ဒီဇင်ဘာလ-၂၁၊၂၀၂၅။People’s Spring
ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီနဲ့ ဇိုမီးဖက်ဒရယ်အစည်းအရုံး-ZFU တို့ပူးပေါင်းပြီး စစ်တပ်ရွေးကောက်ပွဲဆန့်ကျင်ကြောင်း ဖော်ဆောင်သည့် ဆိုင်းဘုတ်(ပိုစတာ) များကိုမြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးလမ်းတလျှောက်ဖြစ်တဲ့ ကလေး-တီးတိန်-ရိဒ်မှာ လိုက်လံစိုက်ထူခဲ့ကြပါတယ် ။
“သင့်မဲဖြင့်တရားဝင်လူသတ်ခွင့်မပေးနဲ့” စာတမ်းရေးထားတဲ့ ဆိုင်းဘုတ်တွေကို သွားရောက်ချိတ်ဆွဲတာမှာ အကူအညီပေးခဲ့တဲ့ အဖွဲ့အစည်းတွေကို လည်းကျေးဇူးတင်ရှိတယ်လို့လည်း သပိတ်အဖွဲ့တွေက အသိပေးပါတယ် ။
လွတ်မြောက်ဒေသ တော်လှန်ရေးအဖွဲ့စိုးမိုးဒေသတွေမှာ စစ်အုပ်စုကရွေးကောက်ပွဲ ကျင်းပနိုင်ဖို့အပြင်းအထန် စစ်ကြောင်းထိုးနေသလို ၊ မြို့ပြနဲ့စစ်တပ် ထိန်းချုပ်ထားတဲ့ ဒေသတွေက ပြည်သူတွေကို သေနတ်မိုးပြီး အတင်းအကြပ် မဲထည့်ခိုင်းမှာ အသေအချာပင် ဖြစ်တယ်လို့လည်း ဖော်ပြပါတယ်။ဒါပေမယ့် စစ်တပ်စိုးမိုးတဲ့ဒေသတွေကပြည်သူတွေအနေနဲ့လည်း စစ်တပ်ရဲ့အတုအယောင် ရွေးကောက်ပွဲကို အလုံခြုံဆုံး နည်းလမ်းတွေနဲ့ ဆန့်ကျင်ပေးကြဖို့ ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီနဲ့ ဇိုမီးဖက်ဒရယ်အစည်းအရုံး-ZFU တို့ကမေတ္တာရပ်ခံခဲ့ပါတယ်။

Public Service Announcement






















































