Connect with us

Hi, what are you looking for?

သတင်း

မင်းတုန်းမြို့နယ်မှာ စစ်အုပ်စုယာဥ်တန်း တိုက်ခိုက်ခံရ

မကွေးတိုင်း၊ မင်းတုန်းမြို့နယ် ပုသိမ်-မုံရွာလမ်းပိုင်းမှာ စစ်အုပ်စုယာဥ်တန်းကို တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိတယ်လို့ သရက်ခရိုင် အမှတ်(၄)တပ်ရင်း တာဝန်ရှိသူက ပြောပါတယ်။

မကွေးတိုင်း၊ မင်းတုန်းမြို့နယ် ပုသိမ်-မုံရွာလမ်းပိုင်းမှာ စစ်အုပ်စုယာဥ်တန်းကို တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိတယ်လို့ သရက်ခရိုင် အမှတ်(၄)တပ်ရင်း တာဝန်ရှိသူက ပြောပါတယ်။

အောက်တိုဘာ-၂၈၊၂၀၂၅။မိုမို/People’s Spring

မကွေးတိုင်း၊ မင်းတုန်းမြို့နယ် ပုသိမ်-မုံရွာလမ်းပိုင်းမှာ စစ်အုပ်စုယာဥ်တန်းကို တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိတယ်လို့ သရက်ခရိုင် အမှတ်(၄)တပ်ရင်း တာဝန်ရှိသူက ပြောပါတယ်။

ဒီကနေ့(အောက်တိုဘာ ၂၈ ရက်) နေ့လည် ၁နာရီဝန်းကျင်က မင်းတုန်းမြို့နယ်၊ မဲဇလီကျေးရွာနဲ့ဝန်တွင်းကျေးရွာကြားမှာ ကားလေးစီးပါတဲ့ စစ်အုပ်စုယာဥ်တန်းကို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“သတင်းအရ ကြိုတင်ကင်းပုန်းဝပ်နေတာ ရှိတယ်။အဲဒီမှာ တိုင်းအဆင့်ရဲမှူးအပါ ကားလေးစီးက ဖြတ် သန်းလာတဲ့အခါ အသင့်စောင့်ဆိုင်းပြီး မိုင်းဆွဲတယ်။ပစ်ခတ်တဲ့အခါ ဖိုးဝှီီးကားတစ်စီးထိမှန်တယ်။အထိအခိုက်များစွာနဲ့ မောင်းပြေးတယ်။အဲဒါကို ကျွန်တော်တို့ လိုက်ရှင်းတဲ့အခါ ခဲ ယမ်းအချို့ရတယ်။ကျန်တဲ့ကားကို မီးရှို့ဖျက်ဆီးခဲ့တယ်”လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုမှာ စစ်အုပ်စုဘက်က မျက်မြင်လေးဦးဝန်းကျင် ထိခိုက်သေဆုံးနိုင်ပြီး ၎င်းတို့ထံကနေ ကျည်တွေနဲ့ စစ်အသုံးအဆောင်ပစ္စည်းတချို့၊ ကျပ်သုံးသိန်း သိမ်းဆည်းရရှိတယ်လို့ အသိပေးပါတယ်။

တိုက်ခိုက်မူအပြီးနောက်ပိုင်းမှာ မင်းတုန်းမြို့အဝင် ၊ (၅)မိုင်စစ်ဆေးရေးဂိတ်ကနေ လက်နက်ကြီးနဲ့ရမ်းသမ်းပစ်ခတ်မှုတွေရှိခဲ့တယ်လို့ သိရပါတယ်။

ဒေသခံပြည်သူတွေနဲ့ ခရီးသွားပြည်သူတွေ အနေနဲ့ ဂရုစိုက်နေထိုင်သွားလာကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက တိုက်တွန်းပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မင်းတုန်းမြို့မှာ ဆပ်ကြေးကောက်ဖို့လာတဲ့ စစ်ကောင်စီရဲတွေတိုက်ခိုက်ခံရပြီး နှစ်ဦး သေခဲ့ပါတယ်။ လက်နက်နှစ်လက်ပါ ရရှိတယ်လို့ သရက်ခရိုင် အမှတ်(၄)တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

သရက်ခရိုင်အနေနဲ့ စစ်ရေးအရ ပြင်းထန်မှုမရှိသေးသော်လည်း စစ်ကောင်စီရွေးကောက်ပွဲကို ဆန့်ကျင်ပြီး စစ်ရေးလှုပ်ရှားတဲ့နယ်မြေတွေမှာ တိုက်ခိုက်မှုအရှိန်မြှင့်တင်မယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့နယ်၊ နန်းမယ်ခုံမြို့အနီးကို စစ်တပ်က ဒရုန်းနဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေပြီး အရပ်သားတချို့ထိခိုက်သေဆုံးမှုရှိတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း

စစ်ရေးပစ်မှတ်မဟုတ်တဲ့ အပြစ်မဲ့အရပ်သားပြည်သူ‌တွေရှိရာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေလို့ ထိခိုက်သေဆုံးမှုတွေ ပိုမိုများပြားလာတယ်လို့ အာရက္ခတပ်တော်(AA)က ဒီနေ့ စက်တင်ဘာ ၁၄ရက်မှာ သတင်းထုတ်ပြန်ပါတယ်။