Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံထောင်မှာ နိုင်ငံရေးအကျဉ်းသားတစ်ဦးကျဆုံး

မြင်းခြံအကျဉ်းထောင်မှာနှစ်ရှည်ထောင်ချခံထားရတဲ့နိုင်ငံရေးအကျဉ်း သားလူငယ်အမျိုးသားလုံလောက်တဲ့ဆေးဝါးကုသမှုမရလို့ အောက်တို ဘာလ ၁၈ ရက်မှာ သေဆုံးသွားတယ်ဆိုတာကို မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် ( PPNM ) ထံက သိရပါတယ််။

မြင်းခြံထောင်ကိုတွေ့ရပုံ ( ဓာတ်ပုံ -စစ်ကောင်စီပြန်ကြားရေး)

အောက်တိုဘာ – ၂၈ ၊၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring

မြင်းခြံအကျဉ်းထောင်မှာနှစ်ရှည်ထောင်ချခံထားရတဲ့နိုင်ငံရေးအကျဉ်း သားလူငယ်အမျိုးသားလုံလောက်တဲ့ဆေးဝါးကုသမှုမရလို့ အောက်တို ဘာလ ၁၈ ရက်မှာ သေဆုံးသွားတယ်ဆိုတာကို မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် ( PPNM ) ထံက သိရပါတယ််။

မန္တလေးတိုင်းထဲမှာ ရှိတဲ့ မြင်းခြံထောင်မှာ ထောင်ဒဏ် ၁၅ နှစ်ကျခံနေရတဲ့ အသက် ၂၉ နှစ်အရွယ် ကိုချမ်းမင်းဟိန်း ဆုံးပါးသွားတာပါ။ သူဟာ အသည်း နဲ့ ပတ်သက်တဲ့ ရောဂါဝေဒနာကြောင့်ဆုံးပါးသွားတာလို့ သိရပါတယ်။

“ ကျန်းမာရေးစောင့်ရှောက်မှုက ငွေကြေးပေးနိုင်မှုအပေါ်မူတည်နေရင် အကျဉ်းသားသေဆုံးမှုက ပိုပိုတိုးလာနိုင်တယ် ၊ ကျန်းမာရေးစောင့်ရှောက်မှုဆိုတာ ခွဲခြားမှုမရှိဘဲ အကျဉ်းသားအားလုံးအပါ်မှာပေးရမယ်အခွင့်အရေးပါ “ လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် ရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ကိုချမ်းမင်းဟိန်းကို ဆူပူအောင်လှုံ့ဆော် ၊ ဆက်သွယ်ရေးပုဒ်မ၊ ဖောက်ခွဲ နဲ့ လက်နက်မှု ပုဒ်မတွေနဲ့ ထောင်ဒဏ် ၁၅ နှစ်ခွဲ ချထားတာလို့ သိရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတဝှမ်းရှိ အကျဉ်းထောင်တွေမှာ ဖမ်းဆီးထောင်ချခံထားရဲ့ နိုင်ငံရေးအကျဉ်းသူ ၊အကျဉ်သားတွေ ဟာ လုံလောက်တဲ့ ဆေးဝါးကုခွင့်မရတဲ့အတွက်ဆုံးပါးရတာတွေရှိနေတယ်လို့ PPNM က မှတ်ချက်ပြုထားပါတယ်။

အခုနှစ်အတွင်းမှာတင် ထောင်တွင်း လုံလောက်တဲ့ ဆေးဝါးကုသခွင့်မရတာနဲ့ ထောင်ပြင်ပ ဆေးရုံမှာ အချိန်မီ ကုသခွင့်မရလို့ သေဆုံးရတဲ့ နိုင်ငံရေးအကျဉ်းသား ၂၈ ဦးထိရှိနေတယ်လို့ PPNM ရဲ့စာရင်းတွေအရသိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

သတင်း

မန္တလေးမြို့က ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဒိန်းဒေါင်(ခ)ဦးစိုးမိုးနိုင်ဟာ ဒီကနေ့မနက်မှာမြင်းခြံအကျဉ်းထောင်မှာ ကွယ်လွန်သွားတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ပြောပါတယ်။

သတင်း

အကျဉ်းထောင် ၁၃ခုမှာ ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုဝင်တွေဆီကနေ ငွေကြေး မတရားခေါင်းပုံဖြတ်တာနဲ့ ဆေးဝါးပေးပို့မှု ပိတ်ပင်ကန့်သတ်တာတွေ ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်လုပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီကနေ့ စက်တင်ဘာ ၁၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

သြစ​တြေးလျနဲ့ တောင်ကိုရီးယားနိုင်ငံမှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးရေးနဲ့ ရေဘေးသင့်ပြည်သူတွေအတွက် ရေဘေးရန်ပုံငွေစျေးရောင်းပွဲတို့ကို ဒီက​နေ့ (သြဂုတ် ၃၀) ပြုလုပ်ခဲ့ပါတယ်။