Connect with us

Hi, what are you looking for?

သတင်း

မင်းလက်ပံ​ဒေသကျားဖြန့်လုပ်ငန်းလုပ်ကိုင်သူ​တွေထိုင်းဘက်ဝင်ခွင့်မ​ပေး​သေးလို့ ​သောင်ရင်းမြစ်ကမ်းမှာပိတ်မိ​နေ

မြန်မာ-ထိုင်းနယ်စပ် မြ၀တီမြို့နယ်၊ ဖလူး(မင်းလက်ပံ)ဒေသမှာDKBA(ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်)ရဲ့အကာအကွယ်အောက် လည်ပတ်နေတဲ့ကျားဖြန့်လုပ်ငန်း​တွေကို ကရင်အမျိုးသားအစည်းအရုံး(KNU) ကဖမ်းဆီးပြီး​နောက်ကျားဖြန့်လုပ်ကိုင်သူ ရာ​ပေါင်းများစွာဟာ​သောင်ရင်းမြစ်ကိုဖြတ်ပြီး ထိုင်းနိုင်ငံထဲ ဝင်ဖို့ကြိုးစားတာကို ထိုင်းလုံခြုံ​ရေးတပ်ဖွဲ့​တွေက ဝင်ခွင့်မပြုတဲ့အတွက်ရာ​ပေါင်းများစွာ​သောင်းရင်မြစ်ကမ်းတ​လျှောက်​​သောင်ပြင်မှာပိတ်မိ​နေကြပါတယ် ။

ထိုင်းဘက်ခြမ်းကဝင်ရောက်ခွင့်မပြုလို့ သောင်းရင်းမြစ်ကမ်းဘေးမှာ သောင်တင်နေတဲ့ ကျားဖြန့်သမားတွေကို တွေ့ရစဥ်။ ဓာတ်ပုံ - Addy

နိုဝင်ဘာ-၂၇၊၂၀၂၅။​နေ့သစ်/People’s Spring

မြန်မာ-ထိုင်းနယ်စပ် မြ၀တီမြို့နယ်၊ ဖလူး(မင်းလက်ပံ)ဒေသမှာDKBA(ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်)ရဲ့အကာအကွယ်အောက် လည်ပတ်နေတဲ့ကျားဖြန့်လုပ်ငန်း​တွေကို ကရင်အမျိုးသားအစည်းအရုံး(KNU) ကဖမ်းဆီးပြီး​နောက်ကျားဖြန့်လုပ်ကိုင်သူ ရာ​ပေါင်းများစွာဟာ​သောင်ရင်းမြစ်ကိုဖြတ်ပြီး ထိုင်းနိုင်ငံထဲ ဝင်ဖို့ကြိုးစားတာကို ထိုင်းလုံခြုံ​ရေးတပ်ဖွဲ့​တွေက ဝင်ခွင့်မပြုတဲ့အတွက်ရာ​ပေါင်းများစွာ​သောင်းရင်မြစ်ကမ်းတ​လျှောက်​​သောင်ပြင်မှာပိတ်မိ​နေကြပါတယ်။

ထိုင်းနိုင်ငံထဲဝင်ခွင့်မရ​သေးတဲ့ နိုင်ငံစုံကကျားဖြန့်လုပ်ငန်း​တွေမှာလုပ်ကိုင်ခဲ့တဲ့သူ​တွေဟာ ရာသီ​အေးလှတာ​ကြောင့် နိုဝင်ဘာ ၂၆ ရက်ညမှာ​သောင်ရင်းမြစ် ​သောင်ပြင်မှာ မီးလှုံ​နေကြတာကို​ထိုင်း လုံခြုံ​ရေးတပ်ဖွဲ့ဝင်တဦးက ရိုက်ကူးထားတဲ့မှတ်တမ်းဓါတ်ပုံ​တွေဖြစ်ပါတယ်။

