Connect with us

Hi, what are you looking for?

သတင်း

ဖိလစ်ပိုင်မှာ မြို့တော်ဝန် စီးနင်းလာတဲ့ကားကို RPGနဲ့ ပစ်ခတ်တာခံရ

ဖိလစ်ပိုင် နိုင်ငံမှာ မြို့တော်ဝန်တစ်ဦး လိုက်ပါလာတဲ့ မော်တော်ကားဟာ ပခုံးထမ်းလောင်ချာ (RPG) တည့်တည့်ထိမှန်ခဲ့ပေမယ့် မြို့တော်ဝန်က ဘေးကင်းခဲ့ကြောင်း သိရပါတယ်။

ဖိလစ်ပိုင် နိုင်ငံမှာ မြို့တော်ဝန်တစ်ဦး လိုက်ပါလာတဲ့ မော်တော်ကားဟာ ပခုံးထမ်းလောင်ချာ (RPG) တည့်တည့်ထိမှန်ခဲ့ပေမယ့် မြို့တော်ဝန်က ဘေးကင်းခဲ့ကြောင်း သိရပါတယ်။

ဇန်နဝါရီ ၂၅ ရက်နေ့တုန်းက ရှရစ်ဖ်အာဂူရက်ခ် မြို့တော်ဝန် အက်ခ်မက် အမ်ပါတူအန် စီးနင်းလိုက်ပါလာတဲ့ ယာဉ်တန်းကို လက်နက်ကိုင်တွေက အငိုက်ဖမ်း တိုက်ခိုက်ခဲ့ပါတယ်။ လုံခြုံရေး ကင်မရာ မှတ်တမ်းတွေ အရတော့ ကားတစ်စီးထဲကနေ ထွက်လာတဲ့ လက်နက်ကိုင်တွေက မြို့တော်ဝန် ပါလာတဲ့ မော်တော်ကားကို B40 တင့်ဖျက် RPGနဲ့ ချိန်ရွယ် ပစ်ခတ်ခဲ့ပြီး တည့်တည့် ထိမှန်ခဲ့တာကို တွေ့ရပါတယ်။

ဒါပေမဲ့ ကားကို ဆက်လက် မောင်းနှင် ထွက်ပြေးသွားနိုင်ပြီး တိုက်ခိုက်မှုကနေ လွတ်မြောက်သွားခဲ့တာပါ။ RPG ထိမှန်ခဲ့တဲ့ ကားကတော့ သံချပ်ကာ အားဖြည့်ထားတဲ့ Land Cruiser အမျိုးအစားလို့ သိရပါတယ်။

မြို့တော်ဝန်ရုံးရဲ့ ထုတ်ပြန်ချက်မှာတော့ အမ်ပါတူအန်ဟာ ထိခိုက်ဒဏ်ရာ မရခဲ့ကြောင်း အတည်ပြုထားပေမယ့် သူ့ရဲ့ ကိုယ်ရံတော် နှစ်ဦးတော့ ထိခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

Land Cruiserရဲ့နောက်မှာ ပါလာတဲ့ အခြံအရံ မော်တော်ကားကလည်း သေနတ်နဲ့ ပစ်ခတ်တာကို ခံခဲ့ရပါတယ်။ တိုက်ခိုက်မှုအတွင်း ဒဏ်ရာရခဲ့တဲ့ လုံခြုံရေး အရာရှိ နှစ်ဦးကို ဘန်ဆာမိုရို ဆေးရုံမှာ တင်ပို့ပေးထားပြီး အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေတော့ မရှိဘူးလို့ ဆိုပါတယ်။

တိုက်ခိုက်ခဲ့သူ သုံးဦးဟာ အခင်းဖြစ်တဲ့ နေရာကနေ မီးခိုးရောင် ဗင်ကားတစ်စီးနဲ့ မောင်းနှင် ထွက်ပြေးသွားခဲ့ပေမယ့် စစ်တပ်နဲ့ရဲ ပူးပေါင်းထားတဲ့ အဖွဲ့က ခြေရာခံ ရှာဖွေပြီး သုံးဦးစလုံးကို သုတ်သင် ရှင်းလင်းနိုင်ခဲ့ကြောင်း ကြေညာခဲ့ပါတယ်။

