Connect with us

Hi, what are you looking for?

သတင်း

မြန်မာလုပ်သားအရေးကူညီနေတဲ့ အန်ဂျီအိုတွေကို ဖြိုခွင်းပေးမယ်လို့ Thai Pakdeeပါတီ မဲဆွယ်

ရွေးကောက်ပွဲဝင်မယ့် ထိုင်းကွန်ဆာဗေးတစ် ပါတီတစ်ခုက ရွေးကောက်ပွဲမှာ အနိုင်ရခဲ့မယ်ဆိုရင် ထိုင်းရောက် မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေအရေး ကူညီ ဆောင်ရွက်ပေးနေတဲ့ မြန်မာ အန်ဂျီအို အဖွဲ့အစည်းတွေကို ဖြိုခွင်းမယ်လို့ မဲဆွယ်ခဲ့ပါတယ်။

■ကြံ့ဖွံ့ပါတီ ဒုဥက္ကဌ ကဇန်နဝါရီ ဒုတိယပါတ်မှာ

Thai Pakdee ပါတီကိုလာတွေ့ခဲ့

ဇန်နဝါရီ-၂၈၊၂၀၂၆။People’s Spring

ရွေးကောက်ပွဲဝင်မယ့် ထိုင်းကွန်ဆာဗေးတစ် ပါတီတစ်ခုက ရွေးကောက်ပွဲမှာ အနိုင်ရခဲ့မယ်ဆိုရင် ထိုင်းရောက် မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေအရေး ကူညီ ဆောင်ရွက်ပေးနေတဲ့ မြန်မာ အန်ဂျီအို အဖွဲ့အစည်းတွေကို ဖြိုခွင်းမယ်လို့ မဲဆွယ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ထိုင်းပက်ခ်ဒီး(Thai Pakdee)ပါတီက ဇန်နဝါရီ ၂၇ ရက်နေ့ ညပိုင်းမှာအဲဒီလို မဲဆွယ်ကတိမျိုး ဖော်ပြထားတဲ့ စည်းရုံးရေး ဗီဒီယို တစ်ခုကို သူတို့ာတီရဲ့ Facebook ​ပေချ်မှာ တင်ခဲ့ပါတယ်။

မဲဆွယ်မှုမှာတော့ရွေးကောက်ပွဲအနိုင်ရခဲ့ရင် မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ အရေးတွေကို ကူညီပေးနေတဲ့၊ အလုပ်သမား သမဂ္ဂတွေ ထူထောင်နိုင်အောင် ထောက်ပံ့ပေးနေတဲ့ မြန်မာအန်ဂျီအိုတွေကို ဖြိုခွင်းမယ့်အကြောင်း၊ အဲဒီ အဖွဲ့တွေရဲ့ လုပ်ရပ်တွေကို လွှတ်ပေးထားမယ်ဆိုရင် ထိုင်းနိုင်ငံရဲ့ အစိတ်အပိုင်းတချို့ကို မြန်မာတွေ သိမ်းယူသွားတာမျိုးထိဖြစ်နိုင်ကြောင်းထည့်သွင်းဖော်ပြထားခဲ့ပါတယ်။

နောက်ပြီးနာမည်ဖော်ပြမထားတဲ့ထိုင်းနိုင်ငံရေး ပါတီနှစ်ခုက​ မြန်မာ အန်ဂျီအိုတွေကို ထောက်ခံပေးနေတယ်လို့လည်း ထိုင်းပက်ခ်ဒီး ပါတီက စွပ်စွဲထားပါတယ်။

ထိုင်းကို မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေ ဝင်ရောက်လာမှုဟာ ဥရောပမှာ မွတ်ဆလင်တွေ အစုလိုက် ဝင်ရောက်တဲ့ အခြေအနေနဲ့တူညီတဲ့ အကျပ်အတည်း ဖြစ်လာနေပြီလို့လည်း အဲဒီ ပါတီက

လှုံ့​ဆော်ထားပါတယ်။မြန်မာ​တွေကိုလက်ထပ်ခတ်ပြီးပြန်ပို့တာ ၊မြန်မာနိုင်ငံကဝင်လာသူ​တွေကိုလက်မခံပဲ ဆန့်ကျင်ဖို့ AI နဲ့ဖန်တီးထားတဲ့ရုပ်ပုံ​တွေကိုလည်း ​​ဖော်ပြထားတာ​တွေ့ရပါတယ်။

