Connect with us

Hi, what are you looking for?

သတင်း

ရွေးကောက်ပွဲထက် ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို စစ်ကောင်စီ ပိုအာရုံစိုက်ဖို့ ကုလအကြီးအကဲ တိုက်တွန်း

ရွေးကောက်ပွဲကျင်းပဖို့လုံးပန်းနေမယ့်အစားကျပ်တည်း ရုန်းကန်နေရတဲ့ ပြည်သူတွေအတွက် လူသားချင်း စာနာမှု အထောက်အပံ့တွေ တိုးမြှင့် ရရှိစေရေး ပိုမို အာရုံစိုက်ဖို့ အာဏာသိမ်း စစ်ကောင်စီကို ကုလသမဂ္ဂ အကြီးအကဲကတိုက်တွန်းလိုက်ပါတယ်။

​အောက်တိုဘာ-၂၈၊၂၀၂၅။People’s Spring

ရွေးကောက်ပွဲကျင်းပဖို့လုံးပန်းနေမယ့်အစားကျပ်တည်း ရုန်းကန်နေရတဲ့ ပြည်သူတွေအတွက် လူသားချင်း စာနာမှု အထောက်အပံ့တွေ တိုးမြှင့် ရရှိစေရေး ပိုမို အာရုံစိုက်ဖို့ အာဏာသိမ်း စစ်ကောင်စီကို ကုလသမဂ္ဂ အကြီးအကဲကတိုက်တွန်းလိုက်ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်ဇ်ဟာ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ) ထိပ်သီး ညီလာခံ တက်ရောက်ဖို့ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ဆီ ရောက်ရှိနေချိန် အတောအတွင်း အောက်တိုဘာ ၂၇ ရက်နေ့မှာ အခုလို တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

သူက မြန်မာစစ်ခေါင်းဆောင်ကအသည်းအသန် ကျင်းပချင်နေတဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှု ရှိလိမ့်မယ်လို့လည်း မယုံကြည်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။ အာဏာသိမ်း စစ်ကောင်စီဟာ ဒီဇင်ဘာလကုန်ပိုင်းမှာ ရွေးကောက်ပွဲ ကျင်းပဖို့ စိုင်းပြင်းနေပေမယ့် တစ်ဖက်မှာလည်း အရပ်သား ဧရိယာတွေကို ဗုံးကြဲ တိုက်ခိုက်မှုတွေ ဆက်ပြီး အရှိန်မြှင့်နေပါတယ်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းမှု နောက်ဆက်တွဲ စစ်ရေးပဋိပက္ခတွေနဲ့ စစ်ကောင်စီရဲ့ အကြမ်းဖက် လုပ်ရပ်တွေကြောင့် သေဆုံးသူ ထောင်ပေါင်းများစွာ ရှိလာသလို မြန်မာပြည်သူ ၃.၅ သန်းကျော်ဟာလည်း နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

ဂူတာရက်စ်ကတော့ စစ်ကောင်စီ အာရုံစိုက်သင့်တဲ့ ကိစ္စဟာ ရွေးကောက်ပွဲ မဟုတ်ဘဲ ၄ နှစ်ကျော် ကြာမြင့်လာခဲ့ပြီးဖြစ်တဲ့ ပြည်တွင်းစစ်ကို ရပ်တန့်ဖို့လို့ ပြောကြားခဲ့ပါတယ်။ နောက်ပြီး စစ်ကောင်စီ အရမ်းကျင်းပချင်နေတဲ့ ရွေးကောက်ပွဲက မြန်မာပြည်သူတွေ ကြုံနေတဲ့ အကျပ်အတည်းတွေကို ဖြေရှင်းပေးနိုင်မယ်လို့ ဘယ်သူကမှ ယုံကြည်လိမ့်မယ်လို့သူမထင်ကြောင်းဂူတာရက်စ်ကဆိုပါတယ်။

နိုင်ငံတကာ အကဲခတ်တွေကတော့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ရွေးကောက်ပွဲကို နိုင်ငံရေး ထွက်ပေါက်အဖြစ် ရှုမြင်နေသလို ပြည်တွင်းစစ်ကြောင့် ဖရိုဖရဲ ဖြစ်သွားတဲ့ အခြေအနေတွေကို ရွေးကောက်ပွဲက ပြန်လည် ကုစားပေးနိုင်မယ်လို့စိတ်ကူးယဉ်နေဟန်ရှိကြောင်း ပြောပါတယ်။

အထူးသဖြင့် မင်းအောင်လှိုင်ဟာ သူ့စိတ်တိုင်းကျ ခြယ်လှယ် ကြီးစိုးထားတဲ့ ရွေးကောက်ပွဲအပြီး ထွက်ပေါ်လာတဲ့ အစိုးရဟာ နိုင်ငံတကာ အသိုက်အဝန်းဆီက အတိုင်းအတာ တစ်ခုထိ တရားဝင် အသိအမှတ် ပြုမှုမျိုး ရရှိလာမယ်လို့ မျှော်လင့်နေပြီး အဲဒီ အစိုးရမှာလည်း စစ်တပ် အရာရှိတွေနဲ့ လက်ဝေခံတွေပဲ အနိုင်ရဖို့ ကျိန်းသေနေပါတယ်။

ကိုးကား-SCMP

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

နိုင်ငံတကာ

၂၀၂၀ အမေရိကန် ရွေးကောက်ပွဲ ရလဒ်တွေကို တရုတ်က နောက်ကွယ်ကနေ စွက်ဖက် ခြယ်လှယ်ခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ စွပ်စွဲမှုကို တရုတ်ဖက်က ပယ်ချခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။