Connect with us

Hi, what are you looking for?

သတင်း

ယင်းမာပင်နဲ့ ကလေးမြို့နယ်ဒေသခံတွေ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ပြုလုပ်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်နဲ့ကလေးမြို့နယ်အတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (မတ်လ ၃) မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

မတ်လ ၃၊၂၀၂၆။ သုည/People’s Spring

စစ်ကိုင်းတိုင်း၊ ယင်းမာပင်နဲ့ကလေးမြို့နယ်အတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (မတ်လ ၃) မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

ကလေးမြို့နယ်မှာ နွေဦးအာဇာနည် ကိုဇင်မျိုးမောင် ကျဆုံးခြင်း (၅)နှစ်ပြည့်အထိမ်းအမှတ် ဦးညွတ်ပန်းဝေချဂုဏ်ပြုခြင်းနဲ့ ဖယောင်းတိုင်ထွန်းအောက်မေ့သတိရခြင်း သပိတ်ပြုလုပ်ခဲ့ပါတယ်။

ဒါ့အပြင် ကလေးမြို့နယ်မှာ ပထမဆုံး ကျဆုံးခဲ့ရတဲ့ ရဲဘော်ဇင်မျိုးမောင် အပါအဝင် အသက်ခန္ဓာပေးဆပ်သွားကြပြီဖြစ်သော တော်လှန်ရေးရဲဘော်အားလုံးကိုလည်း ဦးညွတ်အလေးပြုခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ယင်းမာပင်မြို့နယ်ကျေးရွာတစ်ရွာမှာလည်း အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ် စစ်ကြောင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုညသပိတ်ကို ဒေသခံ​​ပြ​ည်သူတွေနဲ့အတူ ပူးပေါင်းဆင်နွှဲခဲ့ကြပါတယ်။

အလားတူ ယင်းမာပင်မြို့နယ် မြောက်ခြမ်းမှာလည်း အောင်လံလွှင့်မည်ရွှေရေကြည်လူထုသပိတ်က နယ်မြေမငြိမ်သက်တဲ့ကြားက စစ်အာဏာရှင်ကို ဆန့်ကျင်​ကြောင်း ဆန္ဒထုတ်ဖော် ပြသခဲ့ပါတယ်။

စစ်ကိုင်းတိုင်းအတွင်း ဒေသခံတော်လှန်ပြည်သူတွေဟာ နယ်မြေမငြိမ်သက်မှုကြားထဲကနေပဲ စစ်အာဏာရှင်ဆန့်ကျင်​ရေးနဲ့ စစ်တပ်ရွေးကောက်ပွဲဆန့်ကျင်ရေး ဆန္ဒပြသပိတ်တွေကို နေ့စဉ်ပြုလုပ်နေကြပါတယ်။

ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ GSCB၊ ကလေးမြို့လူထုသပိတ်

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် လမ်းပိုင်းတနေရာမှာ ရွာပေါင်းစုံသပိတ်ကော်မတီဝင်တွေက ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းပြီး သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံ​တဲ့ လှုပ်ရှားမှုကို ဒီကနေ့ (အောက်တိုဘာ ၁၅) ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေမှာ ဦးဆောင်နေတဲ့ ဒေါက်တာတေဇာစန်း ၊ ကိုနန်းလင်း ၊ ကိုထက်မြတ်အောင်နဲ့ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု -GSCB တို့ကို Forum 2000 Foundation က ရဲစွမ်းသတ္တိနဲ့ တာဝန်ယူမှာဆိုင်ရာဆု (International Award for Courage and Responsibility)ဆုချီးမြှင့်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းက ယင်းမာပင်နဲ့ ရွှေဘိုမြို့နယ်တို့မှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက ပြည်သူ့သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံတဲ့ လှုပ်ရှားမှုတွေကို ဒီကနေ့ (စက်တင်ဘာ ၂၃) ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ကနီမြို့နယ်မှာ သပိတ်အင်အားစုနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး ရွှေဝါရောင်တော်လှန်ရေး (၁၉)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှု စက်တင်ဘာ ၁၈ ရက်က ပြုလုပ်ခဲ့ပါတယ်။