Connect with us

Hi, what are you looking for?

သတင်း

ဓားမိုး၊သေနတ်ထောက်ပြုလုပ်မယ့်ရွေးကောက်ပွဲပါဝင်သူတွေ စစ်အုပ်စုနဲ့ အလိုတူအလိုပါအဖြစ် သတ်မှတ်အရေးယူမယ်လို့ ခန္တီးPDF ထုတ်ပြန်

စစ်ကောင်စီတပ်က ဓားမိုး၊သေနတ်ထောက်ပြီး ပြုလုပ်မယ့်ရွေးကောက်ပွဲမှာ ပါဝင်ရွေးကောက်ခံကြမယ့် ပါတီကိုယ်စားလှယ်လောင်းတွေ၊ အတင်းအဓမ္မ မဲပေးခိုင်းသူ‌တွေ၊ မဲဆွယ်စည်းရုံးရေးဆင်းမယ့် ပုဂ္ဂိုလ်တွေဟာ စစ်အုပ်စုနဲ့ အလိုတူအလိုပါအဖြစ် သတ်မှတ်ရေးယူသွားမယ်လို့ ခန္တီး-PDFက သတိပေးထုတ်ပြန်ပါတယ်။

ခန္တီး PDFက ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - ခန္တီး PDF

ဒီဇင်ဘာ-၁၆၊၂၀၂၅။အိမ်သွင်/People’s Spring

စစ်ကောင်စီတပ်က ဓားမိုး၊သေနတ်ထောက်ပြီး ပြုလုပ်မယ့်ရွေးကောက်ပွဲမှာ ပါဝင်ရွေးကောက်ခံကြမယ့် ပါတီကိုယ်စားလှယ်လောင်းတွေ၊ အတင်းအဓမ္မ မဲပေးခိုင်းသူ‌တွေ၊ မဲဆွယ်စည်းရုံးရေးဆင်းမယ့် ပုဂ္ဂိုလ်တွေဟာ စစ်အုပ်စုနဲ့ အလိုတူအလိုပါအဖြစ် သတ်မှတ်ရေးယူသွားမယ်လို့ ခန္တီး-PDFက သတိပေးထုတ်ပြန်ပါတယ်။

ပြည်သူတွေသတ်ဖြတ်နေတဲ့ စစ်ရာဇဝတ်မှုတွေကနေ ရှောင်လွှဲနိုင်အောင် ထွက်ပေါက်ရှာနေတဲ့ အာဏာသိမ်းစစ်အုပ်စုဟာ ရွေးကောက်ပွဲကို ခန္တီးမြို့နယ်မှာ ဓါးမိုး၊ သေနတ်ထောက်ပြီး ပြုလုပ်ဖို့ကြိုးပမ်းနေပြီး ပူးပေါင်းပါဝင်ခြင်းမပြုဖို့ ဒီဇင်ဘာ ၁၄ရက် ရက်စွဲနဲ့ ထုတ်ပြန်သတိပေးတာဖြစ်ပါတယ်။

ရွေးကောက်ခံကြမယ့် ပါတီကိုယ်စားလှယ်လောင်းတွေ၊ အတင်းအဓမ္မ မဲပေး ခိုင်းသူ‌ တွေ၊ မဲဆွယ်စည်းရုံးရေးဆင်းမယ့် ပုဂ္ဂိုလ်တွေကို အထူးရွံ့ရှာစက်ယုတ် ရှုံ့ချတဲ့ အပြင် စစ်အုပ်စုနဲ့ အလိုတူအလိုပါ အားပေးအား မြောက်ပြု လုပ်သူ တွေအဖြစ် သတ်မှတ်ရေးယူသွားမယ်လို့ခန္တီး-PDF က ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

စစ်အုပ်စုက ပြုလုပ်မယ့် ရွေးကောက်ပွဲအပြီးရွေးချယ်တင်မြှောက်ခံရတဲ့ အစိုးရ၊ပါတီကိုယ်စားလှယ် တွေကလည်း တိုင်းပြည်နဲ့ပြည်သူတွေအပေါ် အမျိုးမျိုး ဂုတ်သွေးစုပ်၊ အမြတ်ထုတ်ပြီး စစ်အုပ်စုစီးပွားရေး ၊ ကိုယ်ကျိုးစီးပွားရေးအတွက်သာ အလုပ်လုပ်မယ့်သူတွေဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် အဲ့ဒီပုဂ္ဂိုလ်တွေရဲ့ မိသားစုလုံခြုံရေး၊ စီးပွားရေး၊ လူမှုရေးကိစ္စတွေကို ခန္တီး-PDFနဲ့ မဟာမိတ် တော်လှန်ရေးတပ်ပေါင်း အင်အားစုတွေက အရေးယူမှုစတင်တော့မယ်လို့ သတိပေးထားပါတယ်။

