Connect with us

Hi, what are you looking for?

သတင်း

လေးမျက်နှာမြို့နယ်ကို စစ်တပ်ဗုံးကြဲလို့ ၅ ရက်အတွင်း အရပ်သား ၄ဦး သေဆုံး

ဧရာဝတီတိုင်းလေးမျက်နှာမြို့နယ်မှာအာဏာသိမ်းစစ်တပ်က လေကြောင်းကနေဗုံးကြဲလို့ ၅
ရက်အတွင်း အသားလေးဦးသေဆုံးခဲ့ပြီး နေအိမ်တွေလည်းပျက်စီးခဲ့ပါတယ်။

ဒီဇင်ဘာ-၂၁၊၂၀၂၅။မိထက်/People’s Spring

ဧရာဝတီတိုင်းလေးမျက်နှာမြို့နယ်မှာအာဏာသိမ်းစစ်တပ်က လေကြောင်းကနေဗုံးကြဲလို့ ၅
ရက်အတွင်း အသားလေးဦးသေဆုံးခဲ့ပြီး နေအိမ်တွေလည်းပျက်စီးခဲ့ပါတယ်။

ဒီဇင်ဘာလ၁၆ရက်နေ့ကနေ ဒီဇင်ဘာလ၂၀ရက်နေ့အတွင်း လေးမျက်နှာမြို့နယ် ၊ ခတ်ချိုကုန်းကျေးရွာနဲ့ စောပြာကျေးရွာကို ပါရာမော်တာ၊ ဂျက်ဖိုက်တာတွေနဲ့ လေးကြိမ် ဗုံးကြဲခဲ့တာလို့​ဒေသခံအချို့က​ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုတွေကြောင့်၊ ခတ်ချိုကုန်းရွာက အမျိုးသား ၁ဦး၊ ရှောပြာရွာက အမျိုးသား၂ဦးအမျိုးသမီး၁ဦး သေဆုံးခဲ့ပြီး နေအိမ်၁၀လုံးကျော် ပျက်စီးခဲ့တယ်လို့ ဒေသခံသတင်းမြစ်တွေကပြောပါတယ်။

Public Service Announcement

Public Service Announcement

“ရှောပြာကိုပိုပြီး ပစ်မှတ်ထားနေတာပါ။ လေကြောင်းကနေပေါင် ၂၅၀ ဗုံးတွေကြဲသွားတာ”လို့ လေးမျက်နှာမြို့ပေါ်မှာစစ်ဘေးရှောင်နေတဲ့ဒေသခံကပြောပါတယ်။

လေးမျက်နှာမြို့နယ်မှာ ၂၀၂၄ခုနှစ်ကတည်းကတိုက်ပွဲတွေဖြစ်ပွားခဲ့တာပါ။ စက်စက်ယိုရွာအပါအဝင် လေးမျက်နှာမြို့နယ်ထဲက စစ်တပ်စခန်းတချို့ကို AA နဲ့ ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့မတ်လမှာတိုက်ပွဲတွေထဲမှာ သိမ်းယူထားခဲ့ပါ‌တယ်။ ပြီးခဲ့တဲ့နိုဝင်ဘာလကတိုက်ပွဲတွေမှာလည်း လေးမျက်နှာမြို့နယ်၊သဲနုကုန်းရွာပတ်ဝန်းကျင်က စစ်ကောင်စီရှေ့တန်းစခန်းတချို့ကို AAနဲ့ ပူး‌ပေါင်းတပ်တွေက ထပ်သိမ်းယူခဲ့ပါတယ်။

တိုက်ပွဲတွေထဲမှာအထိနာနေတဲ့စစ်တပ်က အရပ်သားပြည်သူတွေရှိတဲ့ကျေးရွာတွေကို ပစ်မှတ်ထားပြီးလေကြောင်းကနေတိုက်ခိုက်နေတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာလ၂၃ရက်နေ့က လေးမျက်နှာမြို့နယ်၊ စပြင်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သား ၂၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း AYAPDF အမှတ်(၂၉)ဗျူဟာက ထုတ်ပြန်ထားပါတယ်။

ဧရာဝတီတိုင်းထဲမှာ လေးမျက်နှာမြို့နယ်အပြင် ရေကြည်၊ သာပေါင်း၊ရွှေသောင်ယံမြို့နယ်တွေမှာလည်း တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။အဲဒီမြို့နယ်လေးခုဟာ ရခိုင်ပြည်နယ်နဲ့ ဆက်စပ်တဲ့ဒေသတွေဖြစ်ပါတယ်။

လေးမျက်နှာမြို့နယ်၊ စက်စက်ယို၊ ချင်းလယ်ကျေးရွာနဲ့ သာပေါင်းမြို့နယ်၊ သာပေါင်းကလေးကျေးရွာပတ်ဝန်းကျင်မှာ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ အာရက္ခတပ်တော်(AA)က နိုဝင်ဘာလ၁၁ရက်နေ့ညပိုင်းမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။အဲဒီဒေသတွေမှာတပ်မ(၆၆) လက်အောက်ခံတပ်ရင်း တွေဖြစ်တဲ့ ခမရ (၄)၊ ခမရ (၅)၊ ခမရ (၆)၊ ခမရ (၁၀)၊ ခလရ (၃၅)၊ ခလရ (၈၀)နဲ့ အနောက်တောင်တိုင်း စစ်ဌာနချုပ်၊ ပုသိမ်လက်အောက်ခံတပ်ရင်း တွေဖြစ်တဲ့ ခလရ (၆၃)၊ ခလရ (၂၇၁) တို့ရှိနေတယ်လို့ AA ထုတ်ပြန်ချက်မှာဖော်ပြခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် တောကျောင်းလေးကျေးရွာက ရွှေဝါရောင်ဆရာတော်ရဲ့ကျောင်းမှာ သံဃာတွေ ပဋ္ဌာန်းပွဲ ပြုလုပ်နေချိန် အာဏာသိမ်းစစ်တပ်က အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ သံဃာ ၁ပါး ဒဏ်ရာရပြီး ကျောင်းဆောင်ပျက်စီးသွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်းသရက်ချောင်းမြို့နယ် ကညင်ချောင်းကျေးရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့လို့ ကလေးငယ်အပါအဝင် ပြည်သူ ၄ဦးသေဆုံးပြီးဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်ကသတင်းထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို အာဏာသိမ်းစစ်တပ်က အောက်တိုဘာနောက်ဆုံးပတ်အတွင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်လျက်ရှိရာ ပြည်သူလူထုနေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့ရကြောင်း မင်းတပ်ဒေသခံက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ အောက်တိုဘာ ၂၉ရက်ညနေပိုင်းနဲ့ ညပိုင်းမှာ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်ခဲ့လို့ အဆောက်အအုံများစွာ ပျက်စီးခဲ့ရကြောင်း မင်းတပ်ဒေသခံက ပြောပါတယ်။