နိုဝင်ဘာ ၂၆ ရက်မှာ ကျားဖြန့်လုပ်ငန်း​တွေမှာလုပ်ကိုင်ခဲ့သူ ၇၀၀ ​ကျော် ထိုင်းနိုင်ငံနယ်စပ်ထဲဝင်​ရောက်လာပြီး မင်းလက်ပံ​ဒေသမှာတိုက်ပွဲ​တွေထပ်ဖြစ်​နေလို့ ထပ်​ပြေးလာတဲ့သူရာ​ပေါင်းများစွာထပ်ရှိ​နေတယ်လို့သူက ​ရေးထားပါတယ်။ KNU ကဝင်​ရောက်ဖမ်းဆီးထားတဲ့ ကျားဖြန့်လုပ်ငန်း​တွေအနီးကို ​နိုဝင်ဘာ ၂၆ ရက်မှာစစ်တပ်က ဗုံးကြဲခဲ့​သေးတယ်လို့သတင်းရရှိပါတယ်။ဒါ​ပေမယ့် ​တော်လှန်​ရေးအဖွဲ့​တွေ ၊ကျားဖြန့်လုပ်သူ​တေ​တော့ထိခိုက်မှုမရှိဘူးလို့ ​ဒေသခံသတင်းရင်းမြစ်အချို့က​ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်ကနိုဝင်ဘာ ၂၁ရက်မှာ မင်းလက်ပံဒေသ(ဖလူး)ကို နယ်မြေစိုးမိုးရေး အင်အားသုံးထိုးစစ်ဆင်လာလို့ ဖြစ်ပွားနေတဲ့ တိုက်ပွဲမှာ DKBA ဗိုလ်မှူးကြီး နိုင်လွင်ဦးဆောင်တဲ့ တပ်ဖွဲ့က စစ်တပ်နဲ့ ပူးပေါင်းပြီး KNU တပ်ဖွဲ့ကိုစ တိုက်ခိုက်ခဲ့တယ်လို့ KNUကထုတ်ပြန်ပါတယ်။ ဗိုလ်မှူးကြီးနိုင်လွင်ကို DKBA ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ စိုင်းကျော်လှက တိုက်ရိုက်ကွပ်ကဲတာလို့ သိရကြောင်း အသိပေးပြီးစိုင်းကျော်လှဆိုတာဟာလည်းနိုဝင်ဘာ ၁၂ရက်မှာနိုင်ငံတကာရာဇဝတ်မှုနဲ့ အွန်လိုင်းငွေလိမ်လည်မှု လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်လို့ ဆိုပြီး အမေရိကန်ဘဏ္ဍာရေးဌာနက ပိတ်ဆို့အရေး ယူမှုပြုလုပ်ခဲ့တဲ့ DKBA ခေါင်းဆောင်(၄)ဦးထဲက တဦးဖြစ်ကြောင်း ဖော်ပြထားပါတယ်။

KNU ကို ဆန့်ကျင်တိုက်ခိုက်ခဲ့တဲ့ DKBA တပ်ဖွဲ့တွေ တပ်စွဲရာနေရာကို ရှင်းလင်းရာမှာDKBA တပ်ဖွဲ့ဝင် အနည်းဆုံး ၂၃ဝ ဦးလက်နက်ချပြီး သူတို့ အခြေချစခန်းကိုသိမ်းပိုက်နိုင်ခဲ့ရာမှငွေလိမ်လုပ်ငန်း လုပ်ကိုင်ရာ ခြံဝန်းကို ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။

DKBA တပ်ဖွဲ့တပ်စွဲထားတဲ့ နေရာဟာ နိုင်ငံပေါင်းစုံမှ ထောင်ချီသောလူများကို ဂိတ်အထပ်ထပ်ပိတ်၍ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ ဆောင်ရွက်နေသော ခြံဝင်းဖြစ်နေကြောင်း တွေ့ရှိခဲ့လို့ အဲဒီ ခြံဝင်းပတ်လည်မှာ ခွင့်ပြုချက်မရှိဘဲ သွားလာမှုကို ကန့်သတ်တာ၊ ရာဇဝတ်မှုလုပ်ငန်းတွေမှာပါဝင်သူတွေ ထွက်ပြေးခြင်းမရှိစေဖို့ လုံခြုံရေးချမှတ်တာ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

