Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ရွေးကောက်ပွဲ တဖက်လှည့်နဲ့အာဏာသိမ်းမှု ထပ်ကျူးလွန်တာလို့ ကရင်လူငယ်အဖွဲ့ KYO ပြော

အာဏာသိမ်းစစ်တပ် လုပ်ဆောင်နေတဲ့ ရွေးကောက်ပွဲဟာ လူထုတွေကို တဖက်လှည့်နဲ့ မျက်လှည့်ပြပြီး အာဏာသိမ်းမှုထပ်မံ ကျူးလွန်တာဖြစ်ကြောင်း ကရင်လူငယ်အစည်းအရုံး(KYO) ပြောရေးဆိုခွင့်ရှိသူ စောအယ်ထီးကော်က ပြောကြားပါတယ်။

(ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ညောင်လေးပင် ခရိုင်၊ လယ်ဒိုမြို့နယ်တွင် ကရင်လူငယ် အစည်းအရုံးမှ ဦးဆောင်ပြီး စစ်ကောင်စီ ပြုလုပ်တဲ့ ရွေးကောက်ပွဲအားဆန့်ကျင်ကြောင်း လှုပ်ရှားမှုများ

ဇန်နဝါရီ-၂၅၊ ၂၀၂၆။ ထားမြတ်/People’s Spring

အာဏာသိမ်းစစ်တပ် လုပ်ဆောင်နေတဲ့ ရွေးကောက်ပွဲဟာ လူထုတွေကို တဖက်လှည့်နဲ့ မျက်လှည့်ပြပြီး အာဏာသိမ်းမှုထပ်မံ ကျူးလွန်တာဖြစ်ကြောင်း ကရင်လူငယ်အစည်းအရုံး(KYO) ပြောရေးဆိုခွင့်ရှိသူ စောအယ်ထီးကော်က ပြောကြားပါတယ်။

ကရင်လူငယ်အစည်းအရုံး(KYO)ဟာကရင်အမျိုးသားအစည်းအရုံး (KNU) အုပ်ချုပ်နယ်မြေတွေမှာ ဒေသခံ ပြည်သူတွေနဲ့ လက်တွဲပြီး စစ်ကောင်စီ ရွေးကောက်ပွဲ ဆန့်ကျင်တဲ့ ဆန္ဒထုတ်ဖော်မှုတွေ ဆက်လက် ပြုလုပ်နေတဲ့ အခြေအနေနဲ့ပတ်သက်ပြီး အခုလို ပြောကြားလာတာဖြစ်ပါတယ်။

“ဒီရွေးကောက်ပွဲကို လုံး၀ လက်မခံကြောင်းကို အဆုံးအစွန်ထိ ကျနော်တို့ဆန္ဒကို ကျနော်တို့ ထုတ်ဖော်ပြသခြင်းဖြစ်တယ်။ ဒီအကြမ်းဖက်စစ်တပ်ကလုပ်တဲ့အတုအယောင်ရွေးကောက်ပွဲကိုဘယ်အပိုင်းမှာပဲဆက်လုပ်ဆက်လုပ်နေပါစေ၊ကျနော်တို့ကဆန့်ကျင်ကန့်ကွက်သွားမယ်ဆိုတာ သတင်းစကားပေးချင်တာ တခုပေါ့” လို့ စောအယ်ထီးကော်က စစ်တပ် ရွေးကောက်ပွဲ ဆန့်ကျင်မှုတွေ ဆက်လက်လုပ်ဆောင်နေတဲ့အပေါ် ပြောပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာနိုင်ငံမှာ စစ်အာဏာရှင်တွေဟာ အာဏာသိမ်းမှုကို အကြိမ်ကြိမ် ကျူးလွန်ခဲ့ကြောင်း၊ အာဏာသိမ်းစစ်တပ်က ကျင်းပမနေတဲ့ ၂၀၂၅- ၂၀၂၆ အတုအယောင် ရွေးကောက်ပွဲ ဟာလည်း အာဏာသိမ်းမှုထပ်မံ ကျူးလွန်ခြင်းပင်ဖြစ်ကြောင်း စောအယ်ထီးကော်က ပြောပါတယ်။

“ဒါတွေသည် တဖက်လှည့်နဲ့လူထုဆီက အနုကြမ်းစီးပြီးမှာ ဒါက အာဏာသိမ်းမှုတရပ်လို့ ရှုမြင်တယ်။ လက်ရှိ စစ်တပ်သည် သူတို့ နိုင်ငံရေးထွက်ပေါက်အတွက် မျက်လှည့်ပြပြီး တဖက်လှည့်နဲ့ အာဏာသိမ်းမှုကို ကျူးလွန်တယ်လို့ မှတ်ချက်ပြုချင်တယ်” လို့ စောအယ်ထီးကော်က ပြောပါတယ်။

