Connect with us

Hi, what are you looking for?

သတင်း

အာဏာသိမ်းစစ်တပ် သက်ဆိုးရှည်စေမယ့် ဘယ်ကိစ္စမဆို ရှောင်ရှားဖို့ ဓနုဒေသနေ ပြည်သူတွေကို DPLFတိုက်တွန်း

ဓနုဒေသအတွင်းရှိ ပြည်သူတွေအနေနဲ့ အာဏာသိမ်းစစ်ကော်မရှင် သက်ဆိုးရှည်စေမယ့် ဘယ်ကိစ္စမဆို ရှောင်ရှားကြဖို့ တိုက်တွန်းကြောင်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ တော်လှန်ရေးအဖွဲ့တခုဖြစ်တဲ့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး/ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLF/DPLA)က ဓနုအမျိုးသားနေ့သို့ သဝဏ်လွှာပေးပို့ရာမှာ ဖော်ပြပါတယ်။

ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး/ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLF/DPLA)က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - DPLA

နိုဝင်ဘာ-၂၇၊၂၀၂၅။ပုရစ်/People’s Spring

ဓနုဒေသအတွင်းရှိ ပြည်သူတွေအနေနဲ့ အာဏာသိမ်းစစ်ကော်မရှင် သက်ဆိုးရှည်စေမယ့် ဘယ်ကိစ္စမဆို ရှောင်ရှားကြဖို့ တိုက်တွန်းကြောင်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ တော်လှန်ရေးအဖွဲ့တခုဖြစ်တဲ့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး/ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLF/DPLA)က ဓနုအမျိုးသားနေ့သို့ သဝဏ်လွှာပေးပို့ရာမှာ ဖော်ပြပါတယ်။

နိုဝင်ဘာ ၂၇ရက်မှာ ကျရောက်တဲ့ ဓနုအမျိုးသားနေ့ကို ဂုဏ်ပြုကြောင်း သဝဏ်လွှာပေးပို့ခဲ့တာဖြစ်ပြီး စစ်တပ်က ရွေးကောက်ပွဲ ကျင်းပမယ့် အခြေအနေနဲ့ပတ်သတ်ပြီး အခုလို တိုက်တွန်းခဲ့တာဖြစ်ပါတယ်။

“အဓိကတော့လာမယ့်ရွေးကောက်ပွဲမှာ ဓနုဒေသမှာလည်းသူတို့ ပါဝင်ယှဉ်ပြိုင်မယ့် အနေအထားမှာရှိပါတယ်။ အဲဒီဟာကို ပြည်သူလူထုအနေနဲ့လည်း တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက် တာမျိုး မပြုလုပ်ဖို့ စောစောတုန်းကကာလမှာလည်း ကြေညာချက် ထုတ်ပြန်ထားပြီးသားဖြစ်ပါတယ်”လို့ DPLF သတင်းပြန်ကြားရေး တာဝန်ခံ ကိုဟန်လိုင်းက ပြောပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိအချိန်ဟာစစ်တပ်ကအတုအယောင်ရွေးကောက်ပွဲ ကျင်းပပြီး အာဏာဆက်လက်တည်မြဲဖို့ ကြိုးပမ်းနေတာဖြစ်တယ်လို့ ဆိုပါတယ်။

အတုအယောင် ရွေးကောက်ပွဲဟာ ဓနုဒေသအပါအဝင် နိုင်ငံတဝန်းလုံးရှိ ပြည်သူလူထုတွေရဲ့ မဲတွေကို လူသတ်လက်နက်အဖြစ် အသုံးချကာ တရားမဝင်တဲ့ အာဏာကို ဆက်လက်တည်မြဲဖို့ ဆောင်ရွက်နေခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ရဲ့ နိုင်ငံရေးထွက်ပေါက်မျှသာဖြစ်ကြောင်းလည်း DPLF/DPLA ရဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဓနုနိုင်ငံရေးဂုဏ်သိက္ခာ မြှင့်တင်နိုင်ဖို့ အတွက်လည်း ဓနုပြည်သူလူထုတွေနဲ့ ဓနုလူထုအကျိုးပြု လုပ်ငန်းဆောင်ရွက်နေကြတဲ့ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တွေနဲ့ ပူးပေါငး်ဆောင်ရွက်ဖို့ အသင့်ရှိကြောင်း DPLFက အသိပေးပါတယ်။

