Connect with us

Hi, what are you looking for?

သတင်း

မြန်မာဖက်က စီးလာတဲ့ မြစ်ရေထဲက အဆိပ်အတောက်တွေရဲ့ မူလရင်းမြစ်ကို ဂျပန်အကူအညီနဲ့ ရှာဖွေဖို့ ထိုင်းစီစဉ်

မြန်မာဖက်ခြမ်းကနေ မြစ်ရေနဲ့အတူ မျောပါလာတဲ့ အဆိပ်အတောက်ဓာတ်တွေရဲ့ မူလ အရင်းအမြစ်ကို ဖော်ထုတ်နိုင်ရေးအတွက် ဂျပန်ရဲ့ အကူအညီကို ယူသွားမယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

မြန်မာဖက်ခြမ်းကနေ မြစ်ရေနဲ့အတူ မျောပါလာတဲ့ အဆိပ်အတောက်ဓာတ်တွေရဲ့ မူလ အရင်းအမြစ်ကို ဖော်ထုတ်နိုင်ရေးအတွက် ဂျပန်ရဲ့ အကူအညီကို ယူသွားမယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

ရှမ်းပြည်နယ်ကို ဖြတ်သန်းလာတဲ့ နမ့်ခုတ်မြစ်ဟာ ထိုင်းပိုင်နက်ထဲထိ စီးဝင်ပါတယ်။ အဲဒီရေထဲမှာ အဆိပ်အတောက် ဖြစ်စေတဲ့ ဓာတ်သတ္တု ပစ္စည်းတွေ လွန်လွန်ကဲကဲ ပါဝင်တဲ့ အခြေအနေတွေ ကြုံခဲ့ဖူးပါတယ်။ အဲဒီ ကိစ္စက နယ်စပ်မျဉ်း နှစ်ဖက်စလုံးမှာ မြစ်ရေကို အမှီပြုနေရတဲ့ ဒေသခံတွေအတွက် ခေါင်းခဲစရာ ပြဿနာ ဖြစ်ခဲ့ပါတယ်။

ထိုင်းရဲ့ ပတ်ဝန်းကျင် ညစ်ညမ်းမှု ထိန်းချုပ်ရေး ဌာနဟာ ဂျပန် အစိုးရနဲ့ ပူးပေါင်းပြီး ဒီကိစ္စကို ဖြေရှင်းဖို့ ကြိုးစားနေတာပါ။ အဓိအားဖြင့် အဲဒီ အဆိပ်အတောက် ဓာတ်သတ္တုတွေဟာ မြန်မာဖက်ခြမ်းရဲ့ ဘယ်နေရာကနေ မြစ်ရေထဲ စတင် စီးဆင်းလာသလဲ ဆိုတာကို ရေစစ်ထုတ်မှု၊ နုန်းအနည်အနှစ် လေ့လာမှု နည်းပညာတွေ သုံးပြီး ဂျပန်ရဲ့ အကူအညီနဲ့ သရုပ်ခွဲနိုင်ဖို့ မျှော်လင့်ထားကြောင်း ဌာန အကြီးအကဲ ဆူရင် ဝိုရတ်ခစ်သမ်ရောင်က ပြောပါတယ်။

ဖေဖော်ဝါရီ ၂၅ ရက်နေ့တုန်းကတော့ ဌာန တာဝန်ရှိသူတွေဟာ ကော့မြစ်အဖြစ် ချင်းရိုင်ခရိုင်ထဲ စီးဝင်သွားတဲ့ နမ့်ခုတ်မြစ်ရေကို အရည်အသွေး စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ လောလောဆယ်မှာတော့ မြစ်ရေရဲ့ သန့်စင်မှု အရည်အသွေးက ပြန်လည် ကောင်းမွန်နေတယ်လို့ စစ်ဆေးချက် အဖြေထွက်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ရေညစ်ညမ်းမှု ပြဿနာကို ရေရှည် ဖြေရှင်းနိုင်ရေး အကူအညီ ပေးနေတဲ့ ဂျပန်အစိုးရဟာ မြန်မာဖက်မှာလည်း အလားတူ အကူအညီမျိုး ပံ့ပိုးပေးဖို့ ဆန္ဒရှိနေကြောင်း ဆူရင်က ဆိုပါတယ်။ ရေထဲက သတ္တုအရောအနှောနဲ့ နုန်းအနည်အနှစ်တွေ သရုပ်ခွဲ လေ့လာမှုကို ဂျပန်က အကူအညီ ပေးမှာဖြစ်ကြောင်း၊ သိပ်မကြာခင် ရှမ်းပြည်နယ်ဖက်ကို သွားရောက် စစ်ဆေးနိုင်ဖို့ မျှော်လင့်ကြောင်း သူက ဆက်ပြောပါတယ်။

အဲဒီ ရေညစ်ညမ်းမှု ဖြစ်စေတဲ့ အဆိပ်အတောက် ဓာတ်ပစ္စည်းတွေရဲ့ မူလအစဟာ ဖြစ်နိုင်ခြေ နှစ်ခုရှိကြောင်း ဆူရင်က မှတ်ချက်ပေးခဲ့ပါတယ်။ အဲဒါတွေကတော့ မြန်မာဖက်ခြမ်းက မြေရှားသတ္တု တူးဖော်မှုတွေ၊ ဒါမှမဟုတ် စိုက်ပျိုးရေး လုပ်ငန်းတွေ ဖြစ်ပါတယ်။ ထိုင်းနဲ့ ဂျပန်တို့ရဲ့ လက်ရှိ ရည်မှန်းချက်ကတော့ ရှမ်းပြည်နယ်ရဲ့ မြစ်ရိုးတလျှောက်ကို သွားရောက် လေ့လာပြီး ဘယ်နေရာတွေကနေ အာဆင်းနစ် ဓာတ်တွေကို မြစ်ရေထဲ စွန့်ထုတ်နေသလဲ ဆိုတာ စစ်ဆေးဖော်ထုတ်နိုင်ဖို့ ဖြစ်ပါတယ်။

