Connect with us

Hi, what are you looking for?

သတင်း

သက်သေမပါဘဲ ဝင်ရောက်ရှာဖွေဖမ်းဆီးလို့ရအောင် နိုင်လွတ်လုံ ဥပဒေကို စစ်ကောင်စီပြင်ဆင်

အာဏာသိမ်းစစ်ကောင်စီကနိုင်ငံတော်လုံခြုံရေးနဲ့ကာကွယ်ရေးခေါင်းစဉ် အောက်ကနေ မည်သူ့ကိုမဆိုဝင်ရောက် ရှာဖွေဖမ်းဆီးရာမှာသက်သေမပါဘဲ ဖမ်းနိုင်ဖို့အတွက်နိုင်လွတ်လုံလို့အသိများတဲ့ နိုင်ငံသားတွေရဲ့ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနဲ့ ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှု ကာကွယ်ပေးရေးဥပဒေကို ဖေဖော်ဝါရီလ ၃ ရက်က ပြင်ဆင်ဖြည့်စွက်လိုက်ပါတယ်။

ညအချိန်မှာ စစ်ဆေးနေတဲ့ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်အချို့ကိုတွေ့ရပုံ ( ပုံဟောင်း)

ဖေဖော်ဝါရီ – ၄ ၊၂၀၂၆ ၊ နိုင်ပကောင်း/People’s Spring

အာဏာသိမ်းစစ်ကောင်စီကနိုင်ငံတော်လုံခြုံရေးနဲ့ကာကွယ်ရေးခေါင်းစဉ် အောက်ကနေ မည်သူ့ကိုမဆိုဝင်ရောက် ရှာဖွေဖမ်းဆီးရာမှာသက်သေမပါဘဲ ဖမ်းနိုင်ဖို့အတွက်နိုင်လွတ်လုံလို့အသိများတဲ့ နိုင်ငံသားတွေရဲ့ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနဲ့ ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှု ကာကွယ်ပေးရေးဥပဒေကို ဖေဖော်ဝါရီလ ၃ ရက်က ပြင်ဆင်ဖြည့်စွက်လိုက်ပါတယ်။

ယခင်ပြဌာန်းချက်အရနိုင်လွတ်လုံဥပဒေပုဒ်မ ၅ မှာလူတစ်ဦးတစ်ယောက်ရဲ့ နေအိမ်၊ဒါမှမဟုတ်နေထိုင်တဲ့အဆောက်အဦး၊ရုံးခန်း၊ပရဝဏ်ကိုဝင်ရောက်ရှာဖွေတာ၊ဖမ်းဆီးရာမှာ သက်ဆိုင်ရာရပ်ကွက်၊ကျေးရွာ အုပ်ချုပ်ရေးမှုး ၊ ရာအိမ်မှုး ၊ဆယ်အိမ်မှုး တစ်ဦးဦး နဲ့ အနည်းဆုံးသက်သေ နှစ်ဦးပါရမယ်လို့ ပြဌာန်းထားတာပါ။

အဲဒီပြဌာန်းချက်မှာ စစ်ကောင်စီခေါင်းဆောင် “နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးနှင့် အများပြည်သူ အေးချမ်းသာယာရေးအတွက်အရေးကြီးလိုအပ်ချက်မှတစ်ပါး” ဆိုတဲ့စာသားကို ဖြည့်စွက်လိုက်တာလည်းဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အဓိပ္ပါယ်ကတော့ နိုင်ငံကာကွယ်ရေး၊လုံခြုံရေးနဲ့အများပြည်သူ အေးချမ်းသာယာရေးဆိုတဲ့ အကြောင်းပြပြီး သက်သေမလိုဘဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ၊ စစ်ကောင်စီလက်အောက်ခံ ရဲ နဲ့ ပျုစောထီး ခေါ် ပြည်သူ့ စစ်တွေ က ဖမ်းဆီးလိုတဲ့လူနေထိုင်ရာနေအိမ်ကို ဝင်ရောက်ဖမ်းဆီးခွင့်ရသွားတာပါ။

