Connect with us

Hi, what are you looking for?

သတင်း

ရေစကြိုမြို့နယ်က ပေါ်တော်မူသာသနာ့နယ်မြေကို စစ်တပ်က ဗုံးကြဲ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်က မအူပေါ်တော်မူသာသနာ့နယ်မြေကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အဆောက်အဦးတချို့ ပျက်စီးသွားခဲ့ပါတယ်။

ပေါ်တော်မူသာသနာ့နယ်မြေကို အာဏာသိမ်းကာလမတိုင်မီ ၂၀၂၀ ပြည့်နှစ်က တွေ့ရစဥ်

အောက်တိုဘာ-၃၀၊ ၂၀၂၅။ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ ရေစကြိုမြို့နယ်က မအူပေါ်တော်မူသာသနာ့နယ်မြေကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အဆောက်အဦးတချို့ ပျက်စီးသွားခဲ့ပါတယ်။

အောက်တိုဘာ၂၈ ရက်၊ညနေ ၄နာရီခွဲခန့်ကရေစကြိုမြို့နယ်၊ အနောက် မြောက်ပိုင်းက မအူကျေးရွာအနီးမှာရှိတဲ့ ပေါ်တော်မူသာသနာ့နယ်မြေအတွင်းကို အကြောင်းမဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သာသနိကအဆောက်အဦးအချို့ထိမှန်ပျက်စီးခဲ့ကြောင်း ရေစကြို သတင်းအချက်အလက် ကော်မတီက အသိပေးပါတယ်။

“ဘုရားကျောင်းဆောင်တွေတော့ ပျက်စီးတာရှိတယ်။ လူသေဆုံးတာတော့မရှိဘူး”လို့ ဒေသခံတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ထိခိုက်တဲ့အဆောက်အဦးတွေရဲ့ အသေးစိတ်ပျက်စီးမှုအခြေအနေကိုတော့ မသိရသေးပါဘူး။

စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ သာသနာ့နယ်မြေကို အကြောင်းမဲ့ ဗုံးကြဲခဲ့တာဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ အာဏာသိမ်းပြီးကာလတလျှောက် တော်လှန်ရေးအားကောင်းတဲ့ဒေသတွေမှာရှိတဲ့ ဗုဒ္ဓဘာသာတွေရဲ့ ဘုရားစေတီပုထိုးများ၊ ဘုန်းကြီးကျောင်းများအပြင် ခရစ်ယာန်ဘာသာဝင်တွေရဲ့ဘုရားကျောင်းတွေကိုပါ လေကြောင်းတိုက်ခိုက်မှုတွေ မကြာခဏ ပြုလုပ်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

လူထု​ခေါင်း​ဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာ အာဏာသိမ်းစစ်တပ်က ရန်ကုန်မြို့ကို လုံခြုံရေးတင်းကြပ်စွာချထားတယ်လို့ ဒေသခံတွေပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မလှိုင်မြို့မှာ အာဏာသိမ်းစစ်တပ်က လုပ်ငန်းရှင်တွေနဲ့ ပြည်သူတွေထံက စားနပ်ရိက္ခာတွေ ခြိမ်းခြောက်တောင်းယူနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့မှာ ကင်းပတ်ထွက်လာတဲ့ စစ်တပ် တိုက်ခံရပြီး သေဆုံးထိခိုက်မှုတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြို(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ဦး သေဆုံးပြီးသူ့ရဲ့ ဇနီးဖြစ်သူ ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) သတင်းရင်းမြစ်က ပြောပါတယ်။