Connect with us

Hi, what are you looking for?

သတင်း

သိမ်ဇရပ်မြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းတွေကို တော်လှန်ရေးအဖွဲ့တွေ လက်နက်ကြီးတွေ ပစ်ခတ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့ အခြေစိုက် ခမရ(၂၀၇)တပ်ရင်းနဲ့ အမြောက်တပ် (၃၁၀)တပ်အတွင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ပဲခူးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ (ဒီဇင်ဘာ ၂၄ရက်)မှာ ထုတ်ပြန်ပါတယ်။

Screenshot

ဒီဇင်ဘာ-၂၄ ၊ ၂၀၂၅။မိုမို/People’s Spring

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့ အခြေစိုက် ခမရ(၂၀၇)တပ်ရင်းနဲ့ အမြောက်တပ် (၃၁၀)တပ်အတွင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ပဲခူးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ (ဒီဇင်ဘာ ၂၄ရက်)မှာ ထုတ်ပြန်ပါတယ်။

တပ်မဟာ (၁)၊ရင်း (၃) KNU ဇီးပြောင်းကျေးနယ်ကာကွယ်ရေးရေးအဖွဲ့၊ဒေါနတပ်ရင်းနဲ့ ပဲခူးခရိုင်လက်နက်ကြီးတပ်ဖွဲ့တို့ ပူးပေါင်းပြီး ဒီဇင်ဘာ ၂၁ရက်က တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ရန်သူဘက်မှ ထိခိုက်ကျဆုံးမှု အခြေအနေမသိရသေးပါ”လို့ ပဲခူးခရိုင်ပကဖက အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

“သိမ်ဇရပ်မှာက ရဲစခန်းနဲ့ တပ်ရင်းတွေရဲ့ ကာကင်းသုံးခုလောက်ရှိတယ်။​တနေ့က လက်နက် ကြီးနဲ့ပစ်တယ်လို့တော့ ကြားပေမယ့် ဘာဆက်ဖြစ်တယ်မသိရသေးဘူး”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ပဲခူးခရိုင်ပကဖစစ်ကြောင်းဟာ အမှတ်(၁) စစ် ဆင်ရေးနယ်မြေ၊ အထူးတိုင်းစစ်ဌာနရဲ့ စစ်ဆင်ရေးကွပ်ကဲမှူအတွင်းမှာရှိတဲ့ ဝေါ၊ကဝ၊သနပ္ပင်၊ပဲခူး (အင်းတကော်၊ ဘုရားကြီး၊ပဲခူး) မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)တွေနဲ့ ပေါင်းစည်းထားပါတယ်။

စစ်တောင်းမြစ်ဝှမ်းထိန်းချုပ်နိုင်ရေးအတွက် တော်လှန်ရေး အင်အားစုတွေနဲ့ စစ်ကောင်စီတပ်ကြားမှာ စစ်ရေးပြင်ဆင်တာ၊အင်အားတိုးနေတာနဲ့ တိုက်ပွဲတွေလည်း ဆက်ရှိပါတယ်။

စစ်တောင်းမြစ်ရဲ့အနောက်ဘက်က ရေတာရှည်၊ထန်းတပင်နဲ့ ညောင်လေးပင်မြို့နယ်တွေမှာ အောက်တိုဘာက တိုက်ပွဲတွေဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က တပ်ရင်းမှူးအဆင့်ရှိသူတွေအပါအဝင် ၂၀ ဝန်းကျင် သေဆုံးခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့ ထိခိုက် ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

သိမ်ဇရပ်မြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းတွေကို တော်လှန်ရေးအဖွဲ့တွေ လက်နက်ကြီးတွေ ပစ်ခတ် ဒီဇင်ဘာ-၂၄ ၊ ၂၀၂၅။မိုမို/People…

Posted by People's Spring on Tuesday 23 December 2025

ရုပ်သံ – ပဲခူးခရိုင် ပကဖ

ဆက်စပ်သတင်းများ

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း​တွေကို အာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်က ကျေးရွာတစ်ရွာကို စစ်တပ်က စက်တင်ဘာ ၁၉ရက်မနက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်မှာရှိတဲ့ကြသောင်းဆိပ်ရွာက စာသင်ကျောင်းကိုမနေ့ (စက်တင်ဘာ ၁၉ ရက်)ညပိုင်းကအာဏာသိမ်းစစ်တပ်ကဗုံးကြဲတာကြောင့်စာသင်ကျောင်းနဲ့ နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။