အခုလို ဖြည့်စွက်တာမျိုးမလုပ်ခင် အာဏာသိမ်းစ ရက်ပိုင်းကတည်းက စစ်ကောင်စီခေါင်းဆောင်ဟာ နိုင်လွတ်လုံမှာပါတဲ့ ပုဒ်မ ၅ ၊ ပုဒ်မ ၇ နဲ့ ပုဒ်မ ၈ တို့ကို ရပ်ဆိုင်းလိုက်တယ်လို့ လက်မှတ်ရေးထိုးထုတ်ပြန်ထားခဲ့ပါတယ်။

ပုဒ်မ ၅ က လူတစ်ဦးတစ်ယောက်ကို ဝင်ရောက်ရှာဖွေ ဖမ်းဆီးရင် သက်သေပါရမယ်ဆိုတဲ့ပြဌာန်းချက်ဖြစ်ပြီး ၊ပုဒ်မ ၇ မှာတော့တရားရုံးရဲ့ ခွင့်ပြုချက်မရဘဲ ဘ​ယ်သူ့ကိုမှ ၂၄ နာရီထက်ကျော်လွန်ပြီး ဖမ်းဆီးထားလို့မရဘူးဆိုတဲ့ အချက် ပြဌာန်းထားတာပါ။

ပုဒ်မ ၈ မှာ လူတစ်ဦးတစ်ယောက်ရဲ့နောက်ကို နောက်ယောင်ခံ လိုက် ထောက်လှမ်းတာ၊တယ်လီဖုန်းလိုင်းတွေကို ကြားဖြတ် ဖမ်းဆီးနားထောင်တာ၊ဆက်သွယ်ရေးအော်ပရေတာတွေဆီကလူပုဂ္ဂိုလ်တစ်ဦးဦးရဲ့ အချက် အလက်တွေကိုတောင်းယူတာ ၊ လူပုဂ္ဂိုလ်တစ်ဦးဦးရဲ့ပိုင်ဆိုင်မှုပစ္စည်းတွေကို မတရားသိမ်းယူတာ ၊ ဖျက်ဆီးတာမျိုးမလုပ်ရဘူးဆိုတဲ့ တားမြစ်ချက်တွေ ပါဝင်ပါတယ်။

နိုင်လွတ်လုံမှာ ပါဝင်တဲ့ အဲဒီ ပုဒ်မ ၅ ၊၇ ၊ ၈ သုံးခုလုံးရဲ့အသက်ဝင်မှုကို ရပ်ဆိုင်းလိုက်တယ်ဆိုတာကို အာဏာသိမ်းပြီး ရက်ပိုင်းအတွင်း စစ်ကောင်စီခေါင်းဆောင်က လက်မှတ်ထိုးကြေညာခဲ့တာပါ။

အဲဒီနောက်မှာတော့ တရားမဲ့ဖမ်းဆီးမှုတွေ ၊ ဆက်သွယ်ရေးအော်ပရေတာတွေဆီက အချက်အလက်တောင်းယူတာတွေ ၊ နေအိမ်ချိတ်ပိတ်တာတွေကို စစ်ကောင်စီက လုပ်ဆောင်ခဲ့ပါတယ်။

နိုင်လွတ်လုံဥပဒေကိုအရပ်သားရွေးကောက်ခံ NLD အစိုးရသမ္မတဦးထင်ကျော်လက်ထက်၂၀၁၇ မှာပြဌာန်းခဲ့တာဖြစ်ပြီးဥပဒေကိုလွှတ်တော်မှာ ဆွေးနွေးချိန်ကတည်းက စစ်တပ် လွှတ်တော်ကိုယ်စားလှယ်တွေက ကန့်ကွက်ခဲ့ကြပါတယ်။

နိုင်လွတ်လုံ ဥပဒေဟာနိုင်ငံအတွက် လုံခြုံရေးစည်းကျိုးပေါက်တယ်လို့ စစ်တပ် ထောက်ခံသူတွေက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြတာရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။

Facebook