Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ခရီးသည်တင် ရထားကို ရုရှားဒရုန်းနဲ့ တိုက်ခိုက်မှု ယူကရိန်း သမ္မတ ရှုတ်ချ

ခရီးသည်တင် ရထားတစ်စီးကို ပစ်မှတ်ထားခဲ့တဲ့ ရုရှားရဲ့ ဒရုန်းတိုက်ခိုက်မှုကို ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

ခရီးသည်တင် ရထားတစ်စီးကို ပစ်မှတ်ထားခဲ့တဲ့ ရုရှားရဲ့ ဒရုန်းတိုက်ခိုက်မှုကို ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

ဇန်နဝါရီ ၂၇ ရက်နေ့က ယူကရိန်းနိုင်ငံ အရှေ့မြောက်ပိုင်း ခါကစ်ဗ်ဒေသမှာ ခုတ်မောင်းနေတဲ့ ရထားတစ်စီးကို ဒရုန်းထိမှန်ခဲ့ပြီး အနည်းဆုံး လူ ၄ ဦး သေဆုံးခဲ့ပါတယ်။ ဇီလန်စကီးက နောက်ထပ် လူ ၄ ဦးလည်း ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီရထားပေါ်မှာ စုစုပေါင်း ခရီးသည် ၂၀၀ ကျော် စီးနင်းလိုက်ပါလာခဲ့တာ ဖြစ်ပါတယ်။ အခုဖြစ်စဉ် မတိုင်ခင် နာရီပိုင်း အလိုကလည်း ယူကရိန်းတောင်ပိုင်း ဆိပ်ကမ်းမြို့ အိုဒက်ဆာမှာ ရုရှားဒရုန်း တိုက်ခိုက်မှုကြောင့် လူ ၃ ဦး အသက်ဆုံးရှုံးခဲ့ရပါသေးတယ်။

ခရီးသည်တင် ရထားကို ပစ်မှတ်ထားခဲ့တယ်ဆိုတဲ့ ယူကရိန်းရဲ့ စွပ်စွဲမှုအတွက် ရုရှားကတော့ ဘာမှတ်ချက်မှ မပေးသေးပါဘူး။ ရုရှားဟာ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ရုရှားရဲ့ စွမ်းအင်နဲ့ သယ်ယူပို့ဆောင်ရေးဆိုင်ရာ အခြေခံ အဆောက်အအုံတွေကို ဒရုန်း၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်မှုတွေ အရှိန်မြှင့်လာခဲ့ပါတယ်။ အကျိုးဆက်အဖြစ် သန်းနဲ့ချီတဲ့ ယူကရိန်း နိုင်ငံသားတွေဟာ နှစ်အတော်များများအတွင်း အအေးဓာတ် အပြင်းထန်ဆုံး ဆောင်းတွင်းကာလမှာ ဓာတ်အားပြတ်တောက်ပြီး အပူပေး စနစ်တွေ အသုံးပြုလို့ မရဘဲ ဖြတ်သန်းနေရပါတယ်။

Public Service Announcement

Public Service Announcement

လူမှုကွန်ရက် ပို့စ်တစ်ခုမှာ ဇီလန်စကီးကတော့ ခရီးသည်တင် ရထားကို ဒရုန်းနဲ့ တိုက်ခိုက်တဲ့ လုပ်ရပ်မျိုးဟာ ဘယ်နိုင်ငံရဲ့ စံနှုန်းနဲ့ပဲကြည့်ကြည့် အကြမ်းဖက်မှုမြောက်တယ်လို့ စွပ်စွဲ ရေးသားထားပါတယ်။ ပြီးတော့ အရပ်သားတွေကို ပစ်မှတ်ထားခဲ့တဲ့ အခုလုပ်ရပ်မျိုးအတွက် ဘယ်လို စစ်ရေးရှုထောင့်ကမှ ဆင်ခြေပေးလို့ မရဘူးလို့ သူက ဆိုပါတယ်။ ဒရုန်းထိမှန်တာ ခံခဲ့ရတဲ့ ရထားတွဲမှာ လူ ၁၈ ဦး စီးနင်းလိုက်ပါလာခဲ့တယ်လို့လည်း ဇီလန်စကီးက ရေးသားထားပါတယ်။

ယူကရိန်း ကယ်ဆယ်ရေးဌာနက ထုတ်ပြန်ထားတဲ့ ဗီဒီယိုတွေနဲ့ ဓာတ်ပုံတွေမှာတော့ အနည်းဆုံး ရထားတွဲ တစ်ခုဟာ တိုက်ခိုက်မှု အပြီးမှာ မီးတွေဆက်ပြီး တောက်လောင်နေခဲ့တာကို တွေ့ရပါတယ်။

ယူကရိန်း အာဏာပိုင်တွေက ယာဇီကော့ဗ် ရွာနားမှာ ရထားတွဲကို ပထမဆုံး ဒရုန်းတစ်စီးက တိုက်ရိုက် ထိမှန်ခဲ့ပြီး နောက်ထပ် နှစ်စီးကတော့ အနားမှာ ပေါက်ကွဲခဲ့တယ်လို့ ပြောပါတယ်။

၄ နှစ်နီးပါး ကြာမြင့်လာပြီဖြစ်တဲ့ ရုရှား-ယူကရိန်း စစ်ပွဲကို ရပ်တန့်ဖို့ အမေရိကန်က ကြားဝင်စေ့စပ်ပေးပြီး သုံးနိုင်ငံ ကိုယ်စားလှယ်တွေ မျက်နှာစုံညီ ဆွေးနွေးခဲ့တဲ့နောက် ရက်ပိုင်းအကြာမှာ အခုတိုက်ခိုက်မှုတွေ ဖြစ်လာခဲ့တာပါ။ ဆွေးနွေးမှုဟာ အပြုသဘော ဆောင်ခဲ့တယ်လို့ သုံးနိုင်ငံစလုံးက အသိအမှတ်ပြု ပြောကြားခဲ့ပေမယ့် ဖြေရှင်းဖို့ ခက်နေသေးတဲ့ အပိုင်းတွေလည်း ကျန်နေသေးကြောင်း၊ အခုသီတင်းပတ်ကုန်မှာ နောက်ထပ် ဆွေးနွေးမှုတွေ လုပ်ဆောင်ကြဖွယ် ရှိနေကြောင်းလည်း သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။