ဒါအပြင် မြန်မာ​တွေဟာအိမ်နီးချင်းနိုင်ငံ​တွေထဲက တရုတ်နဲ့ အိန္ဒိယကိုမသွားပဲ ထိုင်းကိုပဲလာ​နေကြတာလဲ ဒါဟာထိုင်း ဥပ​ဒေအားနည်းချက်​ကြောင့်လားဆိုပြီးလည်း ​ရေးသား​မေးခွန်းထုတ်ထားပါ​သေးတယ် ။

ပြီးခဲ့တဲ့ ဇန်နဝါရီ ဒုတိယအပတ်မှာ မြန်မာစစ်တပ်ပါတီဖြစ်တဲ့ ပြည်​ထောင်စုကြံ့ခိုင်​ရေးနဲ့ဖွံ့ဖြိုး​ရေးပါတီ(ကြံ့ဖွံ့) ဒုဥက္ကဌက ထိုင်းနိုင်ငံကို သွားရောက်ပြီး ထိုင်းပက်ခ်ဒီး ပါတီနဲ့ တွေ့ဆုံခဲ့တယ်လို့ လူထုနွေဦးရဲ့ ထိုင်းသတင်းရင်းမြစ်က ပြောပါတယ်။

” ဘန်ကောက်မှာနေတဲ့ စကစရဲ့ မြန်မာသေနတ်ပွဲစားက စီစဉ်ပေးတာလို့ သိရတယ်။ အစိမ်းပါတီနဲ့ လာတွေ့တာ။ အဲဒါက ပြဿနာရှိတယ်”လို့ ထိုင်းသတင်းရင်းမြစ်ကပြောပါတယ်။

အဲဒီ​တွေ့ဆုံမှုအပြီးအခုလိုမဲဆွယ်လာတာဖြစ်ပါတယ်။ Thai Pakdee ပါတီဟာ ၂၀၂၁ ခုနှစ်မှာတည်​ထောင်ခဲ့တာဖြစ်ပြီး ၂၀၂၃ ​ရွေး​ကောက်ပွဲမှာရှူံးနိမ့်ခဲ့ပါတယ် ။အခု​ရွေး​ကောက်ပွဲမှာ ပါတီရဲနံမှတ်က ၂၉ ဖြစ်ပြီး တချို့ကအစိမ်း​ရောင်ပါတီလို့အလွယ်​ခေါ်ကြပါတယ်။

ပါတီမူဝါဒမှာ ထိုင်းဘုရင်စနစ်ကို​ထောက်ခံကာကွယ်​ပေးဖို့၊အမျိုးသား​ရေးကိုဦးစား​ပေးဖို့ ၊ထိုင်းလူမျိုးအလုပ်သမား​တွေရဲ့အခွင့်အ​ရေးကိုကာကွယ်​ပေးဖို့လို့​ကြွေး​ကြော်ထားပါတယ် ။ထိုင်းရွေးကောက်ပွဲကို ဖေဖော်ဝါရီလ ၈ ရက်နေ့ကျရင် ကျင်းပဖို့ စီစဉ်ထားပါတယ်။

