Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ လက်ဖက်ရည်ဆိုင်မီးလောင်

မန္တလေးမြို့ ၊ မဟာအောင်မြေမြို့နယ်ရှိ ပေါက်ကျိုင်းလက်ဖက်ရည်ဆိုင် ဒီနေ့ ( ဒီဇင်ဘာလ ၄ ရက်) မနက် ၇ နာရီခွဲကျော်က မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

ဓာတ်ပုံ - Than Htay /FB

ဒီဇင်ဘာ -၄ ၊၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring

မန္တလေးမြို့ ၊ မဟာအောင်မြေမြို့နယ်ရှိ ပေါက်ကျိုင်းလက်ဖက်ရည်ဆိုင် ဒီနေ့ ( ဒီဇင်ဘာလ ၄ ရက်) မနက် ၇ နာရီခွဲကျော်က မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

သိပ္ပံလမ်း ၅၈လမ်းနဲ့ ၄၃ လမ်းကြားမှာ ဖွင့်လှစ်ထားတဲ့ ပေါက်ကျိုင်းလက်ဖက်ရည် တစ်ဆိုင်လုံးမီးလောင်သွားတာပါ။ အဲဒီမီးလောင်မှုကို အဆင့် ၁ ( Level 1 ) သတ်မှတ်ပြီး မိနစ် ၂၀ ခန့် ငြိမ်းသတ်ခဲ့ရတယ်လို့ မီးသတ်ရဲ့သတင်းမှာပါရှိပါတယ်။

မီးလောင်မှု ဖြစ်ပွားတဲ့ လက်ဖက်ရည်ဆိုင် ဘေးအိမ်တွေကတော့ တိုက်အိမ်တွေဖြစ်ပြီးမီးကူးစက်တာမရှိခဲ့ပါဘူး။မီးစတင်လောင်ရတဲ့အကြောင်းအရင်းကိုတော့ စုံစမ်းနေဆဲပါ။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မိုးပျံရထားလမ်း တစ်နေရာမှာ မီးလောင်မှု ဖြစ်ပွားရာက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ပြေးဆွဲနေတဲ့ MRT ရထားခရီးစဉ် တချို့ကို ဆိုင်းငံ့ခဲ့ရပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ဒေးဝန်းအနောက်ဘက် သင်္ဂဇာချောင်းအနီးမှာအမျိုးသမီးရုပ်အလောင်းကို ဒီနေ့ (စက်တင်ဘာလ ၁၆ ရက်) မနက်ပိုင်းက ဒေသခံတွေတွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။