Connect with us

Hi, what are you looking for?

သတင်း

ဖားဆောင်းမြို့ကို စစ်တပ်တွေဝင်လာပြီး တိုက်ပွဲတွေပြင်းထန်နေ

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့ကို စစ်တပ်စစ်ကြောင်းတွေဝင်လာပြီး တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ကရင်နီပူးပေါင်းတပ်ဖွဲ့တာဝန်ရှိသူအချို့က ပြောပါတယ်။

စစ်တပ်တိုက်ခိုက်မှုကြောင့် ဖားဆောင်းမြို့တွင်း အပျက်အစီးများကို ၂၀၂၄မတ်လ ၁ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - Free Burma Rangers

ဖေဖော်ဝါရီ-၁၆၊၂၀၂၆။ ဇော်ဝင်း/People’s Spring

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့ကို စစ်တပ်စစ်ကြောင်းတွေဝင်လာပြီး တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ကရင်နီပူးပေါင်းတပ်ဖွဲ့တာဝန်ရှိသူအချို့က ပြောပါတယ်။

စစ်တပ်ဟာ ဘောလခဲမြို့နယ်ဘက်ကနေ သုံးလနီးပါးကြာ ထိုးစစ်ဆင်လာပြီးနောက် ကရင်နီတပ်တွေ ထိန်းချုပ်ထားတဲ့ ဖားဆောင်းမြို့အတွင်းကို မနေ့က (ဖေဖော်ဝါရီ ၁၅ ရက်)က ဝင်ရောက်လာတာလို့ ဆိုပါတယ်။

“ တိုက်ပွဲတွေက ဆက်ဖြစ်နေတယ်။စစ်တပ်က ဖားဆောင်းမြို့နားကပ်တာတော့ သေချာတယ်။၁၃၄ နဲ့ ၁၃၅(ဖားဆောင်းအခြေစိုက် ခလရ ၁၃၄ နဲ့ ခလရ ၁၃၅) ကိစ္စတော့ အတိအကျ ပြောမရသေးဘူး” လို့ ကယန်းအမျိုးသားတပ်မတော်(KNA)၏ ပြောရေးဆိုခွင့်ရှိသူ ခွန်းဆောင်ဒူက ဒီကနေ့(ဖေဖော်ဝါရီ ၁၆ရက်) ဖားဆောင်းတိုက်ပွဲအခြေနေကို ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဖားဆောင်းမြို့ကို ပြန်လည်ထိန်းချုပ်နိုင်တယ်ဆိုပြီး မြို့တွင်းက ဌာနဆိိုင်ရာရုံးတချို့ဓာတ်ပုံတွေနဲ့ စစ် တပ်က မနေ့ကညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

ဒါပေမယ့် မြို့အနောက်နဲ့တောင်ဘက်ခြမ်းက စစ်တပ်အခြေစိုက်စခန်းတွေဖြစ်တဲ့ ခလရ(၁၃၄)နဲ့ (၁၃၅)တပ်ရင်းတွေနဲ့ဆက်စပ်လို့ မဖော်ပြထားပါဘူး။

“ အခြေအနေတွေက ရှုပ်​ထွေးဆဲပဲ။မြေပြင်ရဲဘော် တွေဆီက သတင်းမတက်လာသေးဘူး” လို့ ကရင်နီတပ်မတော် ကရင်နီတပ်မတော် KA စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ဖားဆောင်းမြို့အခြေအနေနဲ့ပတ်သက်လို့ ပြောပါတယ်။

ဖားဆောင်းမြို့နယ်ကိုသာ စစ်တပ်ကထိန်းချုပ်နိုင်ခဲ့ရင် ကရင်နီတပ်ပေါင်းစုရဲ့အလုံးစုံထိန်းချုပ်ထားတဲ့ မယ်စဲ့မြို့နယ်အတွက်လည်း စစ်ရေးအရ အချိန်မရွေး ခြိမ်းခြောက်ခံရနိုင်တယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်က အသိပေးပါတယ်။

“ ကရင်နီတပ်ပေါင်းစုံစစ်ဦးစီးအဖွဲ့ -JCS ထဲက အဖွဲ့ တချို့ တိုက်ပွဲထဲ မပါဘူးလို့ကြားရတယ်။ဒီပုံစံ အတိုင်းဆိုရင် ဖားဆောင်းတင်မကဘူး။သိမ်းထားတဲ့ နယ်မြေတွေအတွက် စိုးရိမ်ရတယ်။မြေပြင် အခြေအနေကို လူကြီးတွေက ပိုသိမှာပါ။ဒါကြောင့် လူထုကို ကြည့်ကြဖို့ တောင်းဆိုပါတယ်” လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅နှစ် ဇွန် ၃၀ရက်က ဖားဆောင်းမြို့နယ်ရဲ့ အခြေစိုက်တပ်နှစ်ခုထဲက ခလရ(၁၃၄)ကို ကရင်နီတပ်ပေါင်းစုံစစ်ဦးစီးအဖွဲ့ -JCS က အလုံးစုံသိမ်းပိုက်ခဲ့ပါတယ်။ဒါပေမယ့် ခလရ(၁၃၅)ကို ပိတ်ဆို့ခဲ့ပေမယ့် သိမ်းနိုင်ခဲ့ခြင်းမရှိပါဘူး။

ဖားဆောင်းမြို့နယ်ရဲ့အရှေ့ဘက်ခြမ်းမှာ ကရင်နီတပ်ပေါင်းစုက ၂၀၂၃ကတည်းက သိမ်းပိုက်ထားတဲ့ မယ်စဲ့မြို့နယ်ရှိကာ အနောက်ဖက်ခြမ်းမှာ ကရင်ပြည်နယ်သံတောင်ကြီး၊တောင်ဘက်ခြမ်းမှာ ဖာပွန်နဲ့ မြောက်ဘက်ခြမ်းမှာ ဘောလခဲမြို့နယ်ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်က နန့်ကစ်ကျေးရွာအနီးမှာ တိုက်ပွဲဆက်ဖြစ်နေတယ်လို့ မြေပြင်မှာရှိတဲ့ တပ်ဖွဲ့ဝင်တချို့က ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်က နန့်ကစ်ကျေးရွာအနီးမှာ တိုက်ပွဲဆက်ဖြစ်နေတယ်လို့ မြေပြင်ရဲဘော်တချို့က ပြောပါတယ်။

ဆောင်းပါး

ကရင်နီပြည်နယ်မှာဒေသကွပ်ကဲရေးစစ်ဌာနချုပ်အပါအဝင် အာဏာသိမ်းစစ်တပ်အခြေစိုက် တပ်ရင်း ၂၀ ကျော်ရှိပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့အတွင်း စစ်တပ်က ဝင်ရောက်ဖို့ ကြိုပမ်းနေတာကြောင့် တိုက်ပွဲတွေဖြစ်နေတယ်လို့ မြေပြင်ရဲ​ဘော်တွေက ပြောပါတယ်။