Connect with us

Hi, what are you looking for?

သတင်း

“ငါတို့မဲမပေးခဲ့” ကမ်ပိန်းနဲ့ စစ်တပ်ရွေးကောက်ပွဲဆန့်ကျင်ကြောင်း စစ်ကိုင်းတိုင်းက ပြည်သူတွေ ဆန္ဒပြ

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ “ငါတို့မဲမပေးခဲ့” ကမ်ပိန်းနဲ့ စစ်တပ်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇန်နဝါရီ ၂၉) မှာ ပြုလုပ်ခဲ့ပါတယ်။

ဇန်နဝါရီ ၂၉၊၂၀၂၆။ သုည/People’s Spring

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ “ငါတို့မဲမပေးခဲ့” ကမ်ပိန်းနဲ့ စစ်တပ်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇန်နဝါရီ ၂၉) မှာ ပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီနဲ့ ၅/လက်ပံတောင်းသပိတ်စစ်ကြောင်းတို့မှ “ငါတို့မဲမပေးခဲ့” စာသား ကိုင်ဆောင်ပြီး စစ်တပ်ရွေးကောက်ပွဲကိုဆန့်ကျင်တဲ့ လူထုလှုပ်ရှားမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

ဝက်လက်မြို့နယ် တနေရာမှာလည်း လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက စစ်တပ်လုပ်နေတဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ကာ မဲမပေးကြောင်း ပြသတဲ့အနေနဲ့ “ငါတို့မဲမပေးခဲ့” Hand Banner တွေ ကိုင်ဆောင်ပြီး ဓာတ်ပုံကမ်ပိန်း ပြုလုပ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း ကျေးရွာများသပိတ်ကော်မတီက စစ်တပ်ထုတ်ကုန်ပစ္စည်းတွေကို မသုံးစွဲဖို့နဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဖို့ “ဘူးသပိတ်ဆင်နွှဲ ဖက်ဆစ်ထောက်တိုင်ဖြိုလှဲ” လက်ကမ်းစာစောင်တွေ ဝေမျှခဲ့ကြပါတယ်။

ဓာတ်ပုံ – ရွာပေါင်းစုံသပိတ်၊ စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ဝက်လက်သပိတ်

ဆက်စပ်သတင်းများ

သတင်း

အာဆီယံထိပ်သီးညီလာခံကို စစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်ရဖို့ မသေချာ

အတွေးအမြင်

သုံးကြိမ်တိုင်တိုင် အသုတ်ခွဲပြုလုပ်ခဲ့တဲ့ စစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ ပြီးဆုံးသွားခဲ့ပါပြီ။ မကြာခင်ရက်ပိုင်းအတွင်းမှာ စစ်တပ်ကလွှတ်တော်အသီးသီးကို ကျင်းပတော့မှာဖြစ်ပြီး၊ ဆက်တိုက်ဆိုသလိုပဲစစ်တပ်နဲ့ ကြံ့ခိုင်ရေးပါတီတို့ပူးပေါင်းကာစစ်တပ်ကပဲအ​ပေါ်ယံ​ပြောင်းထားတဲ့ ဟန်ပြအစိုးရသစ်တစ်ရပ် ဖွဲ့စည်းတော့မှာ ဖြစ်ပါတယ်။

ဘာသာပြန်ဆောင်းပါး

အာဏာသိမ်းစစ်ကောင်စီ ကျင်းပခဲ့တဲ့ရွေးကောက်ပွဲဟာ တော်လှန်ရေးအင်အားစုတွေ ကြိုးပမ်းနေတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးကို စနစ်တကျပိတ်ဆို့ တားဆီးဖို့ ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ(CRPH) ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က ပြောကြားခဲ့ပြီး တော်လှန်ရေးအင်အားစုတွေ ပိုမိုညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ပြီး ကြိုးပမ်းဖို့ တိုက်တွန်းလိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ လေကြောင်းအန္တရာယ်ကာကွယ်ရေး ဟောပြောခြင်းနဲ့ စစ်တပ်ရွေးကောက်ပွဲဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဖေဖော်ဝါရီ ၃) မှာ ပြုလုပ်ခဲ့ပါတယ်။