Connect with us

Hi, what are you looking for?

သတင်း

ဒီးမော့ဆိုမှာရှိတဲ့ ဘိန်းစိုက်ခင်းတွေကို KNDF ဖျက်ဆီး

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာရှိတဲ့ ဘိန်းစိုက်ခင်းတွေကို ကရင်နီအမျိုးသားများကာ ကွယ်ရေးတပ်(KNDF)က ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။

ဖေဖော်ဝါရီ-၁၀၊၂၀၂၆။ဇော်ဝင်း /People’s Spring

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာရှိတဲ့ ဘိန်းစိုက်ခင်းတွေကို ကရင်နီအမျိုးသားများကာ ကွယ်ရေးတပ်(KNDF)က ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။

ဘိန်းမစိုက်ဖို့ သတိပေးချက်တွေကို မလိုက်နာတာကြောင့် မနေ့က(ဖေဖော်ဝါရီ ၉ ရက်)ဖျက်ဆီးခဲ့တာလို့ သိရပါတယ်။

“ဒီးမော့ဆို-တောင်ငူ လမ်းမဘေးစိုက်ထားတဲ့အခင်းကို ဖျက်တာ”လို့ ကရင်နီပြည်နယ်က ကာကွယ်ရေး ရဲဘော်တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမယ့် ဒေသတွင်း စားဝတ်နေရေး တစ်စိတ်တပိုင်းဖြစ်နေတဲ့ ဘိန်းစိုက်ခင်းကို ဖျက်ဆီးတာနဲ့ပတ်သက်လို့ စိုက်ခင်း တောင်သူတွေနဲ့ မူးယစ်ဆေးဝါးမလိုလားသူတွေကြား အငြင်းပွားမှုတွေလည်း ရှိတယ်လို့ သိရပါတယ်။

“မိရိုးဖလာဆိုတာထက် စိုက်တဲ့သူများလာတယ်။တစ်ခုရှိတာ ဘိန်းအစားထိုး သီးနှံတွေကို တာဝန်ရှိသူတွေဘက်ကလည်း ဖန်တီးပေးတာမျိုး ပိုလုပ်သင့်တယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဘိန်းစိုက်ခင်းဖျက်ဆီးတာနဲ့ ပတ်သက်လို့ တပ်အနေနဲ့ မဆောင်ရွက်ဘဲ ပြည်နယ်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)ရဲ့ပြည်ထဲရေးဝန်ကြီးဌာနက ဆောင်ရွက်သင့်တယ်လို့လည်း ပြည်နယ်အရပ်ဘက် အဖွဲ့ဝင်တစ်ဦးက အကြံပြုပါတယ်။

“တပ်က လုပ်တာဆိုတော့ အမြင်စူးသလိုဖြစ်သွားတာပေါ့။ပြည်ထဲရေးကနေ တိုက်ရိုက်သွားလို့မရတဲ့ အခြေအနေတခုကြောင့်လည်းပါမယ်။လမ်းမဘေးတွေက စိုက်ခင်းတွေနဲ့ပတ်သက်လို့ ဖျက်မယ်ဆိုတာကတော့ ပြီးခဲ့တဲ့ နှစ်ကတည်းက သတိပေးပြီးသားလို့ သိရတယ်”လို့ သူက ပြောပါတယ်။

ပြည်နယ်တွင်း မူးယစ်ဆေးဝါးနဲ့ပတ်သက်လို့ ပြင်းပြင်းထန်ထန်အရေးယူမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ရဲ့မူဝါဒလမ်းညွှန်ချက်တွေမှာ ဖော်ပြထားပါတယ်။

ရုပ်သံ – Moe Nyo/FB

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှာရှိတဲ့ မိဘမဲ့ကျောင်းကို စစ်တပ်က အသေခံဒရုန်း(ကာမီကာဇေ)နဲ့ တိုက်ခိုက်မှုကြောင့် ကလေး ၁ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရကာ ၂ဦးက အခြေအနေစိုးရိမ်ရတယ်လို့ ဒေသခံ‌နဲ့စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊လက်နက်ကြီးနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်နီပြည်မှာ ညီညွတ်တဲ့အစိုးရနဲ့အတူ ပြည်နယ်တပ်တစ်ခုတည်းဖြစ်ပေါ်လာဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDFက ဒီကနေ့ စက်တင်ဘာ ၁ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်နဲ့ ပတ်သက်ဆက်နွှယ်တဲ့ အရက်၊ ဘီယာနဲ့ ဆေးလိပ်ထုတ်ကုန်တွေ ရောင်း၀ယ်ပါက ထိရောက်စွာအရေးယူမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)အမှတ်- ၂ စစ်ဒေသ က ဒီကနေ့ ထုတ်ပြန်ပါတယ်။

Facebook