Connect with us

Hi, what are you looking for?

သတင်း

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်လေတပ်ဝင်းအတွင်း ပေါက်ကွဲသံတွေထွက်ပေါ်နေ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ) လေတပ်ဝင်းအတွင်းမှာ ဒီနေ့(ဒီ‌ဇင်ဘာ ၂၆ရက်) မနက်ပိုင်းမှာ ပေါက်ကွဲသံတွေဆက်လက်ထွက်ပေါ်နေပြီး လက်နက်ကြီးပစ်ခတ်သံတွေလည်း ကြားနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ စစ်တပ်က ရွေးကောက်ပွဲမဲပေးဖို့ လေ့ကျင့်နေစဉ်။ ဓာတ်ပုံ - စစ်ကောင်စီ

ဒီဇင်ဘာ-၂၆၊၂၀၂၅။ဇော်ရမ်း/People’s Spring

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ) လေတပ်ဝင်းအတွင်းမှာ ဒီနေ့(ဒီ‌ဇင်ဘာ ၂၆ရက်) မနက်ပိုင်းမှာ ပေါက်ကွဲသံတွေဆက်လက်ထွက်ပေါ်နေပြီး လက်နက်ကြီးပစ်ခတ်သံတွေလည်း ကြားနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

” ဒီ‌နေ့လည်း မနက် ၇နာရီကတည်းက ဆူပွက်နေတာပဲ။ ပေါက်ကွဲသံတွေကြားနေရတယ်။ မြစ်( ဧရာဝတီမြစ်) အရှေ့ဘက်ကမ်းကရော၊ အနောက်ဖက်ကမ်းကရောကြားရတာ”လို့ မြစ်ကြီးနားမြို့ခံတစ်ဦးက ပြောပါတယ်။

မြစ်ကြီးနားမြို့၊ မော်ဖောင်းရပ်ကွက်၊ နမ့်ပေါင်ကျေးရွာမှာရှိတဲ့ လေတပ်ဝင်းဟာ ဒီဇင်ဘာ ၂၅ရက် မနက် ၉နာရီခန့်မှာ တိုက်ခိုက်ခံရပြီး ဒီနေ့မနက်မှာလည်း ပေါက်ကွဲသံတွေ ဆက်လက်ထွက်ပေါ်နေတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

” နမ့်ပေါင်ထဲကနေ လက်နက်ကြီးနဲ့ ပြန်ပစ်သံလည်းကြားတယ်။ ဆယ်မိနစ်တစ်ခါလောက် ကြားနေရတယ်။ စစ်ရေးကတော့ ဘာမှန်း ကျနော်တို့ပြောမတတ်ဘူး”လို့ မော်ဖောင်းရပ်ကွက်မှာ နေသူတစ်ဦးကပြောပါတယ်။

မနေ့က ဖြစ်စဉ်ဟာ နမ့်ပေါင်လေတပ်ထဲကို ရှော့တိုက်ဒုန်းနဲ့ တိုက်ခိုက်ခံရတာဖြစ်ပြီး တိုက်လေယာဉ်တစ်စီးနဲ့နဲ့ ဟတ်စကီးတစ်စီးကို ထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့ သတင်းတွေ ထွက်ခဲ့ပါတယ်။မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် လေတပ်ဝင်း တိုက်ခိုက်ခံရမှုနဲ့ ဒီနေ့ထွက်ပေါ်နေတဲ့ပေါက်ကွဲသံတွေနဲ့ပတ်သက်ပြီးအသေးစိတ်အခြေအနေကို မသိရှိရသေးပါဘူး။

လေတပ်ဝင်းတိုက်ခိုက်ခံရပြီးတဲ့နောက် စစ်ကောင်စီတပ်က ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ထိန်းချုပ်ဒေသ လိုင်ဇာကို လေကြောင်းကနေ ဗုံးကြဲခဲ့ပါတယ်။ လက်ရှိမှာ KIAဟာ ဗန်းမော်မြို့သိမ်းတိုက်ပွဲကိုအရှိန်မြှင့်နေပြီး တိုက်ပွဲတွေအပြင်းအထန်ဖြစ်နေတယ်လို့ သတင်းရရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်း စုန်ဆင်းလာတဲ့စစ်သင်္ဘောတွေ ဒီက​နေ့ မနက်မှာ မန္တလေး ​ဂေါဝိန်ဆိပ်ကမ်းကိုဆိုက်ကပ်ပြီးဒဏ်ရာရစစ်သားအများစုကို ပြင်ဦးလွင်စစ်ဆေးရုံကိုပို့ထားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။

သတင်း

ဗန်းမော်ကို စစ်အင်အားဖြည့်ဖို့ ကြိုးပမ်းတဲ့ စစ်တပ်ရဲ့ မြစ်ကြောင်းစစ်ဆင်ရေး ကျရှုံးမှုများခဲ့၊ ဇင်းဘုံဒေသမှာ စစ်တပ် ဆက်ရှိနေလို့ စစ်ရေးတင်းမာ

သတင်း

ကချင်နဲ့ရခိုင်ပြည်နယ်ကို ကြည်းရေလေစစ်ဆင်ရေးနဲ့ ထိုးစစ်ဆင်​ပေမယ့် ဧရာဝတီမြစ်​ကြောင်းတိုက်ပွဲမှာစစ်ရှုံးခဲ့ပြီး​နောက်အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်က ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူးဗိုလ်ချုပ်ကြီးကိုကိုဦး ကိုပြည်ထဲရေးဝန်ကြီးအဖြစ် အရပ်ဖက်ရာထူးပူးတွဲခန့်အပ်လိုက်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် စင်းခန်းတံတား(ကားလမ်း၊ ရထားလမ်းပါ ဧရာ၀တီမြစ်ကူးတံတား)ကို စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ပြီလို့ စစ်ကောင်စီ ဝါဒဖြန့်နေပေမဲ့ အခြေအနေဟာ ပြောင်းပြန် အနေအထားဖြစ်ပြီး ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ဆက်လက်စိုးမိုးထိန်းချုပ်ထားဆဲဖြစ်တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။