ထိုင်းနိုင်ငံ ဘန်​ကောက်မြို့ အနီးမှာ ဇန်နဝါရီ ၁၁ ရက်က မြန်မာစား​သောက်ဆိုင်မှာလုပ်ကိုင်သူ​တွေနဲ့ အစားအ​သောက်အိမ်အ​ရောက်ပို့ဝန်​ဆောင်မှုလုပ်တဲ့ Line Man ကထိုင်းနိုင်ငံသားအချို့ခိုက်ရန်ဖြစ်ပွားတာကအစပြုပြီး ထိုင်းအမျိုးသား​ရေးအစွန်းရောက် နှုတ်ခမ်း​မွေးနဲ့အဖွဲ့က မြန်မာမုန်တီး​ရေးလှုံ့​ဆော်​နေပါတယ် ။ အယုတ္တယအပါအဝင်​ဒေသအချို့မှာ နှုတ်ခမ်း​မွေးနဲ့အဖွဲ့ကမြန်မာလုပ်သားအချို့ကို အကြမ်းဖက်ရိုက်နှက်ထိုးကြိတ်တာ​တွေပါလုပ်ခဲ့ပါတယ်။ ဒီလိုအ​ခြေအ​နေ​တွေ​ကြောင့် ထိုင်း​ရောက်မြန်မာ​တွေ သတိထား​နေထိုင်ကြဖို့ အလုပ်သမားအ​ရေးကူညီ​ပေး​နေသူ​တွေက အကြံပြုတိုက်တွန်းထားပါတယ်။ ​ဒါအပြင်ဒေသအချို့မှာမြန်မာလုပ်သား​တွေက ထိုင်းနှုန်ခမ်း​​မွေးနဲ့ အမျိုးသား​ရေးအစွန်း​ရောက်​တွေရဲ့ အန္တရာယ်ကို​ရှောင်ရှားနိုင်ဖိူ့ အပြင်မထွက်ပဲ အိမ်ထဲမှာပဲ နှစ်ပါတ်​နေတဲ့လှုပ်ရှားမှုကိုလုပ်​နေကြပါတယ်။

ထိုင်း​နိုင်ငံမှာ မြန်မာနိုင်ငံသားသန်း​ပေါင်းများစွာရှိ​ပေမယ့် စစ်တပ်​ရွေး​ကောက်ပွဲကိုမဲ​ပေးသူ ရာဂဏန်းသာရှိခဲ့ပါတယ် ။ စစ်တပ်​ရွေး​ကောက်ပွဲမဲ​မ​ပေးပဲ ထိုင်း​ရောက်မြန်မာ​တွေက စစ်အာဏာရှင်ကို ဆန့်ကျင်​ကြောင်းအထင်အရှားပြလိုက်ပြီး​နောက်မှာ စစ်အုပ်စုဘက်က ထိုင်း​ရောက်မြန်မာ​တွေကို ပိုညစ်လာနိုင်တဲ့အ​ပေါ် အလုပ်သမားအ​ရေး​ဆောင်ရွက်သူအချို့ကသတိ​ပေးထားပါတယ် ။

ကိုးကား: Khaosod

ဓါတ်ပုံ- Thai Pakdee Party FB’s Screen grab

ဆက်စပ်သတင်းများ

သတင်း

တရုတ်စက်ရုံပိုင်ရှင်က ရဲတပ်ဖွဲ့ငွေပေးပြီး မြန်မာလုပ်သားတွေ ဖမ်းဆီးခိုင်းထားဟုဆို

သတင်း

ထိုင်းနိုင်ငံမှာ နေထိုင်တဲ့ မြန်မာနိုင်ငံသားတွေရဲ့ တစ်နှစ် ငွေကြေးသုံးစွဲမှုဟာ ဘတ်ငွေ ၂၂၁ ဘီလီယံလောက်ထိ များပြားနေကြောင်း စစ်တမ်းတစ်ခုက ဖော်ပြခဲ့ပါတယ်။

သတင်း

ထိုင်းနိုင်ငံ၊ ဥထုံဌာနီခရိုင်က စစ်ဆေးရေးဂိတ်မှာ မောင်းနှင်ထွက်ပြေးတဲ့ မြန်မာလုပ်သား ၁၅ဦးခိုးတင်ဆောင်လာတဲ့ ကားဟာ အဝေးပြေးရဲတပ်ဖွဲ့ကားနဲ့ တိုက်မိပြီး ဖမ်းဆီးခံလိုက်ရတယ်လို့ ထိုင်းဗဟိုစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့ (CIB)က မေလ ၁၆ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ပြည်ပရောက်မြန်မာအလုပ်သမားတွေကိုအတင်းအကျပ်ငွေပြန်လွှဲခိုင်းတဲ့ နည်းလမ်းဟာအာဏာသိမ်းမြန်မာစစ်တပ်အတွက်နိုင်ငံခြားငွေကြေး စုဆောင်းရရှိမှုပင်မအရင်းအမြစ်ဖြစ်လာတယ်လို့ သိရပါတယ်။