Connect with us

Hi, what are you looking for?

သတင်း

ပုဏ္ဏားကျွန်းက ဈေးကို စစ်တပ်ဗုံးကြဲသေဆုံးထိခိုက်သူများ

ပုဏ္ဏားကျွန်းမြို့နယ်၊ယိုးငူရွာကဈေးကိုစစ်တပ်ကလေကြောင်းကနေဗုံးကြဲလို့ စစ်ဘေးရှောင်တွေအပါအဝင်ဒေသခံ ၃၀ ဦးထက်မနည်းထိိခိုက်သေ
ဆုံးတယ်လို့ ကနဦးသတင်းရရှိပါတယ်။။

(စစ်တပ် ဗုံးကြဲမှု​ကြောင့် ဒဏ်ရာရက​လေးငယ်​တွေကို ​တွေ့ရစဥ်။ဓါတ်ပုံ-AA Infodesk )

​ဖေ​ဖော်ဝါရီ-၂၄၊၂၀၂၆။အိမ်သွင်/People’s Spring

ပုဏ္ဏားကျွန်းမြို့နယ်၊ယိုးငူရွာကဈေးကိုစစ်တပ်ကလေကြောင်းကနေဗုံးကြဲလို့ စစ်ဘေးရှောင်တွေအပါအဝင်ဒေသခံ ၃၀ ဦးထက်မနည်းထိိခိုက်သေ
ဆုံးတယ်လို့ ကနဦးသတင်းရရှိပါတယ်။။

ဖေဖော်ဝါရီလ၂၄ရက်မွန်းလွဲ၂ နာရီမှာစစ်ကောင်စီကဂျက်ဖိုက်တာ(တိုက်ခိုက်​ရေး​လေယာဥ်)နဲ့ ဗုံးနှစ်လုံးကြဲချသွားတာလို့ စစ်ဘေး ရှောင်တွေကိုကူညီနေသူတစ်ဦးကပြောပါတယ်။

လတ်တလောရရှိထားတဲ့သတင်းအရ သေဆုံးသူ ၁၂ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၂၀ဦးကျော်တယ်လို့ စစ်ဘေးရှောင်တွေကိုကူညီနေတဲ့ စာရေးဆရာ ဝေဟင်အောင်က အသ်ိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

“ကျွန်တော်တို့ကြားရသလောက်တော့ တော်တော်လေးအထိအခိုက်များထားတယ်။၂၀ ဦးထက်မနည်းဘူး ထိတာ။ သေဆုံးတာတွေလည်း များနေတယ်တဲ့”လို့ ၎င်းက ပြောပါတယ်။

စစ်တွေမြို့နယ်ထဲက စစ်ကောင်စီစခန်းတွေကို အာရက္ခတပ်တော်(AA)က တိုက်ခိုက်နေချိန်မှာ ပုဏ္ဏားကျွန်းမြို့ကို စစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်တာတွေ ၊ လေကြောင်းကနေဗုံးကြဲတာတွေမကြာခဏပြုလုပ်နေပါတယ်။

ဇန်နဝါရီလ ၂၀ ရက်နေ့ ညကလည်း ပုဏ္ဏားကျွန်းမြို့နယ်နဲ့ကျောက်တော်မြို့နယ်အစပ် ချောင်းတူကျေးရွာကို လေကြောင်းကနေဗုံးကြဲခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံ့ပန်းနဲ့သုံ့ပန်းမိသားစုဝင် ၂၁ ဦးသေဆုံးခဲ့ပြီး ၃၀ ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပါတယ်။

ဒါအပြင်မြောက်ဦးမြို့ဆေးရုံကို ၂၀၂၅ ဒီဇင်ဘာ ၁၀ ရက်ညပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတာမှာ လသားအရွယ် ကလေးငယ်နဲ့ ကိုယ်
ဝန်ဆောင်တွေအပါအဝင်သေဆုံးသူ ၃၃ဦးရှိလာပြီး ဒဏ်ရာရသူ ၈၀ နီးပါးရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်၂၅ ရက် ည ၁၁ နာရီကျော်မှာလည်း မြောက်ဦးမြို့၊ ဒိုင်းကျီရပ်ကွက်ကို အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲမှုကြောင့် အရပ်သား ၁၂ ဦးသေဆုံးပြီး ၂၁ ဦးဒဏ်ရာရခဲ့ပါတယ်။

