုံနဲ့အတူ ဖော်ပြအသိပေးထားပါတယ်။

အောက်တိုဘာ-၂၅၊၂၀၂၅။ထားမြတ်/People’s Spring

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်က စစ်ကောင်စီတပ်သားသစ်တဦး လက်နက်နဲ့အတူ အလင်းဝင်လာကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါး ထောက်ပို့အဖွဲ့အချို့မှာ ဓာတ်ပုံနဲ့အတူ ဖော်ပြအသိပေးထားပါတယ်။

အသက် (၂၈)နှစ်အရွယ် တပ်သားဇွဲထက်အောင်ဟာ လက်နက် ၁လက်၊ ကျည်ဘောက် ၃ခုနဲ့အတူ အလင်းဝင်လာတာဖြစ်တယ်လို့ အသိပေးထားပြီး CDF တာဝန်ရှိသူက ဆုငွေ ပေးအပ်ခဲ့တာကိုလည်း တွေ့ရပါတယ်။

အဲဒီတပ်သားဟာ အောက်တိုဘာ ၂၄ရက်မှာ CDF ဟားခါးဆီကို အလင်းဝင်လာတာ ဖြစ်တယ်လို့ ချင်းသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဟားခါးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ရဲတွေ မကြာခဏ CDF ဆီကို အလင်းဝင်လာတာရှိပါတယ်။

CDF ဟားခါးနဲ့ ချင်းအမျိုးသားတပ်မတော် (CNA)တို့ဟာ ဟာခါးမြို့နယ်နဲ့ ဆက်စပ်နယ်မြေဒေသတွေမှာ စစ်ကောင်စီတပ်ကို အထိနာအောင် တိုက်ခိုက်နိုင်ခဲ့တဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့ဖြစ်ပါတယ်။ အောက်တိုဘာ ၁၆ရက်မနက်က ဟားခါးမြို့မရဲစခန်းကို CDF ဟားခါး ရဲဘော်တွေက ဝင်ရောက်စီးနင်းခဲ့ပါတယ်။

အဲဒီ စစ်ဆင်ရေးမှာ စစ်ကောင်စီတပ်က ၆ဦးသေဆုံးကာ တော်လှန်ရေးရဲဘော် ၅ဦး အပါအဝင် အကျဉ်းသား ၁၅ ဦး ကယ်ထုတ်နိုင်ခဲ့ကြောင်း CDF ဟားခါးက အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်မြို့တော်ဟားခါးမှာအာဏာသိမ်းစစ်တပ်ရဲ့တပ်သားတစ်ဦး သေနတ်တစ်လက်နဲ့ ခဲယမ်းအချို့ယူလာပြီး ချင်းဒေသကာကွယ်ရေးအဖွဲ့ (ဟားခါး )ထံပြီးခဲ့တဲ့ရက်ပိုင်း(ဇူလိုင်လ ၂၇ ရက်)မှာခိုလှုံလာတယ်လို့ CDF ဟားခါးထောက်ပို့အဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မော်လိုက်ခရိုင် တပ်ရင်း(၃)က အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ကောင်းမွန်စွာ ကျွေးမွေးထားကြောင်း ရုပ်သံမှတ်တမ်းဖော်ပြပြီး အလင်းဝင်သူနဲ့ စစ်သုံ့ပန်းကို ခွဲခြားထားရှိတာဖြစ်လို့ စစ်ကောင်စီတပ်သားတွေ အလင်းဝင်မလား စစ်သုံ့ပန်းအဖြစ်ခံမလား စဉ်းစားစေလိုတယ်လို့ သတိပေးခဲ့ပါတယ်။