Connect with us

Hi, what are you looking for?

သတင်း

KNU တပ်မဟာ(၄)သိမ်းထားတဲ့ ကျောက်လုံးကြီးတပ်စခန်း ပြန်ရဖို့ စစ်တပ်ထိုးစစ်ဆင်လာလို့ တိုက်ပွဲဖြစ်

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ် -ထားဝယ်ခရိုင် တပ်မဟာ(၄)က သိမ်းပိုက်ထားတဲ့ လယ်မူလား(ပုလော)မြို့နယ် လယ်ဖဒို (ကျောက်လုံးကြီး)ရွာက တပ်စခန်းကို အာဏာသိမ်းစစ်တပ်က ပြန်ထိုးစစ်ဆင်လာလို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KNU မြိတ်ထားဝယ်ခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ် -ထားဝယ်ခရိုင် တပ်မဟာ(၄)က သိမ်းပိုက်ထားတဲ့ လယ်မူလား(ပုလော)မြို့နယ် လယ်ဖဒို (ကျောက်လုံးကြီး)ရွာက တပ်စခန်းကို အာဏာသိမ်းစစ်တပ်က ပြန်ထိုးစစ်ဆင်လာလို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KNU မြိတ်ထားဝယ်ခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

ဇွန်-၃၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ် -ထားဝယ်ခရိုင် တပ်မဟာ(၄)က သိမ်းပိုက်ထားတဲ့ လယ်မူလား(ပုလော)မြို့နယ် လယ်ဖဒို (ကျောက်လုံးကြီး)ရွာက တပ်စခန်းကို အာဏာသိမ်းစစ်တပ်က ပြန်ထိုးစစ်ဆင်လာလို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KNU မြိတ်ထားဝယ်ခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

အင်အား ၈၀ကျော်ရှိတဲ့ ကျောက်လုံးကြီးစခန်းကို KNLA တပ်မဟာ(၄)က မေလ ၁၉ရက်မှာ စတင်ထိုးစစ်ဆင်ခဲ့ရာ တိုက်ပွဲ ၁၁ရက်မြောက် မေလ ၂၉မှာ တပ်စခန်းကို သိမ်းနိုင်ခဲ့တာပါ။

စစ်ကောင်စီတပ်ဖွဲ့ဝင် အားလုံးနီးပါး ထွက်ပြေးသွားလို့ စခန်းသိမ်းရခဲ့တာဖြစ်ပြီး လက်နက်ခဲယမ်းအများအပြား ရရှိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

” စခန်းသိမ်းပြီး စကစက ပြန်ဝင်လာတဲ့ အပိုင်းရှိတော့ အဲဒီမှာ တိုက်ပွဲဖြစ်တယ်။ အခုလက်ရှိ သိမ်းထားတဲ့စခန်းက ဗျူဟာရဲ့ ကာကင်းဖြစ်တယ်။ အဲဒီကာကင်းက လက်လွှတ်လိုက်ရတော့ ဗျူဟာက ပြန်လာပြီးတော့ ပြန်ထိုင်ဖို့ အဲဒီမှာ တိုက်ပွဲဖြစ်တယ်”လို့ KNU မြိတ်ထားဝယ်ခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

အရင်က စစ်ကောင်စီတပ်ဟာ ကျောက်လုံးကြီးဗျူဟာမှာ ဗျူဟာ စခန်းချတပ်စွဲထားတာဖြစ်ပါတယ်။ ကျောက်လုံးကြီးစခန်းမှာ စစ်တပ်ရဲ့ ကမ်းရိုးတန်းတိုင်းစစ်ဌာန‌ချုပ်၊ အမှတ်(၂)ဗျူဟာက တပ်စွဲထားတာဖြစ်ပြီး ၂၀၂၄ ဇွန်လမှာ စစ်တပ်က စခန်းစွန့်သွားတာဖြစ်ပါတယ်။