KYOနဲ့ KNU ခရိုင် အသီးသီးက ဒေသခံတွေဟာ စစ်တပ် ရွေးကောက်ပွဲ ဆန့်ကျင်တဲ့ ဆန္ဒထုတ်ဖော်မှုတွေ ဆက်လက် လုပ်ဆောင်ခဲ့ကြောင်း KYOကဒီနေ့ ဇန်နဝါရီ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

KNU ညောင်လေးပင်ခရိုင်ဆောထိမြို့နယ်(ရွှေကျင်မြို့နယ်)၊ လယ်ဒိုမြို့နယ်(ကျောက်ကြီးမြို့နယ်)နဲ့ မူး(မုန်း)မြို့နယ်တွေမှာ လူထုတွေ ပါဝင်တဲ့ အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ကြောင်း လှုပ်ရှားမှု မှတ်တမ်းတွေကို ဖော်ပြထားပါတယ်။

အလားတူ KNU ဖားအံခရိုင်မှာ ပြုလုပ်ခဲ့တဲ့ စစ်တပ်ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှု ဓာတ်ပုံတွေလည်း ဖော်ပြပါတယ်။ ဒီလှုပ်ရှားမှုတွေဟာ မနေ့က ဇန်နဝါရီ ၂၄ရက် အပါအဝင် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ပြုလုပ်ခဲ့တဲ့ လှုပ်ရှားမှုတွေ ဖြစ်တယ်လို့ စောအယ်ထီးကော်က ပြောပြပါတယ်။

KNU ဖားအံခရိုင်မှာ ပြုလုပ်ခဲ့တဲ့ စစ်တပ်ရွေးကောက်ပွဲ လှုပ်ရှားမှုမှာ သမိုင်းတရားခံ မဖြစ်ဖို့ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်စို့၊ စစ်တပ်သည် ရွေးကောက်ပွဲ ကျင်းပရန် အခွင့်အာဏာမရှိ၊ တရားမဝင် အတုအယောင် ရွေးကောက်ပွဲကို လူထုအားနဲ့ တိုက်ဖျက်ကြ၊ No Votes for Violence၊ No Seat for Soldiers၊ တရားမဝင် အတုအယောင်ရွေးကောက်ပွဲကို သပိတ်မှောက် ဖက်ဒရယ်လမ်းကို ရဲရဲလျှောက် စတဲ့ကြွေးကြော်သံတွေကိုင်စွဲခဲ့ကြပါတယ်။

စစ်တပ် ရွေးကောက်ပွဲ ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေကို KNU နယ်မြေတွေမှာ လူအင်အား ထောင်ချီပါဝင် လုပ်ဆောင်နေတာဖြစ်ပါတယ်။

ဓာတ်ပုံ – KYO)

ဆက်စပ်သတင်းများ

သတင်း

အာဆီယံထိပ်သီးညီလာခံကို စစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်ရဖို့ မသေချာ

အတွေးအမြင်

သုံးကြိမ်တိုင်တိုင် အသုတ်ခွဲပြုလုပ်ခဲ့တဲ့ စစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ ပြီးဆုံးသွားခဲ့ပါပြီ။ မကြာခင်ရက်ပိုင်းအတွင်းမှာ စစ်တပ်ကလွှတ်တော်အသီးသီးကို ကျင်းပတော့မှာဖြစ်ပြီး၊ ဆက်တိုက်ဆိုသလိုပဲစစ်တပ်နဲ့ ကြံ့ခိုင်ရေးပါတီတို့ပူးပေါင်းကာစစ်တပ်ကပဲအ​ပေါ်ယံ​ပြောင်းထားတဲ့ ဟန်ပြအစိုးရသစ်တစ်ရပ် ဖွဲ့စည်းတော့မှာ ဖြစ်ပါတယ်။

ဘာသာပြန်ဆောင်းပါး

အာဏာသိမ်းစစ်ကောင်စီ ကျင်းပခဲ့တဲ့ရွေးကောက်ပွဲဟာ တော်လှန်ရေးအင်အားစုတွေ ကြိုးပမ်းနေတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးကို စနစ်တကျပိတ်ဆို့ တားဆီးဖို့ ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ(CRPH) ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က ပြောကြားခဲ့ပြီး တော်လှန်ရေးအင်အားစုတွေ ပိုမိုညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ပြီး ကြိုးပမ်းဖို့ တိုက်တွန်းလိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ လေကြောင်းအန္တရာယ်ကာကွယ်ရေး ဟောပြောခြင်းနဲ့ စစ်တပ်ရွေးကောက်ပွဲဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဖေဖော်ဝါရီ ၃) မှာ ပြုလုပ်ခဲ့ပါတယ်။