မြို့တော်ဝန် အမ်ပါတူအန်ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိက မြို့တော်ဝန်က ဘေးကင်းကြောင်းနဲ့ ကိုယ်ရံတော်တွေလည်း အသက်အန္တရာယ် မရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ မြို့တော်ဝန် စီးနင်းခဲ့တဲ့ ကားက ကျည်ကာကိုယ်ထည်နဲ့ ဖြစ်နေတာကြောင့် RPG ထိပ်ဖူး ပေါက်ကွဲမှုဒဏ်ကို ခံနိုင်ရည် ရှိခဲ့တာလို့ အဲဒီအရာရှိက ဆိုပါတယ်။

အခုတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ နောက်ဆက်တွဲ စုံစမ်းစစ်ဆေးမှုတွေကို အာဏာပိုင်တွေက ဆက်လက် လုပ်ဆောင်နေပါတယ်။ အမ်ပါတူအန်ဟာ လွန်ခဲ့တဲ့ ၅ နှစ်အတွင်း သူ့အသက်ကို လုပ်ကြံဖို့ အားထုတ်မှု နှစ်ကြိမ် ကြုံခဲ့ဖူးပါတယ်။ အခုနောက်ဆုံး ကြုံခဲ့တဲ့ တိုက်ခိုက်မှုရဲ့ နောက်ကွယ်က အကြောင်းတရားကိုတော့ မသိရသေးပါဘူး။

ကိုးကား: Khaleej Times

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တောင်တရုတ်ပင်လယ်ထဲက ပိုင်နက် အငြင်းပွားရာ ရေပြင်မှာ တရုတ်နဲ့ ဖိလစ်ပိုင် ရေတပ် တပ်ဖွဲ့ဝင်တွေကြား ကိုယ်ထိလက်ရောက် ရိုက်နှက်မှုတွေ ဖြစ်ခဲ့ပါတယ်။

သတင်း

အရှေ့တောင်အာရှ နိုင်ငံများအစည်းအရုံး (အာဆီယံ)ရဲ့ လူ့အခွင့်အရေးဆိုင်ရာအမတ်များအဖွဲ့ (APHR)ကနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးနဲ့ အသက်ရှင်လျက်ရှိနေဆဲဖြစ်ကြောင်းအတည်ပြုနိုင်ရေး တွန်းအားပေး လုပ်ဆောင်ဖို့ဖိလစ်ပိုင်နဲ့အရှေ့တီမော သမ္မတတွေကို တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာ

တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်မှုနဲ့ ဆက်စပ်တဲ့ မြေပြိုမှုတွေကြောင့် ဖိလစ်ပိုင်မှာ ၁၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

အာဆီယံအလှည့်ကျဥက္ကဋ္ဌနိုင်ငံဖြစ်တဲ့ဖိလစ်ပိုင်ဟာမြန်မာ့ပြည်တွင်းရေးကိုဝင်ရောက်စွတ်ဖက်နေတာကြောင့်အာဆီယံအဖွဲ့ကနေဖိလစ်ပိုင် နှုတ် ထွက်သွားသင့်တယ်လို့ အာဏာသိမ်းစစ်တပ်ကျောထောက်နောက်ခံပြုထားတဲ့ကြံခိုင်ရေးပါတီရဲ့နေပြည်တော်နယ်မြေ ဥက္ကဋ္ဌဖြစ်သူ စစ်တပ်အရာရှိဟောင်းဦးလှဆွေကစစ်တပ်ရဲ့လွှတ်တော်မှာ ဒီနေ့ (ဇူလိုင် ၉) မှာ ပြောလိုက်ပါတယ်။