Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ ဖြိုလက်စတိုက်ပြိုကျလို့ ကလေးငယ်တစ်ဦးဒဏ်ရာရ

မန္တလေးမြို့ ၊ချမ်းအေးသာစံ မြို့နယ် မှာ ငလျင်ဒဏ်သင့် တိုက်ကို ဖြိုချရာမှာ ဒီနေ့ မနက် (အောက်တိုဘာလ ၃၀ရက် ) ၉ နာရီဝန်းကျင်မှာ ပြိုကျမှုဖြစ်ပြီး ကလေးငယ်တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့ထံကနေ သိရပါတယ်။

ဓာတ်ပုံ - မဏီစလ လူမှု/နာမှု ကူညီရေးအသင်း

အောက်တိုဘာ – ၃၀ ၊ ၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring

မန္တလေးမြို့ ၊ချမ်းအေးသာစံ မြို့နယ် မှာ ငလျင်ဒဏ်သင့် တိုက်ကို ဖြိုချရာမှာ ဒီနေ့ မနက် (အောက်တိုဘာလ ၃၀ရက် ) ၉ နာရီဝန်းကျင်မှာ ပြိုကျမှုဖြစ်ပြီး ကလေးငယ်တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့ထံကနေ သိရပါတယ်။

ချမ်းအေးသာစံ မြို့နယ် ၈၄ လမ်း၊၃၁လမ်းနဲ့၃၂လမ်း ကြားရှိ ဖြိုလက်စတိုက်ပြိုကျရာမှာ ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရတာပါ။

“ကလေးက အောက်မှာ မုန့်စားနေတာ၊ အလုပ်သမားမိဘနဲ့အတူပါလာတဲ့ကလေးပါ”လို့ ကူညီကယ်ဆယ်ရေးမှာပါဝင်သူတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ကလေးငယ်ကမူလတန်းအရွယ် မိန်းကလေးဖြစ်ပြီး ညာလက်နဲ့ ဒူးခေါင်းဒဏ်ရာရရှိပြီး မန္တလေးဆေးရုံကြီးဆီပို့ဆောင်လိုက်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ် အောက်တိုဘာ ၂၁ရက်ကလည်း ချမ်းအေးသာစံမြို့နယ်ထဲမှာပဲ အောင်နန်းရိပ်သာအနောက်ရပ်ကွက်မှာ ဖြိုလက်စတိုက်က ဘေးအိမ်ပေါ် ပြိုကျလို့ အမျိုးသားနှစ်ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ ဆိုင်ကယ်စီးနင်းလာသူ အမျိုးသားတစ်ဦး အုပ်စုဖွဲ့ ဆိုင်ကယ်လုယက် ခံလိုက်ရပါတယ်။

သတင်း

မန္တလေးမြို့မှာ စုံ/မစနစ်နဲ့ မော်တော်ယာဥ်တွေ ပြန်လည်ဖမ်းဆီးလာပြီး ယာဥ်အများအပြား ဖမ်း​ဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ စစ်ကောင်စီတပ်က လုံခြုံရေးအကြောင်းပြ ပိတ်ထားတဲ့လမ်းတွေကို ပြန်ဖွင့်ပေမယ့် တရုတ် ကောင်စစ်ဝန်ရုံး ရှေ့ကလမ်းကိုတော့ ဆက်လက်ပိတ်ဆို့ထားကြောင်း ဒေသခံ တွေကပြောပါတယ်။