Connect with us

Hi, what are you looking for?

သတင်း

ရွေးကောက်ပွဲ ပြီးသွားရင်လည်း အာဆီယံနဲ့မြန်မာ ပြန်ထိတွေ့ ဆက်ဆံဖို့ ခက်လိမ့်မယ်လို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးပြော

ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ တိုက်တွန်း

ထိုင်းနိုင်ငံခြား​ရေးဝန်ကြီး ဆီဟာဆက်ခ် ဖူအန်းကက်ကောင်။ဓါတ်ပုံ- Reuters

နိုဝင်ဘာ-၂၆၊၂၀၂၅။People’s Spring

အာဏာသိမ်း စစ်တပ်က ဦးဆောင်ပြီး ပြုလုပ်မယ့် ရွေးကောက်ပွဲ ပြီးဆုံးသွားရင်တောင်မှ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ) အနေနဲ့ မြန်မာနဲ့ ပြန်လည် ထိတွေ့ ဆက်ဆံမှုတွေ စတင်ဖို့ ခက်ခဲလိမ့်မယ်လို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက မှတ်ချက်ပေးခဲ့ပါတယ်။

ဝန်ကြီး ဆီဟာဆက်ခ် ဖူအန်းကက်ကောင်က ရွေးကောက်ပွဲအလွန် အာဆီယံ-မြန်မာဆက်ဆံရေးနဲ့ ပတ်သက်လို့ သူ့အမြင်ကို နိုဝင်ဘာ ၂၅ ရက် ညနေပိုင်းတုန်းက ထုတ်ပြောခဲ့တာဖြစ်ပြီး ဖမ်းဆီး အကျဉ်းချ ခံထားရသူ မြန်မာအစိုးရ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်ရေးအတွက်လည်း တောင်းဆိုခဲ့ပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ရွေးကောက်ပွဲကို အပိုင်းတွေခွဲပြီး ကျင်းပမယ်လို့ ကြေညာထားပြီး အပိုင်း ၁ မဲပေးမှုတွေကိုတော့ ဒီဇင်ဘာ ၂၈ ရက်နေ့မှာ လျာထားပါတယ်။ တစ်ဖက်မှာတော့ အာဏာသိမ်း စစ်တပ်ကို အစိုးရအဖြစ် လက်ခံ အသိအမှတ်ပြုဖို့ ပြည်သူတွေက ဖီဆန်နေကြဆဲ ဖြစ်သလို စစ်တပ်က ဦးစီးမယ့် ရွေးကောက်ပွဲဟာ စစ်မှန်မှု၊ တရားမျှတမှု မရှိနိုင်ကြောင်း လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး အင်အားစုတွေက ဝေဖန်ထားပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိ အခြေအနေကို ကြည့်မယ်ဆိုရင် မြန်မာဟာ တကယ်တမ်းလိုအပ်နေတဲ့အစုအဖွဲ့ပေါင်းစုံ ပါဝင်တဲ့နိုင်ငံရေးဆွေးနွေးမှုတွေကိုလုပ်ဆောင်မယ့်အစား ရွေးကောက်ပွဲကိုပဲ စီစဉ်ခဲ့ကြောင်း၊ ဒီအခြေအနေမျိုးမှာ အာဆီယံဟာ မြန်မာနဲ့ ပြန်လည် ထိတွေ့ ဆက်ဆံမှုတွေ စတင်ဖို့ ခက်ခဲမှာ သေချာကြောင်း ဆီဟာဆက်ခ်က ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ မတိုင်ခင် ထိရောက်တဲ့ နိုင်ငံရေးဆွေးနွေးမှုတွေအရင်စတင်သင့်တယ်ဆိုတဲ့ သဘောထားနဲ့ ပတ်သက်လို့ အာဆီယံက ဆက်ပြီး ညီညီညွတ်ညွတ် လက်ခံထားမယ်လို့ မျှော်လင့်ကြောင်း သူက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ကျင်းပတဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး ယုံကြည်ရတဲ့ အခြေအနေ ဖြစ်စေချင်ကြောင်း၊ ဒါပေမဲ့ လက်ရှိမှာတော့ ဒါမျိုးမဟုတ်မှန်း သူတို့အနေနဲ့ သိထားပြီးသားဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက ဆိုပါတယ်။ လက်ရှိ အခြေအနေတွေအရ ထိုင်းရဲ့ ရပ်တည်မှုဟာ ရွေးကောက်ပွဲကို အသိအမှတ်ပြုမယ့် သဘောထားမျိုး မဖြစ်နိုင်လောက်ဘူးလို့လည်း ဆီဟာဆက်ခ်က ပြောကြားသွားပါတယ်။