နိုဝင်ဘာ၂၂ရက်မှာ KNUကပိတ်မိသူတွေကိုဘေးကင်းရာပို့ဆောင်ဖို့နဲ့အွန်လိုင်း ငွေလိမ်လည်မှုလုပ်ငန်းတွေ ကွင်းဆက်အကဲဖြတ်ဖို့ မြေပြင်အကဲဖြတ်အဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။ သက်ဆိုင်ရာ ထိုင်းနဲ့ နိုင်ငံတကာအာဏာပိုင်တွေ၊ အေဂျင်စီတွေဆီကို ချက်ချင်းအကြောင်းကြားခဲ့ပြီး ဖြစ်ရပ်ကို စနစ်တကျကိုင်တွယ်ဖြေရှင်းဖို့လမ်းညွှန်မှုရရှိဖို့ တိုင်ပင်ဆွေးနွေးမှုတွေပြုလုပ်ခဲ့ကြောင်းအသိပေးပါတယ်။

အဲဒီလိုတိုင်ပင်ဆွေးနွေးတာတွေပြုလုပ်ပြီး ခြံဝင်းမှာပိတ်မိနေသူတွေကို ခွဲခြားသတ်မှတ်တာ၊ကာကွယ်စောင့်ရှောက်တာနဲ့ ဘေးကင်းစွာနေရပ်ပြန်ပို့တာအပြင်သက်သေအထောက်အထားများ စုဆောင်းခြင်းဆိုင်ရာ အကြံဉာဏ်များ တောင်းခံခဲ့တယ်လို့ ဆိုပါတယ်။

“KNU ၏ စိုးရိမ်မှုများနှင့် လေးနက်မြန်ဆန်သော နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို အရေးတကြီး တောင်းဆိုချက် အခြေအနေသည် လျင်မြန်စွာပြောင်းလဲနေပြီး KNU မြေပြင်အဖွဲ့နှင့် အဆောက်အဦအတွင်း ပိတ်မိနေသော နိုင်ငံ များစွာမှ နိုင်ငံသားများအတွက် အသက်အန္တရာယ် စိုးရိမ်ရမှုများ အချိန်နှင့်အမျှ တိုးပွားလာနေသည်။ ဤမျှကြီးမားသော အွန်လိုင်းငွေလိမ်လည်မှုလုပ်ငန်းကို ထိရောက်အောင်မြင်စွာ ကိုင်တွယ်ဆောင်ရွက်နိုင်ရန် နိုင်ငံတကာမှ လေးနက်မြန်ဆန်စွာ ပူးပေါင်းဆောင်ရွက်ပေးရန် KNU မှ အလေးအနက် တိုက်တွန်းတောင်းဆိုပါသည်” လို့ KNUက ထုတ်ပြန်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းမှာ နိုင်ငံခြားသား ရွှေ့ပြောင်း အခြေချသူတွေအတွက် တရားမဝင် မှတ်ပုံတင် လုပ်ပေးမှုနဲ့ ဆက်စပ်ပြီး လူ ၂၇ ဦးကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

သတင်း

ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ထားတဲ့ မြ၀တီမြို့နယ်အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၄)တပ်နယ်မှူး စောမုတ်သုန်က ဗိုလ်မှူးချုပ်အဆင့်ရာထူးတိုးပြီး ဂုဏ်ပြုပွဲအတူ မွေးနေ့ပွဲ အထိမ်းအမှတ်တွေ ပြုလုပ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံရဲ့ဗီဇာစည်းမျဉ်းအပြောင်းအလဲတွေဟာ ဒီနေ့ (စက်တင်ဘာ ၁၅ ရက်)မှာစတင် အသက်ဝင်လာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ထောင်မကျချင်လို့ ထွက်ပြေးလာတဲ့ တရုတ် အမျိုးသမီး တစ်ဦးကို ထိုင်းအာဏာပိုင်တွေက ဘန်ကောက်မြို့တော်မှာ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။