နယ်စပ်ဖြတ်ကျော် မြစ်တွေမှာ အာဆင်းနစ် အဆိပ်ဓာတ်တွေ ညစ်ညမ်းနေမှုကို ကိုင်တွယ်ဖို့ အစည်းအဝေး တစ်ရပ်ကို မတ်လထဲမှာ ကျင်းပဖို့ လျာထားကြောင်း ဆူရင်က ဆက်ပြောခဲ့ပြီး ထိုင်းအစိုးရဟာ အဲဒီလို ရေအရင်းအမြစ် ညစ်ညမ်းမှုတွေကို ကိုင်တွယ်မယ့် ကိစ္စကို ဦးစားပေး မူဝါဒထဲမှာ ထည့်သွင်းထားတယ်လို့လည်း အတည်ပြုသွားပါတယ်။

ဖေဖော်ဝါရီ ၂၅ ရက်နေ့က ယူဆောင်ခဲ့တဲ့ နမ့်ခုတ်မြစ်ရေရဲ့ နမူနာအရ ရေတစ်လီတာမှာ အာဆင်းနစ် ပါဝင်နှုန်းက ၀.၀၅ မီလီဂရမ် ရှိနေတယ်လို့ သိရပါတယ်။ ဒါကြောင့် လုံခြုံတဲ့အဆင့်လို့ သတ်မှတ်ထားတဲ့ တစ်လီတာမှာ ၀.၁ မီလီဂရမ် အာဆင်းနစ်ဓာတ် ပါဝင်မှုနှုန်းထက် လျော့နည်းပါတယ်။ အဲဒီ ဆန်းစစ်ချက်တွေရဲ့ အဖြေဟာ ၈၀ ရာခိုင်နှုန်းထိ တိကျမှု ရှိပါတယ်။

ချင်းရိုင်မှာ ရေအရင်းအမြစ် လုံခြုံရေးအတွက် အာဏာပိုင်တွေဟာ နောက်လကျရင် ဘတ် ၂.၂၅ ဘီလီယံတန် မြစ်ရေသန့်စင် ယူနစ်တစ်ခု တည်ဆောက်နိုင်ရေး အတွက်လည်း အစိုးရဆီက ခွင့်ပြုချက် တောင်းခံသွားမယ်လို့ သိရပါတယ်။

ကိုးကား: Bangkok Post

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင် တရုတ်နိုင်ငံကိုရောက်ရှိနေစဉ်မှာ မူဆယ်နဲ့ နမ့်ခမ်းမြို့နယ်အတွင်း တရုတ်နိုင်ငံဖက်ခြမ်းကမြန်မာဘက်ကိုတိုးပြီး နယ်စပ်ခြံစည်းရိုးကာနေတာကို အရှိန် မြှင့်လုပ်​​လာတယ်လို့ ဒေသခံတွေကဒီက​နေ့မနက်ပိုင်းမှာပြောပါတယ်။

သတင်း

လူမျိုးတုံးသတ်ဖြတ်တဲ့ နိုင်ငံတကာစစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ စစ်တပ်ကို လက်နက်အပါအဝင် နိုင်ငံခြားဝင်ငွေ ရရှိအောင် လုပ်ဆောင်ပေးနေတဲ့ တရုတ်နိုင်ငံရဲ့ လုပ်ရပ်တွေကို ရှုတ်ချကြောင်း နဲ့ စစ်တပ်ကို ကူညီပေးမှုတွေကို ရပ်တန့်ဖို့ Justice For Myanmar-JFM ကတောင်းဆိုလိုက်ပါတယ်။

သတင်း

မြန်မာနိုင်ငံအတွင်းရှိတရုတ်လုပ်ငန်းများနဲ့ ဝန်ထမ်းများရဲ့ လုံခြုံရေးကို အထူးအလေးထားပြီး အစွမ်းကုန် အာမခံချက် ပေးသွားမယ်လို့ အာဏာသိမ်းစစ််ခေါင်းဆောင်းမင်းအောင်လှိုင်က တရုတ်သမ္မတကို ကတိပြုပါတယ်။

အတွေးအမြင်

ခါကာဘို ရေးသားသည်။ “ဂျပန်မှာ အလုပ်အကိုင်အခွင့်အလမ်းကောင်းတယ်၊ လစာကောင်းတယ်၊ အနာဂတ်ရှိတယ်” ဆိုတာ မြန်မာလူငယ်အများစု ကြားဖူးနေကျ စကားပါ။ အထူးသဖြင့်မြန်မာနိုင်ငံရဲ့လက်ရှိ အခြေအနေအရ ဂျပန်နိုင်ငံကို အလုပ်သွားလုပ်ဖို့၊ ကျောင်းသွားတက်ဖို့၊ ဒါမှမဟုတ် အခြေချနေထိုင်ဖို့ စဉ်းစားနေသူတွေ တိုးလာနေပါတယ်။ ဒါပေမယ့်တစ်ဖက်မှာစိတ်ဝင်စားစရာကောင်းတဲ့ အပြောင်းအလဲတစ်ခု ဂျပန်နိုင်ငံအတွင်း ဖြစ်ပေါ်နေပါတယ်။ ဂျပန်ဟာ...