Connect with us

Hi, what are you looking for?

သတင်း

ပလိပ်-စကားအင်း လမ်းပိုင်းမှာအဝေးပြေးကား မီးလောင်

မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ် ၊ပလိပ်- စကားအင်းလမ်းပိုင်းမှာ အဝေးပြေး ခရီးသည်တင်ကားတစ်စီး ဒီနေ့ (ဒီဇင်ဘာ ၃၁ ရက်) မနက် ၆ နာရီ ၄၀ မိနစ်မှာ မီးလောင်မှုဖြစ်ပွားတယ်လို့ မီးသတ်က ထုတ်ပြန်ပါတယ်။

ဓာတ်ပုံ - မီးသတ်

ဒီဇင်ဘာ – ၃၁ ၊၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring

မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ် ၊ပလိပ်- စကားအင်းလမ်းပိုင်းမှာ အဝေးပြေး ခရီးသည်တင်ကားတစ်စီး ဒီနေ့ (ဒီဇင်ဘာ ၃၁ ရက်) မနက် ၆ နာရီ ၄၀ မိနစ်မှာ မီးလောင်မှုဖြစ်ပွားတယ်လို့ မီးသတ်က ထုတ်ပြန်ပါတယ်။

ပလိပ် – စကားအင်းလမ်းပိုင်း ၊ ကြေးနီကန်ကျေးရွာအနီးမှာ အဝေးပြေးကားမီးလောင်တာကြောင့် မိနစ် ၂၀ နီးပါး ငြိမ်းသတ်ခဲ့ရတယ်လို့မီးသတ်ကဆိုပါတယ်။

မီးလောင်မှုကြောင့်လူထိခိုက်မှုမရှိပေမယ့်ကားတစ်စီးလုံးမီးလောင်ပျက် စီးသွားခဲ့ပါတယ်။မီးစတင်လောင်တဲ့အကြောင်းအရင်းကိုတော့ မသိရသေးပါဘူး။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော်မှာ မူကြိုကျောင်းတစ်ခု မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ကလေးတွေနဲ့ ဆရာ ဆရာမ စုစုပေါင်း လူ ၃၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

သတင်း

ကရင်ပြည်နယ်၊မြ၀တီမြို့ကနေအိမ်တစ်လုံးမှာဒီနေ့ (ဇွန်လ၁၉ ရက်) နေ့ခင်းပိုင်းကမီးလောင်မှုဖြစ်ရာကလေးနှစ်ဦးသေဆုံးသွားပြီးသက်ကြီးပိုင်းအမျိုးသားတစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ မြ၀တီမီးသတ်ကသတင်းထုတ်ပြန်ပါတယ်။

သတင်း

အိန္ဒိယနိုင်ငံ၊ဒေလီမြို့တော်ကဟိုတယ်နဲ့ စားသောက်ဆိုင် တွဲဖွင့်ထားရာ အဆောက်အအုံတစ်လုံးမှာ မီးလောင်မှု ဖြစ်ပွားပြီး အနည်းဆုံး ၂၁ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်မှာ စစ်ကောင်စီရဲ့ယာဥ်ထိန်းရဲကင်း မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။