Connect with us

Hi, what are you looking for?

သတင်း

လက်ပန်လှရွာကို စစ်တပ် ဗုံးကြဲလို့ ကလေးတစ်ဦးအပါအဝင် အရပ်သား နှစ်ဦး သေဆုံး

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်က လက်ပန်လှကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ်နဲ့ အမျိုးသမီး တစ်ဦး တို့ သေဆုံးပြီး သုံးဦး ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စဉ့်ကူးမြို့နယ်က လက်ပန်လှကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ - CJ

အောက်တိုဘာ-၃၀၊၂၀၂၅၊ရှိန်း/ People’s Spring

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်က လက်ပန်လှကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ်နဲ့ အမျိုးသမီး တစ်ဦး တို့ သေဆုံးပြီး သုံးဦး ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့ (အောက်တိုဘာ ၃၀ ရက်)နေ့လယ် ၁၂ နာရီ ၇ မိနစ်ကနေ ၁၂ နာရီ ၁၅ မိနစ် အတွင်း မိတ္ထီလာ၊ရှမ်းတဲ လေတပ် ‌‌‌က တက်လာတဲ့ ဂျက်တိုက်လေယာဉ် နဲ့ လေးကြိမ်ဆက်တိုက်လေကြောင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

လေကြောင်းတိုက်ခိုက်မှုမှာ လက်ပန်လှကျေးရွာက လူနေအိမ်ပေါ်ကျပြီး ၁၃ နှစ်အရွယ် မိန်းကလေး သေဆုံးကာ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးနှစ်ဦးတို့ ထိခိုက်ဒဏ်ရာတွေရခဲ့တာလို့ သိရပါတယ်။ ဒဏ်ရာရသွားသူတွေထဲက အမျိုးသမီးတစ်ဦး ထပ်မံ ဆုံးပါးခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

ဒါအပြင် နေအိမ်အဆောက်အဦး သုံးလုံးထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်က လက်ပန်လှရွာကို မကြာခဏ လေကြောင်းက နေဗုံးကြဲနေပြီး ပြည်သူထိခိုက်သေဆုံးမှု အများအပြားရှိခဲ့ပါတယ်။

မနေ့ကလည်း စဉ့်ကူးမြို့ရဲ့ အနောက်ဘက်က ဧရာဝတီမြစ်ကူးတံတား ကျိုးကျခဲ့ပြီး စစ်တပ်က တစ် နေ့လုံး လေယာဉ်တွေနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ် အာဏာသိမ်းထားတဲ့ ငါးနှစ်ကျော်အတွင်း လူမှူကွန်ရက်ပေါ်မှာ ရေးသားတာ ၊ အွန်လိုင်းဆက်သွယ်ပြောဆိုတာတွေကြောင့် စစ်တပ်ရဲ့မတရားဖမ်းဆီးခံရသူ နှစ်ထောင်ကျော်ရှိတယ်လို့ Data For Myanmar-D4M အဖွဲ့ကအသိပေးထားပါတယ်။

သတင်း

လူစုလူဝေးမလုပ်ဖို့၊ အိမ်တိုင်း ကတုတ်ကျင်းတူးဖို့၊ အရေးကြီးကိစ္စမရှိရင် ခရီးမသွားဖို့၊ လေကြောင်းသတင်း အချင်းချင်း အချိန်မီ သတင်းပေးကြဖို့ သတိပေးထား

သတင်း

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်က မြစ်ကြီးနား- ရွှေဘိုလမ်းပိုင်းနဲ့ အနီးပတ်ဝန်းကျင်က ကျေးရွာတွေကို ဒီနေ့ နေ့လယ်ပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သား ၂ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

Facebook