ဒါပေမဲ့ လက်ရှိ ရွေးကောက်ပွဲကပြီးပြည့်စုံမှု မရှိဘူး ဆိုရင်တောင်မှ နောက်ထပ်ကြုံလာမယ့် မဲပေးမှုတွေအတွက် အခြေခံ အုတ်မြစ်ကောင်း ဖြစ်လာနိုင်တာမျိုးကိုတော့ မျှော်လင့်တယ်လို့ ဆီဟာဆက်ခ်က ဆိုပါတယ်။

သူက၂၀၁၀ရွေးကောက်ပွဲဟာလည်းပြီးပြည့်စုံတာမျိုး မဟုတ်ခဲ့ပေမယ့် အဲဒီနောက် ကျင်းပတဲ့ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီက အနိုင်ရခဲ့တာကို ဥပမာ အနေနဲ့ ထောက်ပြခဲ့ပါတယ်။

ဝန်ကြီးက လက်ရှိမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ အချိန်အခါ သင့်နေပြီလို့လည်း ဆက်ပြောပါတယ်။တစ်ခါတလေပြောသင့်ပြောထိုက်တာကိုဘာမှငဲ့မနေဘဲပြောကြရမှာဖြစ်တယ်လို့ ဆီဟာဆက်ခ်က ဆိုပါတယ်။ သူကဒေါ်အောင်ဆန်းစုကြည်ဟာ ချုပ်နှောင်ခံထားရတာ အရမ်းကြာနေပြီဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်က အသက်လည်း ရနေပြီဖြစ်ပြီး သူ့ရဲ့ ကျန်းမာရေး အခြေအနေကိုလည်း တိတိကျကျ ဘာမှ မသိရကြောင်း၊ ဒီတော့ သူ့ကို ပြန်လွှတ်ပေးဖို့ ဆိုတာက အရင်ဆုံး ဒါမှမဟုတ် ချက်ချင်းလုပ်သင့်တဲ့ ကိစ္စဖြစ်ကြောင်း ဆီဟာဆက်ခ်က ပြောကြားသွားပါတယ်။

ကိုးကား- Reuters၊ AFP

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင် တရုတ်နိုင်ငံကိုရောက်ရှိနေစဉ်မှာ မူဆယ်နဲ့ နမ့်ခမ်းမြို့နယ်အတွင်း တရုတ်နိုင်ငံဖက်ခြမ်းကမြန်မာဘက်ကိုတိုးပြီး နယ်စပ်ခြံစည်းရိုးကာနေတာကို အရှိန် မြှင့်လုပ်​​လာတယ်လို့ ဒေသခံတွေကဒီက​နေ့မနက်ပိုင်းမှာပြောပါတယ်။

သတင်း

လူမျိုးတုံးသတ်ဖြတ်တဲ့ နိုင်ငံတကာစစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ စစ်တပ်ကို လက်နက်အပါအဝင် နိုင်ငံခြားဝင်ငွေ ရရှိအောင် လုပ်ဆောင်ပေးနေတဲ့ တရုတ်နိုင်ငံရဲ့ လုပ်ရပ်တွေကို ရှုတ်ချကြောင်း နဲ့ စစ်တပ်ကို ကူညီပေးမှုတွေကို ရပ်တန့်ဖို့ Justice For Myanmar-JFM ကတောင်းဆိုလိုက်ပါတယ်။

သတင်း

မြန်မာနိုင်ငံအတွင်းရှိတရုတ်လုပ်ငန်းများနဲ့ ဝန်ထမ်းများရဲ့ လုံခြုံရေးကို အထူးအလေးထားပြီး အစွမ်းကုန် အာမခံချက် ပေးသွားမယ်လို့ အာဏာသိမ်းစစ််ခေါင်းဆောင်းမင်းအောင်လှိုင်က တရုတ်သမ္မတကို ကတိပြုပါတယ်။

အတွေးအမြင်

ခါကာဘို ရေးသားသည်။ “ဂျပန်မှာ အလုပ်အကိုင်အခွင့်အလမ်းကောင်းတယ်၊ လစာကောင်းတယ်၊ အနာဂတ်ရှိတယ်” ဆိုတာ မြန်မာလူငယ်အများစု ကြားဖူးနေကျ စကားပါ။ အထူးသဖြင့်မြန်မာနိုင်ငံရဲ့လက်ရှိ အခြေအနေအရ ဂျပန်နိုင်ငံကို အလုပ်သွားလုပ်ဖို့၊ ကျောင်းသွားတက်ဖို့၊ ဒါမှမဟုတ် အခြေချနေထိုင်ဖို့ စဉ်းစားနေသူတွေ တိုးလာနေပါတယ်။ ဒါပေမယ့်တစ်ဖက်မှာစိတ်ဝင်စားစရာကောင်းတဲ့ အပြောင်းအလဲတစ်ခု ဂျပန်နိုင်ငံအတွင်း ဖြစ်ပေါ်နေပါတယ်။ ဂျပန်ဟာ...