Connect with us

Hi, what are you looking for?

သတင်း

ကျောက်ဆည်မြို့ ကျောက်သေတ္တာ ကျောက်တုံးကြီးပြိုကျလာနိုင်လို့ဒေသခံတွေကို ပြောင်းရွေ့ခိုင်း

မန္တလေးတိုင်း ၊ ကျောက်ဆည်မြို့ မှာ ငလျင်ဒဏ်ကြောင့် ရွှေသာလျောင်းတောင်ပေါ်က ကျောက်သေတ္တာ လို့ လူသိများတဲ့ ကျောက်တုံးကြီး ပြုတ်ကျလာနိုင်တဲ့အတွက် တောင် အောက်ခြေအနီးတဝိုက်မှာနေထိုင်သူတွေကို ပြောင်းရွှေ့ဖို့ သတိပေးနေပါတယ်။

ကျောက်တုံးကြီး ပြိုကျလာနိုင်တဲ့အတွက် အန္တရာယ်ဇုံအဖြစ်သတ်မှတ်ထားတဲ့ဧရိယာကိုတွေ့ရပုံ

ဧပြီ – ၄ ၊ ၂၀၂၅ /People’s Spring

၏မန္တလေးတိုင်း၊ ကျောက်ဆည်မြို့မှာ ငလျင်ဒဏ်ကြောင့် ရွှေသာလျောင်းတောင်ပေါ်က ကျောက်သေတ္တာ လို့ လူသိများတဲ့ ကျောက်တုံးကြီး ပြုတ်ကျလာနိုင်တဲ့အတွက် တောင် အောက်ခြေအနီးတဝိုက်မှာနေထိုင်သူတွေကို ပြောင်းရွှေ့ဖို့ သတိပေးနေပါတယ်။

ကျောက်တုံးကြီး ပြုတ်ကျလာနိုင်ခြေဟာ ၉၀ ရာခိုင်နှုန်းရှိတာကြောင့် တောင်အောက်ခြေက ဧရိယာ ကို အန္တရာယ်ဇုံအဖြစ် သတ်မှတ်လိုက်တာကြောင့် အမြန်ဆုံးပြောင်းရွေ့ကြဖို့ စစ်ကောင်စီလက်အောက်ခံ ကျောက်ဆည်မြို့ ၊ထွေအုပ်ရုံးက မနေ့ (ဧပြီ ၃) ရက်မှာ အသံချဲ့စက်နဲ့ လိုက်လံသတိပေးပါတယ်။

အန္တရာယ်ဇုံ သတ်မှတ် ဧရိယာဟာဆိုရင် အရှေ့ဘက် ရွှေသာလျောင်းတောင် ၊ အနောက်ဘက် မင်းရဲမြောင်း ၊ တောင်ဘက် မြို့မစျေးတောင်ဘက်လမ်း ၊ မြောက်ဘက် လေးမျက်နှာဘုရားမြောက်ဘက်လမ်း ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီသတ်မှတ်ဧရိယာထဲမှာ နေထိုင်ကြတဲ့ ဒေသခံတွေထဲက ပြောင်းရွေ့ဖို့ အခက်အခဲရှိတဲ့ အိမ်ထောင်စုတွေအနေနဲ့ ကျောက်ဆည်မြို့ ၊ ဝေဘူချောင် ဓမ္မာရုံ မှာ လာရောက်နေထိုင်နိုင်တယ်လို့လည်းထွေအုပ်က ကြေညာပါတယ်။

ကျောက်တုံးကြီးကို ဖောက်ခွဲ ဖျက်ဆီးဖို့စီစဉ်နေပြီး အန္တရာယ်ကင်းရှင်းချိန်ကိုထပ်မံကြေညာမယ်လို့အသိပေးထားပါတယ်။

ကျောက်ဆည်မြို့ဟာ လည်းငလျင်ဒဏ်သင့်ဒေသဖြစ်ပြီး ကျောက်ဆည်မြို့ ၊မူကြိုကျောင်းပြိုကျပျက်စီးမှုမှာ တင် ကလေးငယ် ၂၅ ဦးအပါအဝင် ၂၇ ဦး အသက်ဆုံးရှုံးခဲ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နေပြည်တော်၊ဇမ္ဗူသီရိမြို့နယ်ကငလျင်ဘေးသင့်ပြည်သူတွေရဲ့ယာယီတည်းခိုရေးစခန်းမှာ တောကြီးမြွေဟောက်တွေ့တာကြောင့် သွားရောက်ဖမ်းဆီးပေးခဲ့ရတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့မှာ ဒီနေ့ ည ၁၁နာရီကျော်မှာငလျင်လှုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးမြို့အနီးမှာ ဒီနေ့ နေ့မနက်ပိုင်း လှုပ်ရှားသခဲ့တဲ့ရစ်ခ်တာစကေး ၄.၆ အဆင့်ငလျင်ကို ရန်ကုန်မြို့မှာလည်း သိရှိခံစားခဲ့ပါတယ်။