Connect with us

Hi, what are you looking for?

သတင်း

ချင်းပြည်မြောက်ပိုင်း စစ်မြေပြင်မှာ အမေရိကန်သတင်းထောက် မိုင်းထိဟု PDF ဇိုလဲန်း အတည်ပြု

ချင်းပြည်နယ်မြောက်ပိုင်း၊ တီတိန်မြို့နယ် အတွင်း လာရောက်သတင်းယူတဲ့ အမေရိကန် သတင်းထောက်တစ်ဦး မိုင်းထိပြီး ဒဏ်ရာရခဲ့တယ်လို့ ချင်းညီနောင်အဖွဲ့ဝင် PDF ဇိုလဲန်း တာဝန်ရှိသူက အတည်ပြုပါတယ်။

ဒီဇင်ဘာ-၄၊ ၂၀၂၅။ ဆန်အောင်/People’s Spring

ချင်းပြည်နယ်မြောက်ပိုင်း၊ တီတိန်မြို့နယ် အတွင်း လာရောက်သတင်းယူတဲ့ အမေရိကန် သတင်းထောက်တစ်ဦး မိုင်းထိပြီး ဒဏ်ရာရခဲ့တယ်လို့ ချင်းညီနောင်အဖွဲ့ဝင် PDF ဇိုလဲန်း တာဝန်ရှိသူက အတည်ပြုပါတယ်။

တီးတိန်မြို့နယ် တိုက်ပွဲမှာ သတင်းလာယူတဲ့ အမေရိကန် သတင်းထောက်ဟာ နိုဝင်ဘာ ၁၈ရက် မှာ မိုင်းနင်းမိပြီးခြေထောက်မှာ ဒဏ်ရာရခဲ့လို့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှာ ဆေးကုသမှု ခံယူနေရတယ်ဆိုတဲ့ သတင်းတွေအပေါ် အခုလို အတည်ပြုတာဖြစ်ပါတယ်။ အမေရိကန်သတင်းထောက်မိုင်းထိတဲ့ ဖြစ်စဉ်အသေးစိတ်ကို ဆက်လက်မေးမြန်းထားဆဲဖြစ်ပါတယ်။

နိုဝင်ဘာ ၁၈ရက်ဟာ စစ်ကောင်စီတပ် ဝင်ရောက်နေရာယူခဲ့တဲ့ ကနေဒီတောင် တပ်စခန်းနေရာကို PDF ဇိုလဲန်းက ပြန်လည်သိမ်းပိုက်နိုင်ခဲ့တဲ့နေ့ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဒဏ်ရာရခဲ့တဲ့ သတင်းထောက်ဟာ အလွတ်တန်းသတင်းထောက် မေဖီးလ်ဆိုသူဖြစ်ပြီး PDF ဇိုလဲန်း စစ်ကြောင်းနဲ့ တီးတိန်မြို့နယ် ကနေဒီတောင်အနီး စစ်ဆင်ရေးနယ်မြေမှာ ဒဏ်ရာရခဲ့တာလို့ အိန္ဒိယသတင်းဌာနအချို့က ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်ဟာ တီးတိန်မြို့နယ်ကို ၂၀၂၅ အောက်တိုဘာလကုန်မှာ လေကြောင်း၊ မြေပြင်ကနေ စစ်အင်အားဖြည့်တင်းပြီး နိုဝင်ဘာလဆန်းမှာ ထိုးစစ်ဆင်ခဲ့ရာ ကနေဒီတောင် အပါအဝင် တော်လှန်ရေးတပ်ဖွဲ့တွေ တပ်စွဲထားတဲ့ နေရာအချို့ကိုသိမ်းပိုက်နိုင်ခဲ့ပါတယ်။ အဲဒီထဲက ကနေဒီတောင် စခန်းကိုလည်းစစ်ကောင်စီက တပ်စွဲခဲ့ပေမယ့် နိုဝင်ဘာ ၁၈ရက်မှာ PDF ဇိုလဲန်းက ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် တီးတိန်မြို့အဝင်မှာ အင်အား ၆၀ လောက်နဲ့ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်စခန်းကိုလည်း PDF ဇိုလဲန်းက နိုဝင်ဘာ ၂၇ရက်မှာ သိမ်းပိုက်နိုင်ခဲ့ပါတယ်။

စစ်ကောင်စီတပ်ဟာ လက်ရှိမှာလည်း တီးတိန်-ဖလမ်းကြားမှာ စစ်ကြောင်းတွေ ဆက်ရှိနေပြီး လေကြောင်းက နေ ရိက္ခာဖြည့်တင်းတာတွေလုပ်ဆောင်လျက်ရှိနေတယ်လို့ ဒေသသတင်းရင်းမြစ်အချို့က ပြောပြထားပါတယ်။

ချင်းညီနောင်နဲ့ ချင်းညီနောင် တပ်ဖွဲ့တွေကလည်း စစ်ကောင်စီကို ခုခံတိုက်ခိုက်ဖို့ ပြင်ဆင်ထားတာကြောင့် တိုက်ပွဲတွေ ဆက်ရှိလာနိုင်ကြောင်းလည်း ချင်းသတင်းရင်းမြစ်က ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ဖလမ်းမြို့နဲ့ တီးတိန်မြို့နယ်က တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထိန်းချုပ်ရာ ဒေသတွေကို ပြန်လည်စိုးမိုးထိန်းချုပ်နိုင်ဖို့ စစ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်က အာဏာသိမ်းစစ်တပ်စစ်ကြောင်း မိုင်းထိပြီး ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ဦးစီးတပ်တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ ရန်ကုန်-မန္တလေး အမှတ်(၂) လမ်းပိုင်းမှာ စစ်ကား ၁စီး မိုင်းထိပြီး သေဆုံးသူများနိုင်တယ်လို့ တောင်တွင်းကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ(ပုဏ္ဏဝတီ ) တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

စစ်ကိုင်းမြို့တိုက်ပွဲမှာ စစ်တပ်စစ်ကြောင်း မိုင်းထိပြီး ရှေ့မတိုးနိုင်ဘူးလို့ ဒေသခံစစ်ရေး သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အခြေစိုက် စစ်တပ်ရဲ့ ခလရ(၂၆၉) တပ်ရင်းက တပ်သား ၃ဦး အလင်းဝင်လာကြောင်း PDF ဇိုလဲန်း တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။