Connect with us

Hi, what are you looking for?

သတင်း

တအာင်းတော်လှန်ရေးနေ့ ဂုဏ်ပြုသဝဏ်လွှာပေးပို့တဲ့ အဖွဲ့တွေကို ကျေးဇူးတင်ကြောင်း TNLA ထုတ်ပြန်

တအာင်းအမျိုးသားတော်လှန်ရေးနေ့မှာ ဂုဏ်ပြုသဝဏ်လွှာတွေ ပေးပို့ကြတဲ့ မဟာမိတ်အဖွဲ့အစည်းတွေ၊ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ နွေဉီးတော်လှန်ရေး အဖွဲ့အစည်းအသီးသီးအား မှတ်တမ်းတင် ကျေးဇူးတင်ကြောင်း တအာင်းတပ်မတော်(TNLA)က သဝဏ်လွှာ ပေးပို့တဲ့ အဖွဲ့အစည်းအမည်တွေကို ဖော်ပြ ပါတယ်။

၆၃) နှစ်ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့ ကျင်းပသည့် မြင်ကွင်း။ ဓာတ်ပုံ - TNLA

ဇန်နဝါရီ ၁၅၊ ၂၀၂၆။ထားမြတ်/People’s Spring

တအာင်းအမျိုးသားတော်လှန်ရေးနေ့မှာ ဂုဏ်ပြုသဝဏ်လွှာတွေ ပေးပို့ကြတဲ့ မဟာမိတ်အဖွဲ့အစည်းတွေ၊ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ နွေဉီးတော်လှန်ရေး အဖွဲ့အစည်းအသီးသီးအား မှတ်တမ်းတင် ကျေးဇူးတင်ကြောင်း တအာင်းတပ်မတော်(TNLA)က သဝဏ်လွှာ ပေးပို့တဲ့ အဖွဲ့အစည်းအမည်တွေကို ဖော်ပြ ပါတယ်။

ဇန်နဝါရီလ ၁၂ရက်နေ့မျာ ကျရောက်တဲ့ (၆၃)နှစ်ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့ အခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန အပါအဝင် အဖွဲ့အစည်းတွေနဲ့ တပ်ပေါင်းစုအဖွဲ့ တွေက ဂုဏ်ပြု သဝဏ်လွှာ ပေးပို့ခဲ့တာ တွေ့ရပါတယ်။

“အာဏာရှင်စနစ်ကျဆုံးရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးတို့အပါအဝင် တအာင်းတစ်မျိုးသားလုံး အဖိနှိပ်ခံဘဝလွတ်မြောက်ရေးနှင့် တအာင်းပြည်နယ်တည်ဆောက်ရေးအတွက် တော်လှန်တိုက်ပွဲဝင်နေသည့် မိမိတို့ PSLF/TNLA အဖွဲ့အစည်းထံ မဟာမိတ်အဖွဲ့အစည်းများ၊ တော်လှန်ရေးအဖွဲ့အစည်းများနှင့် နွေဉီးတော်လှန်ရေး အဖွဲ့အစည်းအသီးသီးမှ ပေးပို့ကြသော ဂုဏ်ပြုသဝဏ်လွှာများကို မှတ်တမ်းတင်ထားပြီး ၎င်းအဖွဲ့အစည်းအသီးသီးအား အထူးကျေးဇူးတင်ရှိပါသည်” လို့ TNLAက ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

သဝဏ်လွှာ ပေးပို့ခဲ့ကြတဲ့ အဖွဲ့တွေထဲမှာ TNLA ရဲ့ညီနောင်မဟာမိတ် နှစ်ဖွဲ့ဖြစ်တဲ့ မြန်မာနိုင်ငံအမှန်တရားနဲ့တရားမျှတသော အမျိုးသားပါတီ (MNTJP/MNDAA) ၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA)၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာန စစ်ရုံးချုပ် ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) တို့ ပါဝင်ကြောင်း ထုတ်ပြန်ပါတယ်။

ဒါ့အပြင် မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် – BPLA၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA၊ စစ်ကိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး – DPLF//DPLA၊ အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးအဖွဲ့ ကျောက်မဲခရိုင်၊ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု SRA၊ ရှမ်းပြည်နယ်မြောက်ပိုင်းမဟာမိတ်တပ်တော် (N.S.S.A.A)၊ နိုင်ငံတကာရောက် တအာင်းအဖွဲ့အစည်း- ITC၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ – PNFC တို့လည်း သဝဏ်လွှာ ပေးပို့ပါတယ်။

မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)/ရာမညမွန်တပ်တော်(NMSP-AD/RMA)၊ တအာင်းပြည်ကောင်စီ – TLC၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် မိုးကုတ်ဗျူဟာ၊ ဗမာ့တပ်တော် BAMAR ARMY၊ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး(BLDF) ၊ International Ta’ang Community (ITC)၊ ပြည်သူ့တော်လှန်ရေးတပ်ဉီး – PRF တို့ကလည်း ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။

ဒီနှစ် တအာင်းအမျိုးသားတော်လှန်ရေးနေ့ အခမ်းအနားကို TNLA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မန်တုံမြို့မှာ ပြုလုပ်ခဲ့ရာ အင်အား ၁၅၀၀ ကျော်နဲ့ စစ်ရေးပြ တာလည်း ပါဝင်ပါတယ်။ဒါ့အပြင် အခမ်းအနားကို ပြည်သူလူထု သောင်းချီ ပါဝင်ခဲ့ကြောင်းလည်း TNLAက ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့က ကောင်းတပ်ကျေးရွာပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးကော်မတီရဲ့ အလှူခံဌာနကို ဇွန်လ ၁၅ရက်မှာ ပိတ်သိမ်းရပ်ဆိုင်းသွားမှာ ဖြစ်ကြောင်း ကော်မတီက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး အလှူရှင်ပြည်သူတွေအနေနဲ့ ပါဝင်လှူဒါန်းလိုရင် မပိတ်သိမ်းမီ အပြီးသတ် ပါဝင်လှူဒါန်းပေးဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် အာရက္ခတပ်တော်(AA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSA) လားရှိုးဆက်ဆံရေးရုံးတို့က အလှူငွေတွေ ပေးအပ်ခဲ့ကြောင်း ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှုဖြစ်စဉ်မှာ သေဆုံးထိခိုက်နစ်နာဆုံးရှုံးခဲ့ကြရတဲ့ မိသားစုဝင်တွေကို တအာင်းတပ်မတော်(PSLF/TNLA) ခေါင်းဆောင်တွေက သွားရောက်တောင်းပန်ပြီး ဝမ်းနည်းကြောင်း ဖော်ပြခဲ့တယ်လို့ TNLAက သတင်းထုတ်ပြန်ပါတယ်။