Connect with us

Hi, what are you looking for?

သတင်း

KNUတပ်မဟာ(၄)နယ်မြေမှာ စစ်တပ် ရွေးကောက်ပွဲ ဆန္ဒပြ

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄)နယ်မြေမှာ စစ်ကောင်စီ ရဲ့ ရွေးကောက်ပွဲ ဆန့်ကျင်တဲ့ ဆန္ဒပြပွဲကို ဆက်လက်ပြုလုပ်လျက်ရှိကြောင်း KNU မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။

Screenshot

ဇန်နဝါရီ-၃၊ ၂၀၂၆။ ဟန်နွေ/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄)နယ်မြေမှာ စစ်ကောင်စီ ရဲ့ ရွေးကောက်ပွဲ ဆန့်ကျင်တဲ့ ဆန္ဒပြပွဲကို ဆက်လက်ပြုလုပ်လျက်ရှိကြောင်း KNU မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။

စစ်တပ်ရွေးကောက်ပွဲ ကျင်းပခဲ့တဲ့ ၂၀၂၅ ဒီဇင်ဘာ ၂၈ရက် မတိုင်ခင်ကလည်း KNU မြိတ်ထားဝယ်ခရိုင်အတွင်း နယ်မြေတွေမှာ ကရင်လူငယ်တွေဦးဆောင်တဲ့ စစ်တပ်ရွေးကောက်ပွဲ ဆန္ဒထုတ်ဖော်မှုတွေ လုပ်ဆောင်ခဲ့သလို ၂၀၂၆ ဇန်နဝါရီ လဆန်းမှာလည်း ဆန္ဒပြပွဲ ဆက်ရှိနေကြောင်း အသိပေးထုတ်ပြန်ခဲ့တာပါ။

ဇန်နဝါရီ ၁ရက်က KNU မြိတ်ထားဝယ်ခရိုင် လယ်မူလား(ပုလော)မြို့နယ်မှာ ပြုလုပ်ခဲ့တဲ့ ဒေသခံ ပြည်သူတွေ ရဲ့ စစ်တပ်ရွေးကောက်ပွဲ ဆန္ဒထုတ်ဖော်မှု ရုပ်သံကို မနေ့က ဇန်နဝါရီ ၂ရက် ညပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ပုလောဒေသခံတွေက စစ်တပ်ရွေးကောက်ပွဲ အလိုမရှိ၊ စစ်အာဏာရှင် အလိုမရှိ၊ အတုအယောင်ရွေးကောက်ပွဲ အလိုမရှိ ဟု ကြွေးကြော်ကာ လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။

“ဘာဖြစ်လို ဒီလိုဆက်ပြီးတော့ ဆန္ဒပြရတဲ့ အကြောင်းအရင်းက စစ်အာဏာရှင် လုပ်တဲ့ ရွေးကောက်ပွဲကို လက်မခံလို့ ကျနော်တို့ဆန္ဒဖော်ထုတ်နေတာ။ စစ်အာဏာရှင် သို့မဟုတ် စစ်အစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာ ကျနော်တို့က မရှင်သန်ချင်တော့ဘူး။ မနေချင်တော့ဘူး။ ကျနော်တို နေလာတာလည်း နှစ်ပေါင်းများစွာ ရှိပြီလေ။ အဲဒါကြောင့်မို့လို့ ဒါတွေ မခံစားချင်တော့လို့ကျနော်တို့ ဆန္ဒဖော်ထုတ်တာဖြစ်တယ်” KNU မြိတ်ထားဝယ်ခရိုင် ကရင်လူငယ်ခေါင်းဆောင်တဦးက ပြောပါတယ်။

ဒီဇင်ဘာလကုန်ပိုင်းကလည်း တနင်္သာရီမြို့နယ် မောတောင်မြို့၊ ထားဝယ်မြို့နယ် ထီးမိုပွာဒေသ၊ ကစယ်ဒို(သရက်ချောင်း)မြို့နယ် တို့မှာ ကရင်လူငယ်တွေ ဦးဆောင်ပြီး ဒေသခံ ပြည်သူတွေ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

အလားတူ KNU အခြားခရိုင်နဲ့ တပ်မဟာ အသီးသီးမှာလည်း စစ်တပ်ရွေးကောက်ပွဲ ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေကို နည်းမျိုးစုံနဲ့လုပ်ဆောင်ခဲ့ပြီး KNU တပ်မဟာ(၁)သထုံခရိုင် ၊ တပ်မဟာ(၅) ဖာပွန်ခရိုင်တို့မှာလည်း ဒေသခံ ပြည်သူအများအပြား ပါဝင်တဲ့ဆန္ဒပြပွဲတွေ ပြုလုပ်ကာ စစ်တပ်ရွေးကောက်ပွဲ ဆန့်ကျင် ကြောင်း ပြသခဲ့ပါတယ်။

ရုပ်သံ – KNU-MTD

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ် -ထားဝယ်ခရိုင် တပ်မဟာ(၄)က သိမ်းပိုက်ထားတဲ့ လယ်မူလား(ပုလော)မြို့နယ် လယ်ဖဒို (ကျောက်လုံးကြီး)ရွာက တပ်စခန်းကို အာဏာသိမ်းစစ်တပ်က ပြန်ထိုးစစ်ဆင်လာလို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KNU မြိတ်ထားဝယ်ခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

အာဆီယံထိပ်သီးညီလာခံကို စစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်ရဖို့ မသေချာ

အတွေးအမြင်

သုံးကြိမ်တိုင်တိုင် အသုတ်ခွဲပြုလုပ်ခဲ့တဲ့ စစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ ပြီးဆုံးသွားခဲ့ပါပြီ။ မကြာခင်ရက်ပိုင်းအတွင်းမှာ စစ်တပ်ကလွှတ်တော်အသီးသီးကို ကျင်းပတော့မှာဖြစ်ပြီး၊ ဆက်တိုက်ဆိုသလိုပဲစစ်တပ်နဲ့ ကြံ့ခိုင်ရေးပါတီတို့ပူးပေါင်းကာစစ်တပ်ကပဲအ​ပေါ်ယံ​ပြောင်းထားတဲ့ ဟန်ပြအစိုးရသစ်တစ်ရပ် ဖွဲ့စည်းတော့မှာ ဖြစ်ပါတယ်။

ဘာသာပြန်ဆောင်းပါး

အာဏာသိမ်းစစ်ကောင်စီ ကျင်းပခဲ့တဲ့ရွေးကောက်ပွဲဟာ တော်လှန်ရေးအင်အားစုတွေ ကြိုးပမ်းနေတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးကို စနစ်တကျပိတ်ဆို့ တားဆီးဖို့ ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ(CRPH) ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က ပြောကြားခဲ့ပြီး တော်လှန်ရေးအင်အားစုတွေ ပိုမိုညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ပြီး ကြိုးပမ်းဖို့ တိုက်တွန်းလိုက်ပါတယ်။