ဓနုတမျိုးသားလုံးပါဝင်တဲ့နိုင်ငံရေးဦးဆောင်အဖွဲ့ ပေါ်ပေါက်နိုင်ဖို့လည်း တထောင့်တနေရာက ပါဝင်ကြိုးပမ်းနေကြောင်းလည်း ဖော်ပြထားပါတယ်။

DPLAအနေနဲ့ ဓနုလူမျိုးကိုယ်စားပြုနိုင်တဲ့ ဓနုဖက်ဒရယ်ကောင်စီ ပေါ်လာဖို့ ကြိုးစားနေတာရှိတယ်လို့ ကိုဟန်လိုင်းက ပြောပါတယ်။

“ကျနော်တို့ DPLAဓနုတပ်အနေနဲ့လည်းမဟာမိတ်တွေနဲ့ ပူးပေါင်းပြီးတော့ တချို့သောစစ်ရေးသော်လည်းကောင်းနိုင်ငံရေးသော်လည်းကောင်း အခန်းကဏ္ဍအသီးသီးမှာ ကျနော်တို့ပါဝင်ပြီးတော့ လုပ်ကိုင်နေတာရှိပါတယ်။ ဒီထက်လည်း ပိုပြီးတော့နိုင်ငံရေးစုဖွဲ့မှု စနစ်တကျဖြစ်အောင်လည်း အများကြီးပြင်ဆင်နေပါတယ် DPLA အနေနဲ့။ ဓနုလူမျိုးကိုယ်စားပြုအနေနဲ့ပေါ့လေ” လို့ ကိုဟန်လိုင်းက ပြောပါတယ်။

စစ်အာဏာရှင်စနစ်ဆိုးကျဆုံးရေး၊ တန်းတူညီမျှမှု၊ ကိုယ်ပိုင် ပြဌာန်းခွင့်ရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေးစတဲ့ နိုင်ငံရေးရည်မှန်းချက်တွေ ပြည့်မြောက်နိုင်ဖို့ မဟာမိတ်တွေနဲ့အတူ နိုင်ငံရေး၊ စစ်ရေး အတူတကွ တိုက်ပွဲဝင် ဖော်ဆောင်နေကြောင်း DPLF/DPLA ရဲ့ သဝဏ်လွှာမှာလည်းရေးသားထားပါတယ်။

“ကျနော်တို့ DPLA အနေနဲ့ကတော့ စစ်ကောင်စီကို ဆက်လက်ပြီး တော်လှန်တိုက်ပွဲဝင်သွားမှာဖြစ်ပါတယ်”လို့ ကိုဟန်လိုင်းက ပြောပါတယ်။

DPLF/DPLA ကို ၂၀၂၂ ဩဂုတ် ၇ရက်မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး တအာင်းတပ်မတော်(TNLA) အပါအဝင် မဟာမိတ်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး ရှမ်းမြောက် နောင်ချိုမြို့နယ် တောင်ခမ်းဒေသအပါအဝင် ဆက်စပ်နယ်မြေတွေမှာ အာဏာသိမ်းစစ်ကို တော်လှန်တိုက်ခိုက်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

၀လက်နက်ကိုင်တပ်(UWSP/UWSA) ကိုယ်စားလှယ်တွေနဲ့ အာဏာသိမ်းစစ်တပ်တို့ နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးနေကြောင်း စစ်အုပ်စုဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

သတင်း

လက်ရှိ အခြေအနေမှာ ရိုဟင်ဂျာတွေကို ပြန်ပို့တာမျိုး လုံးဝ မဖြစ်သင့်သေးကြောင်း APHR သတိပေး

သတင်း

အာဏာသိမ်း စစ်တပ်ကို ထိပ်သီး အစည်းအဝေးတွေ တက်ရောက်ခွင့်ကနေ ဆက်လက် တားဆီး ပိတ်ပင်ထားမယ့် အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ ဆုံးဖြတ်ချက်ကို အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော် အမတ်များ အစုအဖွဲ့ (APHR)က ကြိုဆိုလိုက်ပါတယ်။

ဆောင်းပါး

နေပြည်တော် အာဏာသိမ်းစစ်အုပ်စုက ငြိမ်းချမ်းရေးလို့ ခေါင်းစဥ်တပ်ကာ တွေ့ဆုံဆွေးနွေးပွဲတွေ ပြုလုပ်နေချိန်မှာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအနိုင်ရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက ‘တွေ့ဆုံညှိနှိုင်းအဖြေရှာရေး’မူကို ကိုင်စွဲကြောင်း ထုတ်ပြန်လာပါတယ်။