Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမြို့လယ်ကမီး နေအိမ် ၅လုံးထက်မနည်း ပြာကျ၊ အမျိုးသမီးတစ်ဦး အရေးပေါ်ပို့ရ

မန္တလေးမြို့လယ်မှာ ဒီကနေ့ ညနေပိုင်းက လောင်ကျွမ်းခဲ့တဲ့မီးကြောင့် နေအိမ် ၅ လုံးထက်မနည်း ပျက်စီးဆုံးရှုံးခဲ့ပြီး အမျိုးသမီးတစ်ဦး မီးခိုးမွှန်လို့ ဆေးရုံပို့လိုက်ရကြောင်း သတင်းရရှိပါတယ်။

မီးလောင်ကျွမ်းမှုကြောင့် ပျက်စီးခဲ့သော နေအိမ်များအား တွေ့ရစဥ်။ ဓါတ်ပုံ-MFSD

ဇန်နဝါရီ-၁၄၊ ၂၀၂၆ ​မေရီ/People’s Spring

မန္တလေးမြို့လယ်မှာ ဒီကနေ့ ညနေပိုင်းက လောင်ကျွမ်းခဲ့တဲ့မီးကြောင့် နေအိမ် ၅ လုံးထက်မနည်း ပျက်စီးဆုံးရှုံးခဲ့ပြီး အမျိုးသမီးတစ်ဦး မီးခိုးမွှန်လို့ ဆေးရုံပို့လိုက်ရကြောင်း သတင်းရရှိပါတယ်။

ဒီကနေ့ ဇန်နဝါရီ ၁၄ ရက် ညနေ ၅ နာရီ မိနစ် ၂၀ဝန်းကျင်က မန္တလေးမြို့လယ်၊ ချမ်းအေးသာစံမြို့နယ်၊ ၃၄လမ်းနဲ့ ၃၅ လမ်းကြား၊ ၈၂ လမ်းနဲ့ ၈၃ လမ်းကြားမှာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပါတယ်။

နာရီဝက်ခန့်ကြာအောင် မီးလောင်ကျွမ်းမှုကြောင့် နေအိမ် ၅ လုံးထက်မနည်း ပျက်စီးပြီး အမျိုးသမီးတစ်ဦး မီးခိုးမွှန်ကာ အရေးပေါ်ကားနဲ့ဆေးရုံပို့လိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ဝင်းကြားထဲလောင်တာ။ မီးတွေက အဝေးကတောင် လှမ်းမြင်ရတယ်”လို့ မန္တလေးမြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၃ ရက်ကလည်း ဒီကနေ့ မီးလောင်မှုဖြစ်တဲ့ ချမ်းအေးသာစံမြို့နယ်မှာပဲ ၃၅ လမ်း ၇၃ လမ်းနဲ့ ၇၄ လမ်းကြားမှာ မီးလောင်ကျွမ်းမှုဖြစ်ပွားပြီး နေအိမ်အချို့ ပျက်စီးခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ ဆိုင်ကယ်စီးနင်းလာသူ အမျိုးသားတစ်ဦး အုပ်စုဖွဲ့ ဆိုင်ကယ်လုယက် ခံလိုက်ရပါတယ်။

သတင်း

အိန္ဒိယနိုင်ငံ၊ဒေလီမြို့တော်ကဟိုတယ်နဲ့ စားသောက်ဆိုင် တွဲဖွင့်ထားရာ အဆောက်အအုံတစ်လုံးမှာ မီးလောင်မှု ဖြစ်ပွားပြီး အနည်းဆုံး ၂၁ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

မန္တလေးမြို့မှာ စုံ/မစနစ်နဲ့ မော်တော်ယာဥ်တွေ ပြန်လည်ဖမ်းဆီးလာပြီး ယာဥ်အများအပြား ဖမ်း​ဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။