Connect with us

Hi, what are you looking for?

သတင်း

သပိတ်ကျင်းမှာ တိုက်ပွဲပြင်းထန်နေ ၊တကောင်းမြို့ဦးတည်ပြီး စစ်တပ်စစ်ကြောင်းထိုး

မန္တလေးတိုင်း၊သပိတ်ကျင်းမြို့နယ်မှာ တိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်နေပြီး တကောင်းမြို့ဘက်ကို စစ်တပ်ကဦးတည်ကာ စစ်ကြောင်းထိုးနေတယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

(သပိတ်ကျင်းမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ အမှတ်(၁၄၈) ခြေလျင်တပ်ရင်းရှေ့မှာတွေ့ရတဲ့ မန္တလေး PDF ရဲဘော်တွေ။ ဓာတ်ပုံ - မန္တလေး PDF)

ဖေဖော်ဝါရီ-၂၀၊၂၀၂၆၊ရှိန်း/ People’s Spring

မန္တလေးတိုင်း၊သပိတ်ကျင်းမြို့နယ်မှာ တိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်နေပြီး တကောင်းမြို့ဘက်ကို စစ်တပ်ကဦးတည်ကာ စစ်ကြောင်းထိုးနေတယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

အမှတ်(၁၃)တပ်မတော်တန်းမြှင့်လေ့ကျင့်ရေးသင်တန်းကျောင်း(တတက-၁၃)ကနေ စစ်တပ်က ဖေဖော်ဝါရီပထမပတ်ကတည်းက အသေခံဒရုန်းတွေသုံးကာ ထိုးစစ်ဆင်လာတာလို့ သိရပါတယ်။

အဲဒီမြောက်ဘက်ကတွင်းငယ်ကျေးရွာကို စစ်တပ်ကသိမ်းလိုက်ပြီး ဖေဖော်ဝါရီ ၁၄ ရက်မှာ ရှားတောရွာကို သိမ်းလိုက်ကာ ဒီနေ့အထိ ရှား တောရွာမှာ အထိုင်ချကာ မြောက်ဘက်က ကြာညှပ်ကျေးရွာကို ထပ်မံစစ်ကြောင်းထိုး နေတယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

“ရှားတောနဲ့ကြာညှပ်က ၁၀မိုင်လောက်ကွာတယ်။ကြာညှပ်-တကောင်းမြို့က ၁၀မိုင်လောက်ကွာတယ်။မြို့ကိုသိမ်းဖို့ဦးတည်နေတာ။စကစကလည်း မရ ရ‌အောင်သိမ်းဖို့လုပ်နေတာ”လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးကပြောပါတယ်။

တော်လှန်ရေးတပ်တွေဘက်ကလည်း ခုခံတိုက်ခိုက်နေပြီး ဖေဖော်ဝါရီ ၆ရက်ကတည်းကတိုက်ပွဲပြင်းထန် နေတာလို့သိရပါတယ်။

မန္တလေးတိုင်းက ခရိုင်တပ်ရင်းတွေအပါအဝင် မြို့ခံတပ်တွေ ၊ပကဖတွေပါ တကောင်းမြို့မကျ ရေးကာကွယ်ထားတယ်လို့ သိရပါတယ်။

“ဒီဘက်ကလည်း လုံးဝပြန်မပေးဘူးလို့ ပြောတာပဲ။စကစဘက်ကလည်း ဆက်တိုက်ကို ဒရုန်း အစီးရေဆယ်ချီသုံးပြီးတိုက် နေတာ။တိုက်ပွဲကဆက်တိုက်ကို ဖြစ်နေတယ် “လို့ ဆိုပါတယ်။

၁၀၂၇ စစ်ဆင်ရေးမှာ တော်လှန်ရေးတပ်တွေ သိမ်းယူခဲ့တဲ့ မတ္တရာ၊စဉ့်ကူး၊တကောင်း၊သပိတ်ကျင်း၊မိုးကုတ်၊မိုးမိတ်ကိုစစ်ကောင်စီက ပြန်လည်သိမ်းယူနေပြီး ဒီမြို့တွေထဲမှာတကောင်းမြို့တစ်မြို့ကျန်နေကာ စစ်တပ်က ဆက်တိုက်ထိုးစစ်ဆင် နေတာပါ။

ဆက်စပ်သတင်းများ

သတင်း

တံတားဦးလေတပ်တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က စစ်ကြောင်းတွေ နွားထိုးကြီးမြို့နယ်အတွင်းဝင် ရောက်ကာ နွားထိုး- မြင်းခြံလမ်းပိုင်းက ကျေးရွာတချို့ကို ဝင်ရောက် တပ်စွဲပြီး အိမ်ထောင်စုစာရင်း ကောက်ယူနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

လေယာဉ်နဲ့ကြဲချတဲ့ ဗုံးတွေထုတ်လုပ်နေတဲ့ ဆိပ်ဖြူမြို့နယ်က အဓိကလမ်းပိုင်းတွေကို စစ်တပ်က စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ရွှေဒါးကျကျေးရွာကို ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အာဏာသိမ်းစစ်တပ် စစ်ကြောင်းဝင်ရောက်လာပြီးနောက် နေအိမ်တွေကိုမီးရှို့တာတွေပြုလုပ် နေတယ်လို့ သတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

သတင်း

ပဲခူးတိုင်း၊ တောင်ငူမြို့နယ် ရန်ကုန်-မန္တလေးအမြန်လမ်းတစ်လျှောက် စစ်တပ်စစ်ကြောင်းထိုးနေပြီးတော်လှန်ရေးတပ်တွေနဲ့ စစ်ဆိုင်ထားတယ်လို့ ဗျူဟာအမှတ်(၂၃) ပဲခူးတိုင်းစစ်ဌာန တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

Facebook