Connect with us

Hi, what are you looking for?

သတင်း

ထီးလင်းမြို့ကို ရဟတ်ယာဉ်နဲ့ ပို့ခံရတဲ့ စစ်သား တစ်ဦး တပတ်အကြာမှာ YRA ထီးလင်းထံ လက်နက်နဲ့အလင်းဝင်

အာဏာသိမ်းစစ်ကောင်စီရဲ့ တပ်မ (၉၉) လက်အောက်ခံ ခမရ(၃၁၅)က ပြည်သူ့စစ်မှုထမ်းတပ်သား ၁ဦး လက်နက်ယူလာပြီး ဇန်နဝါရီ ၂၀ရက်မှာ အလင်းဝင်လာကြောင်း ဂန့်ဂေါခရိုင် တပ်ရင်း(၁၅၊ ၁၆၊ ၁၇) – YRA ထီးလင်းက သတင်းထုတ်ပြန်ပါတယ်။

ဇန်နဝါရီ-၂၁၊ ၂၀၂၆။မိုမို၊ ထားမြတ်/People’s Spring

အာဏာသိမ်းစစ်ကောင်စီရဲ့ တပ်မ (၉၉) လက်အောက်ခံ ခမရ(၃၁၅)က ပြည်သူ့စစ်မှုထမ်းတပ်သား ၁ဦး လက်နက်ယူလာပြီး ဇန်နဝါရီ ၂၀ရက်မှာ အလင်းဝင်လာကြောင်း ဂန့်ဂေါခရိုင် တပ်ရင်း(၁၅၊ ၁၆၊ ၁၇) – YRA ထီးလင်းက သတင်းထုတ်ပြန်ပါတယ်။

အလင်းဝင်လာသူဟာ တပ်သား အောင်ကျော်မင်းဖြစ်ပြီး သူဟာ MI-17 ထောက်ပို့ ရဟတ်ယာဉ်နဲ့ ထီးလင်းမြို့ကို ပို့ဆောင်ခံရသူတွေထဲကတဦးဖြစ်ကာ မြို့ကို ရောက်ပြီးတပတ်အကြာမှာ အခုလို အလင်းဝင်လာတာလို့ အသိပေးပါတယ်။

” သူ ၁၃ရက်နေ့ ရောက်တယ်။ ၂၀ရက်နေ့ထွက်ပြေးခဲ့တယ်။ကျနော်တို့နဲ့ ချိတ်ဆက်ပြီး ထွက်လာခဲ့တာ အလင်းဝင်တာ” လို့ ဂန့်ဂေါခရိုင် တပ်ရင်း(၁၅၊ ၁၆၊ ၁၇)- YRA ထီးလင်း သတင်းပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်မှာ ကျန်နေတဲ့သူတွေလည်း အလင်းဝင်ကြဖို့ သူက တိုက်တွန်းပါတယ်။

“လက်တဆုပ်စာ အာဏာရူးတွေအတွက် အသက်ပေးပြီး အသက်စွန့်ပြီး တိုက်ပွဲဝင်နေမယ့်အစား ပြည်သူ့ရင်ခွင်ကို ခိုလှုံကြပါ။ ကျနော်တို့ PDF တွေက နွေးနွေးထွေးထွေးကြိုဆိုပြီးမှာ ဆုကြေးငွေတွေချီးမြှင့်ပြီးမှ သူတို့ သွားလိုတဲ့ လွတ်မြောက်နယ်မြေတွေ သွားနိုင်အောင် သူတို့ လိုအပ်တာ အစစ အရာရာ ကူညီပေးနေပါတယ်” လို့ သတင်းပြန်ကြားရေး တာဝန်ရှိသူက ထပ်မံ ပြောပါတယ်။

စစ်ကောင်စီတပ်ကနေ ဂန့်ဂေါခရိုင် တပ်ရင်း(၁၅၊ ၁၆၊ ၁၇)- YRA ထီးလင်းဆီကို အလင်းဝင်လာသူ ၈ဦး ရှိပြီလို့လည်း အသိပေးပါတယ်။

လက်ရှိမှာ စစ်ကောင်စီဟာ ထီးလင်း၊ ကျောက်ထု အပါအဝင် ယောဒေသကို စစ်အင်အားဖြည့်တင်းတာ တပ်ဖွဲ့ဝင်တွေအစားထိုးတာ စတဲ့ စစ်ရေးလှုပ်ရှားတာတွေ ပြုလုပ်နေတယ်လို့ ပြောကြားပြီး စစ်ရေးတွေ ပြင်းထန်လာနိုင်ကြောင်းလည်း အသိပေးပါတယ်။

(အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားကို တွေ့ရစဉ်။ ဓာတ်ပုံ – YRA)

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-စီးယင်း တပ်ဖွဲ့ထံအာဏာသိမ်းစစ်ကောင်စီတပ်က တပ်သား ၄ဦး လက်နက်နဲ့အတူ အလင်းဝင်လာကြောင်း CDF စီးယင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးနဲ့ ဧရာဝတီတိုင်းမှာ ပေါ်တာဆွဲခံရတဲ့ ပခုက္ကူမြို့နယ်အခြေစိုက် ခလရ (၂၃၅) တပ်ရင်းက စစ်မှုထမ်းတပ်သား ၂ ဦးဟာ COBRA ONE Pakokku တပ်ဖွဲ့ထံ အလင်းဝင်ရောက်လာခဲ့တယ်လို့ အဲဒီတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။