” အောင်သာ၀ရ စခန်းသိမ်းတဲ့အချိန်မှာ အဲဒီ ဗျူဟာစခန်းက သူတို့ ဆုတ်ခွာသွားတာ။ ဆုတ်ခွာပြီးတော့ အခြား တောင်ကုန်းတခုမှာ ဗျူဟာပြန်ထိုင်တယ်။ အဲဒီ ကျောက်လုံးကြီးရွာနဘေးမှာ ရှိတဲ့ စခန်းကတော့ သူတို့ ဗျူဟာရဲ့ ကာကင်းအနေနဲ့ တပ်ရင်း ၄၃၃ ကနေ အထိုင်ချတယ်။ ပြီးခဲ့တဲ့ လမှာ အဲဒီ အထိုင်ချတဲ့ ၄၃၃ တပ် ကာကင်းစခန်းကို ကျနော်တို့ တက်သိမ်းတယ်။ တက်သိမ်းတော့ အကုန်လုံးက ထွက်ပြေးတယ်။ ထွက်ပြေးတယ်ဆိုတာ သူတို့က စခန်းကို စွန့်ခွာပြီးတော့ ဗျူဟာဘက်ကို စွန့်ခွာသွားတဲ့ပုံရတယ်။ အဲဒီ ဗျူဟာကလည်း စစ်ကြောင်းပြန်ထိုးတယ်။ အဲဒီ ချောင်းမကြီးဘေး ကျောက်လုံးကြီးရွာဘက်မှာ တိုက်ပွဲဖြစ်တယ်”လို့ KNU မြိတ်ထားဝယ်ခရိုင်သတင်းရင်းမြစ်က ရှင်းပြပါတယ်။

ကျောက်လုံးကြီးစခန်းသိမ်းတိုက်ပွဲမှာလည်း စစ်တပ်က သေဆုံးမှုရှိခဲ့ကြောင်း သတင်းရင်းမြစ်က ပြောပါတယ်။

စစ်တပ်ဟာ ကျောက်လုံးကြီး ကျေးရွာအလယ်နဲ့ ကျေးရွာ ခရစ်ယာန် ဘုရားကျောင်းကုန်းမှာ နှစ်ပေါင်း ၂၀ကျော်ကြာ တပ်စွဲထားတာဖြစ်ပါတယ်။ အဲဒီ စခန်းသိမ်းတိုက်ပွဲကို KNU၊ KNLA တပ်မဟာ ၄၊ အမှတ်(၁)ဗျူဟာလက်အောက်ခံ KNDO တပ်ရင်း(၇)၊ KNLA တပ်ရင်း(၁၁, ၂ဝ၃)၊ တပ်မဟာ(၄) Drone အဖွဲ့ တပ်ဖွဲ့ဝင်များပါဝင်တဲ့ ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

(ကျောက်လုံးကြီးစခန်းကို တော်လှန်ရေးတပ်တွေသိမ်းပိုက်အပြီး သိမ်းရသော လက်နက်ခဲယမ်းတွေ။ ဓာတ်ပုံ – KNU-MTD)

ဆက်စပ်သတင်းများ

သတင်း

တိုက်ပွဲဝင်ရဲဘော်တွေနဲ့ အားပေးကူညီသူတွေကို KNU မြိတ်ထားဝယ်ခရိုင်နဲ့ တပ်မဟာ(၄) ဂုဏ်ပြု

သတင်း

တနင်္သာရီတိုင်း ပုလောမြို့နယ် ကျောက်လုံးကြီးရွာမှာ တပ်စွဲထားတဲ့ စစ်တပ်စခန်းကို မေလ ၂၉ရက်မှာ သိမ်းပိုက်နိုင်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄)နယ်မြေမှာ စစ်ကောင်စီ ရဲ့ ရွေးကောက်ပွဲ ဆန့်ကျင်တဲ့ ဆန္ဒပြပွဲကို ဆက်လက်ပြုလုပ်လျက်ရှိကြောင်း KNU မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။

သတင်း

စစ်အာဏာရှင်စနစ်ကိုအမြစ်ဖြတ်တိုက်ထုတ်ရန်ကရင်အမျိုးသားအစည်း အရုံး(KNU) မြိတ်-ထားဝယ်ခရိုင် ဥက္ကဋ္ဌ ပဒိုစောဖလိုစိုးဝင်းနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်မဟာမှူးဗိုလ်မှူးချုပ်စောလေးထောက ယနေ့ ဩဂုတ် ၁၂ရက်က မြိတ်-ထားဝယ်ခရိုင်၌ ကျင်းပသည့် ကရင်အာဇာနည်နေ့ အခမ်းအနား၌ ပြောကြားခဲ့သည်။