ဒီဇင်ဘာ-၂၀၊၂၀၂၅။ဇေအောင်/People’s Spring
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ စစ်တပ်က ၃ရက်အတွင်း ကျေးရွာ ၈ရွာကို မီးရှို့ဖျက်ဆီးခဲ့လို့ ဒေသခံ ပြည်သူထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၆ ရက် မနက်ပိုင်းကစပြီး ယင်းမာပင်နဲ့ ကနီမြို့နယ်အစပ်ကို ရောက်ရှိလာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းဟာ ၃ရက်အတွင်း ယင်းမာပင်မြို့နယ်၊ ကျောက်မှော်အုပ်စုက ကျေးရွာ ၈ ရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးသွားခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
“ရွာ ၈ ရွာ ရှို့ခံရတယ်။ အိမ်ခြေအရေအတွက်ကတော့ ပြည်သူတွေက ရွာထဲမရောက်ကြသေးဘူး အတိအကျ စာရင်းမသိရသေးဘူး”လို့ ကနီနယ်ခံ ကိုပြည့်အောင်နိုင်(ကနီ)က ပြောပါတယ်။

Public Service Announcement
အဲဒီစစ်ကြောင်းဟာ ကျေးရွာတွေကို မီးတင်ရုံမကဘဲ ကျေးရွာတွေက ပြည်သူတွေရဲ့ ပစ္စည်းတွေပါ သိမ်းယူသွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
မီးရှို့ခံရတဲ့ရွာတွေအပြင် စုစုပေါင်း ကျေးရွာ ၁၀ ရွာခန့် ထွက်ပြေးတိမ်းရှောင်နေရပြီး သူတို့အတွက် စားနပ်ရိက္ခာလိုအပ်မှုတွေ ရှိနေတယ်လို့ ကူညီနေသူတွေဆီက သိရပါတယ်။
၂၀၂၁မေလ ၁ ရက်ကနေ ၂၀၂၅ မေလ ၃၁ ရက်အထိ စစ်တပ်အာဏာသိမ်း ၄ နှစ်ကျော်ကာလအတွင်း စစ်တပ်ရဲ့ မီးရှို့ဖျက်ဆီးမှုတွေကြောင့် အရပ်သားနေအိမ်ပေါင်း ၁၁၆၈၉၇ လုံး ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ Data for Myanmar အဖွဲ့က နိုဝင်ဘာ ၂၃ရက်က ထုတ်ပြန်ထားပါတယ်။
မီးရှို့ခံရတဲ့ နေအိမ်တစ်သိန်းကျော်မှာ စစ်ကိုင်းတိုင်းက နေအိမ်ပေါင်း ၇၆၉၉၀ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရလို့ တနိုင်ငံလုံး မီးရှို့ဖျက်ဆီးခံရတဲ့ အရပ်သား နေအိမ်စုစုပေါင်းရဲ့ ၆၅ ရာခိုင်နှုန်းကျော်ရှိကြောင်း Data for Myanmar အဖွဲ့က အသိပေးထားပါတယ်။
























































