Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ရွေးကောက်ပွဲဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ရန်ကုန်နဲ့ စစ်ကိုင်းတိုင်းမှာ ပြုလုပ်

ရန်ကုန်နဲ့ စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်တပ် ရွေးကောက်ပွဲဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇန်နဝါရီ ၂၄) မှာ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

ဇန်နဝါရီ ၂၄၊၂၀၂၆။ သုည/People’s Spring

ရန်ကုန်နဲ့ စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်တပ် ရွေးကောက်ပွဲဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇန်နဝါရီ ၂၄) မှာ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

ရန်ကုန်မြို့ လမ်းမတော်၊ မင်္ဂလာတောင်ညွန့်၊ရန်ကင်း၊ စမ်းချောင်း၊ အလုံ၊ တာမွေ၊ ကမာရွတ် စတဲ့ မြို့နယ်တွေမှာ သပိတ်ရဲဘော်တွေက ရွေးကောက်ပွဲဆန့်ကျင်ရေး စတေကာတွေ ကပ်ပြီး စစ်တပ် ပြုလုပ်နေတဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ လှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်း ကသာမြို့နယ်မှာလည်း ၅/ကသာလူထုအောင်လံသပိတ်စစ်ကြောင်းမှ ဦးဆောင်ပြီး စစ်တပ်က ပြုလုပ်နေတဲ့ ရွေးကောက်ပွဲကို လူထုဆန္ဒမဲ မပါဝင်ကြောင်း သပိတ်မှောက်ဆန္ဒပြခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ့လှုပ်ရှားမှုမှာ တော်လှန်ပညာသင်ကြားနေသော ကျောင်းဆရာမတွေ ပါဝင်ခဲ့ကြပြီး “ဖက်ဆစ်ရွေးကောက် ထွက်ပေါက် မဲမပေးနဲ့ သပိတ်မှောက်” စာသားပါ ဘန်နာတွေကိုင်ဆွဲကာ ကြွေးကြော်ဆန္ဒပြခဲ့သလို “စစ်အာဏာရှင်ကို တော်လှန်တဲ့ မဟာမိတ်တပ်ပေါင်းစုများ တိုက်ပွဲတိုင်းအောင်ပါစေ” ၊ “မြို့သိမ်းတိုက်ပွဲများမုချအောင်ပါစေ”လို့ ဟစ်ကြွေးခဲ့ပါတယ်။

ကျွန်းလှမြို့နယ်အတွင်းရှိ ပြည်သူ့အခြေပြုကျောင်းတစ်ခုမှာလည်း ကျောင်းသားထုအစည်းအဝေးနဲ့ရွေးကောက်ပွဲ ပြုလုပ်ကာ အခြေခံပညာကျောင်းသားများသမဂ္ဂတရပ် ဖွဲ့စည်းခဲ့ပြီး စစ်အာဏာရှင်စနစ် အမြစ်ပြတ်သည်အထိ တော်လှန်ဆန့်ကျင်ကြဖို့ တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။

ဓာတ်ပုံ – ရွာပေါင်းစုံသပိတ်၊ ဗကသများအဖွဲ့ချုပ်၊ GSCB

ဆက်စပ်သတင်းများ

သတင်း

အာဆီယံထိပ်သီးညီလာခံကို စစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်ရဖို့ မသေချာ

အတွေးအမြင်

သုံးကြိမ်တိုင်တိုင် အသုတ်ခွဲပြုလုပ်ခဲ့တဲ့ စစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ ပြီးဆုံးသွားခဲ့ပါပြီ။ မကြာခင်ရက်ပိုင်းအတွင်းမှာ စစ်တပ်ကလွှတ်တော်အသီးသီးကို ကျင်းပတော့မှာဖြစ်ပြီး၊ ဆက်တိုက်ဆိုသလိုပဲစစ်တပ်နဲ့ ကြံ့ခိုင်ရေးပါတီတို့ပူးပေါင်းကာစစ်တပ်ကပဲအ​ပေါ်ယံ​ပြောင်းထားတဲ့ ဟန်ပြအစိုးရသစ်တစ်ရပ် ဖွဲ့စည်းတော့မှာ ဖြစ်ပါတယ်။

ဘာသာပြန်ဆောင်းပါး

အာဏာသိမ်းစစ်ကောင်စီ ကျင်းပခဲ့တဲ့ရွေးကောက်ပွဲဟာ တော်လှန်ရေးအင်အားစုတွေ ကြိုးပမ်းနေတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးကို စနစ်တကျပိတ်ဆို့ တားဆီးဖို့ ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ(CRPH) ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က ပြောကြားခဲ့ပြီး တော်လှန်ရေးအင်အားစုတွေ ပိုမိုညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ပြီး ကြိုးပမ်းဖို့ တိုက်တွန်းလိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ လေကြောင်းအန္တရာယ်ကာကွယ်ရေး ဟောပြောခြင်းနဲ့ စစ်တပ်ရွေးကောက်ပွဲဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဖေဖော်ဝါရီ ၃) မှာ ပြုလုပ်ခဲ့ပါတယ်။