၂၀၂၄ မတ်လ၂၁ ရက်ကလည်း မြောက်ဦးမြို့အနီးမှာရှိတဲ့ရွာကို စစ်တပ်က ဗုံးကြဲခဲ့ရာ ကလေးလေးဦးနဲ့ အမျိုးသမီးတစ်ဦး သေဆုံးပြီး အပြင်း
အထန် ဒဏ်ရာရသူ ၁၀ ဦးဝန်းကျင်ရှိခဲ့ပါတယ်။

AA ဟာ ၁၇ မြို့နယ်ရှိတဲ့ ရခိုင်ပြည်နယ်မှာ ၁၄ မြို့နယ်ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး စစ်​တွေ၊​ ကျောက်ဖြူ၊ မာန်​အောင်မြို့နယ်တို့ကိုပဲ သိမ်းပိုက်ထိန်းချုပ်ဖို့ ကျန်​​နေပါတယ်။ ​အာဏာသိမ်းစစ်တပ်ဟာ AA သိမ်းပိုက်ထိန်းချုပ်ထားတဲ့​ ဒေသ​တွေကို ပြန်လည်ထိုးစစ်ဆင်ထိန်းချုပ်နိုင်တာမျိုးမလုပ်နိုင်ဘဲ အရပ်သားပြည်သူ​တွေကို ဦးတည်ပြီး ဗုံးကြဲသတ်ဖြတ်မှု​တွေကို မကြာခဏပြုလုပ်​နေပါတယ်။

စစ်တပ် အာဏာသိမ်းအပြီး ၅နှစ်အတွင်း လေ
ကြောင်း တိုက်ခိုက်မှုကြောင့် ကလေးငယ် ၆၀၀
ကျော် အပါအဝင် ပြည်သူ ၅,၀၀၀ နီးပါး သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ၂၀၂၆ ​ဖေ​ဖော်ဝါရီလဆန်းမှာထုတ်ပြန်ထားပါတယ်။အာဏာ
သိမ်းစစ်ကောင်စီဟာ ပြည်သူတွေအပေါ် ကျူး
လွန်တဲ့ ရက်စက်မှုတွေ ရပ်တန့်မသွားတဲ့အပြင် ပိုမိုဆိုးရွားလာနေကြောင်း ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ရသေ့တောင်မြို့နယ်၊ မိုးစဲကျွန်း၊ ကူတောင်ကျေးရွာကနေ ကျောက်တော်မြို့ဆီ စျေးဝယ်သွားတဲ့ စက်လှေတစီးဟာ ဒီကနေ့ မနက်ပိုင်းမှာ ပုဏ္ဏားကျွန်းမြို့အနီး နစ်မြှုပ်သွားခဲ့တာကြောင့် စက်လှေ ပေါ်လာသူ ၈ ဦး သေဆုံးပြီး ၂ ဦး ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့ကို စစ်တပ်က ဒီကနေ့ မေလ ၁၅ရက်မနက်ပိုင်းမှာ ဂျက်ဖိုက်တာ ၂စီးနဲ့ ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတဲ့ မောတောင်မြို့ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်လို့ အရပ်သားဇနီးမောင်နှံ ၂ဦး သေဆုံးခဲ့ရကြောင်း KNUက ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ သင်္ကြန်အတက်နေ့ ပြည်သူတွေရေကစားနေတဲ့နေရာကို စစ်တပ်က ဂျိုင်ရိုကော်ပတာနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၃ ဦး သေဆုံးပြီး ၁၃ဦး ဒဏ်ရာရခဲ့ပါတယ်။