Connect with us

Hi, what are you looking for?

သတင်း

ယင်းမာပင်နဲ့ ကလေးမြို့နယ်ဒေသခံတွေ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ပြုလုပ်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်နဲ့ကလေးမြို့နယ်အတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (မတ်လ ၃) မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

မတ်လ ၃၊၂၀၂၆။ သုည/People’s Spring

စစ်ကိုင်းတိုင်း၊ ယင်းမာပင်နဲ့ကလေးမြို့နယ်အတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (မတ်လ ၃) မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

ကလေးမြို့နယ်မှာ နွေဦးအာဇာနည် ကိုဇင်မျိုးမောင် ကျဆုံးခြင်း (၅)နှစ်ပြည့်အထိမ်းအမှတ် ဦးညွတ်ပန်းဝေချဂုဏ်ပြုခြင်းနဲ့ ဖယောင်းတိုင်ထွန်းအောက်မေ့သတိရခြင်း သပိတ်ပြုလုပ်ခဲ့ပါတယ်။

ဒါ့အပြင် ကလေးမြို့နယ်မှာ ပထမဆုံး ကျဆုံးခဲ့ရတဲ့ ရဲဘော်ဇင်မျိုးမောင် အပါအဝင် အသက်ခန္ဓာပေးဆပ်သွားကြပြီဖြစ်သော တော်လှန်ရေးရဲဘော်အားလုံးကိုလည်း ဦးညွတ်အလေးပြုခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ယင်းမာပင်မြို့နယ်ကျေးရွာတစ်ရွာမှာလည်း အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ် စစ်ကြောင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုညသပိတ်ကို ဒေသခံ​​ပြ​ည်သူတွေနဲ့အတူ ပူးပေါင်းဆင်နွှဲခဲ့ကြပါတယ်။

အလားတူ ယင်းမာပင်မြို့နယ် မြောက်ခြမ်းမှာလည်း အောင်လံလွှင့်မည်ရွှေရေကြည်လူထုသပိတ်က နယ်မြေမငြိမ်သက်တဲ့ကြားက စစ်အာဏာရှင်ကို ဆန့်ကျင်​ကြောင်း ဆန္ဒထုတ်ဖော် ပြသခဲ့ပါတယ်။

စစ်ကိုင်းတိုင်းအတွင်း ဒေသခံတော်လှန်ပြည်သူတွေဟာ နယ်မြေမငြိမ်သက်မှုကြားထဲကနေပဲ စစ်အာဏာရှင်ဆန့်ကျင်​ရေးနဲ့ စစ်တပ်ရွေးကောက်ပွဲဆန့်ကျင်ရေး ဆန္ဒပြသပိတ်တွေကို နေ့စဉ်ပြုလုပ်နေကြပါတယ်။

ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ GSCB၊ ကလေးမြို့လူထုသပိတ်

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ဆားလင်းကြီးနဲ့ ဘုတလင်မြို့နယ်မှာ တော်လှန်သပိတ်အင်အားစုတွေက စစ်အာဏာရှင်ကို ဆန့်ကျင်ဖို့ လှုံ့ဆော်တဲ့ လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇူလိုင် ၂၁) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းက ယင်းမာပင်နဲ့ အရာတော်မြို့နယ်မှာ ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေက စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇူလိုင် ၂၀) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ဝက်လက်နဲ့ က​လေးမြို့နယ်မှာ ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ဒီကနေ့ (ဇူလိုင် ၉)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

နယ်မြေမတည်ငြိမ်မှုတွေကြားက စစ်ကိုင်းတိုင်းအတွင်း ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေက စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုနဲ့ ဟောပြောပွဲတွေ ဒီကနေ့ (ဇူလိုင် ၂) မှာ ဆက်လက်ပြုလုပ်ခဲ့ပါတယ်။