ခန္တီးမြို့နယ်အတွင်း ဖြစ်ပေါ်နေတဲ့ ခရီးသွားလာရေးအဆင်မပြေမှု၊ ကုန်သွယ်စီးဆင်း ပြတ်တောက်မှု၊ အခြေခံစားသောက်ကုန်၊ ကုန်ဈေးနှုန်းအဆမတန် မြင့်တက်မှု‌တွေဟာ အာဏာသိမ်းစစ်အုပ်စုကြောင့်ဖြစ်ပြီး ဒေသခံပြည်သူတွေအနေနဲ့ ရွေးကောက်ပွဲကာလမှာ မဲမပေးခြင်းဖြင့် အကြမ်းမဖက်ဆန္ဒထုတ်ဖော်ဖို့လည်း တိုက်တွန်းထားပါတယ်။

အကြမ်းမဖက် ခုခံခြင်းဟာ အာဏာသိမ်းစစ်အုပ်စုရဲ့ စွမ်းဆောင်ရည်နဲ့ တရားဝင်ခြင်းကို အကောင်းဆုံးတွန်းလှန်ဖြိုလဲပစ်နိုင်တာမို့ မိဘပြည်သူ‌တွေရဲ့ မဲတစ်မဲနဲ့ တရားဝင်လူသတ်ခွင့် မပေးကြဖို့ ထပ်လောင်း တောင်းဆိုပါတယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းတိုင်း ခန္တီးခရိုင်မှာ မြို့ပေါ်တွေကိုစစ်ကောင်စီက ထိန်းချုပ်ထားပြီး ကျေးရွာတွေကိုတော်လှန် ရေးအင်အားစုတွေက ထိန်းချုပ်ထားပါတယ်။ ၂၀၂၄ ဧပြီက တိုက်ပွဲတွေမှာ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ ကျွန်းကုန်း ကျေးရွာအခြေပြု ကျွန်းကုန်းရွာ ၊ သောင်သွတ်ရွာ ၊ အင်းကြင်းမော်ရွာ ၊ မနော်သာရွာတွေကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ထိန်းချုပ်ခဲ့တယ်။ အဲဒီရွာတွေက ပျူ စောထီး ၁၀၀ ကျော်လက်နက်ချခဲ့တယ်လို့

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

ဒီဇင်ဘာ ၁၂ရက်ကလည်း ခန္တီးမြို့နယ် နန်ခမာကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့ပါတယ်။ လေးဦးသေဆုံး ခုနစ်ဦးဒဏ်ရာရပြီး ဆုတ်ခွာသွားတယ်လို့ ခန္တီးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်က ဒီဇင်ဘာ ၁၅ရက်မှာထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဆီယံထိပ်သီးညီလာခံကို စစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်ရဖို့ မသေချာ

အတွေးအမြင်

သုံးကြိမ်တိုင်တိုင် အသုတ်ခွဲပြုလုပ်ခဲ့တဲ့ စစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ ပြီးဆုံးသွားခဲ့ပါပြီ။ မကြာခင်ရက်ပိုင်းအတွင်းမှာ စစ်တပ်ကလွှတ်တော်အသီးသီးကို ကျင်းပတော့မှာဖြစ်ပြီး၊ ဆက်တိုက်ဆိုသလိုပဲစစ်တပ်နဲ့ ကြံ့ခိုင်ရေးပါတီတို့ပူးပေါင်းကာစစ်တပ်ကပဲအ​ပေါ်ယံ​ပြောင်းထားတဲ့ ဟန်ပြအစိုးရသစ်တစ်ရပ် ဖွဲ့စည်းတော့မှာ ဖြစ်ပါတယ်။

ဘာသာပြန်ဆောင်းပါး

အာဏာသိမ်းစစ်ကောင်စီ ကျင်းပခဲ့တဲ့ရွေးကောက်ပွဲဟာ တော်လှန်ရေးအင်အားစုတွေ ကြိုးပမ်းနေတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးကို စနစ်တကျပိတ်ဆို့ တားဆီးဖို့ ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ(CRPH) ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က ပြောကြားခဲ့ပြီး တော်လှန်ရေးအင်အားစုတွေ ပိုမိုညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ပြီး ကြိုးပမ်းဖို့ တိုက်တွန်းလိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ လေကြောင်းအန္တရာယ်ကာကွယ်ရေး ဟောပြောခြင်းနဲ့ စစ်တပ်ရွေးကောက်ပွဲဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဖေဖော်ဝါရီ ၃) မှာ ပြုလုပ်ခဲ့ပါတယ်။