Connect with us

Hi, what are you looking for?

သတင်း

မန္တလေးPDF တပ်မွေးနေ့အထိမ်းအမှတ် ကျဆုံးစစ်သည်တွေကို ရည်စူး ဆွမ်းကပ်အမျှဝေ

ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY PDF) (အထူးလှုပ်ရှားတပ်မ)ရဲ့ (၅)နှစ်ပြည့် တပ်မွေးနေ့ အထိမ်းအမှတ်အဖြစ် ကျဆုံးစစ်သည်ရဲဘော်အပေါင်းကို ရည်စူးပြီး ဆွမ်းကပ် အမျှဝေခဲ့ကြောင်း မန္တလေး PDFက ဒီကနေ့ ဖေဖော်ဝါရီ ၂၆ရက် ညနေမှာ ထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီ−၂၆၊၂၀၂၆။ ထားမြတ်/People’s Spring

ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY PDF) (အထူးလှုပ်ရှားတပ်မ)ရဲ့ (၅)နှစ်ပြည့် တပ်မွေးနေ့ အထိမ်းအမှတ်အဖြစ် ကျဆုံးစစ်သည်ရဲဘော်အပေါင်းကို ရည်စူးပြီး ဆွမ်းကပ် အမျှဝေခဲ့ကြောင်း မန္တလေး PDFက ဒီကနေ့ ဖေဖော်ဝါရီ ၂၆ရက် ညနေမှာ ထုတ်ပြန်ပါတယ်။

မနေ့က ဖေဖော်ဝါရီ ၂၅ရက်ဟာ မန္တလေး PDF ဖွဲ့စည်းမှု (၅)နှစ်ပြည့် နေ့ဖြစ်ပါတယ်။တပ်မွေးနေ့ အမှတ်တရစကား ပြောကြားခဲ့တဲ့ တပ်မကွပ်ကဲရေးမှူး ရဲဘော်ကိုနေကလည်း လက်ရှိ တော်လှန်ရေး (၅)နှစ်တာအတွင်း အပြည့်အ၀ ပူးပေါင်းလာပေးတဲ့ ပြည်သူလူထုကို ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့သလို တော်လှန်ရေးမှာ ကျဆုံးရဲဘော်တွေကို ဦးညွှတ်ဂုဏ်ပြုကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ကိုယ်လက်အင်္ဂါစွန့်လွှတ်ရသူတွေအပါအဝင် ထိခိုက်ဒဏ်ရာရ ရဲဘော်တွေကို ဂုဏ်ပြုကြောင်း တပ်မ ကွပ်ကဲရေးမှူးက ပြောကြားပါတယ်။

မန္တလေး PDF တပ်မွေးနေ့ အထိမ်းအမှတ်အဖြစ် စစ်ဘေးရှောင်ပြည်သူတွေကို စားနပ်ရိက္ခာတွေ ဝေမျှတလည်း လုပ်ဆောင်ခဲ့ တယ်လို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် တပ်ရင်း/ဌါနအလိုက် တန်းစီအလေးပြုခြင်း ၊ တပ်မွေးနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းကို ရှင်းလင်းပြောကြားခြင်း ၊ အမှတ်တရ မွေးနေ့ကိတ်ခွဲခြင်းနဲ့ အားကစားပြိုင်ပွဲများ ကျင်းပခြင်းတို့ ပြုလုပ်ခဲ့ကြောင်း ဓာတ်ပုံမှတ်တမ်းတွေနဲ့ အတူ ဖော်ပြထားပါတယ်။

မန္တလေး PDFအနေနဲ့ စစ်အာဏာရှင်စနစ်အမြစ်ပြတ်တဲ့အထိ တိုက်ပွဲဝင်မယ်လို့လည်း တပ်မွေးနေ့ ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။

မန္တလေး PDF ရဲ့ တပ်မွေးနေ့သို့ NUG ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(နေပြည်တော်)၊ PDF TRI ဗျူဟာ၊ မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ၊ ရွှေဘိုခရိုင် အမှတ်(၂၃) တပ်ရင်း၊ ရွှေဘိုခရိုင် အမှတ်(၁၄)တပ်ရင်း၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၊ နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု(SRA)၊ PDF မိုးကုတ်ဗျူဟာ၊ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး(BLDF)၊ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး(DPLA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တို့က သဝဏ်လွှာပေးပို့ခဲ့ကြတာကိုလည်း တွေ့ရပါတယ်။

ဓာတ်ပုံ − မန္တလေး PDF

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ မီးသတ်ကယ်ဆယ်ရေးယာဉ်ရဲ့ စက်သုံးဆီဝယ်ယူခွင့် QR ကို ပွားကာ စက်သုံးဆီ လိမ်လည်ထုတ်ယူသွားကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

Facebook