Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ရွေးကောက်ပွဲဟာ လူထုကို စစ်ဖိနပ်အောက်က ရုန်းထွက်မရအောင်ဆင်ထားတဲ့ထောင်ချောက်ဖြစ်ဟု KNUပြော

အာဏာသိမ်းစစ်ကောင်စီကြိုးပမ်းနေတဲ့ ရွေးကောက်ပွဲဟာ ပြည်သူလူထုကို စစ်ဖိနပ်အောက်က ရုန်းထွက်မရအောင် ဆင်ထားတဲ့ ထောင်ချောက်ဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) ကိုယ်စားလှယ် စောဆာလားမူက သတိပေး ပြောကြားလိုက်ပါတယ်။

ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများ သပိတ်စစ်ကြောင်းက “အဓမ္မရွေးကောက်ပွဲကို ဆန့်ကျင်ကြ” စာတန်း ကိုင်ဆောင်ကာ ချီတက် ဆန္ဒပြနေစဉ်။ ဓာတ်ပုံ - AungKhantZaw

နိုဝင်ဘာ-၂၅၊၂၀၂၅။ပုရစ်/People’s Spring

အာဏာသိမ်းစစ်ကောင်စီကြိုးပမ်းနေတဲ့ ရွေးကောက်ပွဲဟာ ပြည်သူလူထုကို စစ်ဖိနပ်အောက်က ရုန်းထွက်မရအောင် ဆင်ထားတဲ့ ထောင်ချောက်ဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) ကိုယ်စားလှယ် စောဆာလားမူက သတိပေး ပြောကြားလိုက်ပါတယ်။

သံလွင်ကမ်ပိန်းကလုပ်တဲ့ အတုအယောင် ရွေးကောက်ပွဲအပေါ် လူထုရဲ့တုံ့ပြန်မှု အခြေအနေစကား၀ိုင်း ဆွေးနွေးပွဲမှာ စောဆာလားမူက အခုလို ပြောကြားခဲ့တာပါ။

စစ်တပ်ကျင်းပမယ့် ရွေးကောက်ပွဲဟာ ပြည်သူလူထု သဘောထားနဲ့ ကိုက်ညီမှုမရှိ ပြည်သူ့ဆန္ဒမပါတဲ့ ရွေးကောက်ပွဲဖြစ်လို့ နှစ်ပေါင်း ၇၀ ကျော်ကြာ ကာလအတွင်း ပြည်သူတွေ တောင့်တနေတဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်ရောက်နိုင်ဖို့ မဖြစ်နိုင်ဟု စောဆာလားမူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

” လွတ်လပ်မှုနဲ့ တရားမျှတမှု မရှိတဲ့အပြင် ဒီလုပ်ရပ်တွေက ပြည်သူလူထုတွေအတွက် တကယ့် ရည်ရွယ်ချက်ရှိရှိနဲ့ စစ်တပ်ရဲ့ စစ်ဖိနပ်အောက်ကနေ ရုန်းထွက်လို့မရအောင် ဆင်ထားတဲ့ ထောင်ချောက်ကြီးဖြစ်တဲ့အတွက်ကြောင့် ဆိုတော့ ကျနော့်အနေနဲ့ကတော့ ပြည်သူလူထုတွေလိုလားတောင့်တတဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်နိုင်လိမ့်မယ်မထင်ဘူးဆိုတဲ့ သုံးသပ်ချက်ဖြစ်တယ်”လို့ စောဆာလားမူက ပြောပါတယ်။

ဒါ့အပြင် စစ်တပ်ရွေးကောက်ပွဲဟာ စစ်မှန်တဲ့ နိုင်ငံရေးဖြေရှင်းချက်မဟုတ်ဘူးလို့လည်း သူက ပြောပါတယ်။

အာဏာသိမ်းတဲ့ ဖြစ်စဉ်တွေကြည့်ရင် နိုင်ငံရေးနဲ့ပတ်သက်တဲ့ ဖြေရှင်းချက်မတွေ့ရဘဲ စစ်တပ်သက်ဆိုးရှည်ဖို့ ၊ အာဏာကြိးထွားလာနိုင်ဖို့နဲ့ စစ်တပ်အင်ပါယာတည်ဆောက်နိုင်ဖို့ သာလုပ်ဆောင်တာ တွေ့ရကြောင်း ပြောပါတယ်။

အကယ်၍ ရွေးကောက်ပွဲဖြစ်မြောက်ပြီးပါက အင်အားနည်းတဲ့ လူမျိုးစုတော်လှန်ရေးအင်အားစုတွေကို စည်းရုံးပြီး လက်နက်နဲ့ ငြိမ်းချမ်းရေး အပါအဝင် ပြည်သူတွေကို အမျိုးမျိုးနဲ့ လှည့်ဖြားတာတွေ စစ်တပ်ဘက်က ပြုလုပ်မှာ ဖြစ်သလို တကယ်လို့လှည့်ဖျားမရရင်လည်း စစ်ရေးအရ ထိုးစစ်ဆင်တာတွေ လုပ်ဆောင်မှာ ဖြစ်ကြောင်း စောဆာလားမူက ပြောပါတယ်။

KNUကလည်း စစ်တပ်ရွေးကောက်ပွဲ ဆန့်ကျင်ရေး နှိုးဆော်ချက်တွေ ပြုလုပ်ခဲ့ရာ နိုဝင်ဘာ ၂၄ ရက်နှိုးဆော်ချက်မှာ “အကြမ်းဖက်လူသတ်စစ်ဖိနိပ်အောက်တွင် တရားမျှတသော ရွေးကောက်ပွဲ လုံး၀ မရှိနိုင်ပါ” လို့ သတိပေးထားပါတယ်။

ဒါကြောင့် စစ်တပ်လုပ်မယ့်အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့၊ စစ်အာဏာရှင် စနစ်နဲ့ မည်သည့် အာဏာရှင်စနစ်မဆို ချုပ်ငြိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ဖို့ KNU က တိုက်တွန်းနှိုးဆော်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးအင်အားသုံးပြီးအတင်းအကျပ်ဖန်တီးထားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်လာမှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာကရင်အမျိုးသားအစည်းအရုံး( KNU) တရားရေးဌာနရဲ့ ဌာနကြီးမှုး ပဒိုနော်လွဲထူးစေးက ပြောလိုက်ပါတယ်။

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

Facebook