Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ စက်သုံးဆီကို နာရီပိုင်းကြာစောင့်ဆိုင်း တန်းစီဝယ်ယူနေရ

မန္တလေးမြို့မှာ စက်သုံးဆီကို ပြန်လည်တန်းစီဝယ်ယူနေရပြီး နာရီပိုင်းကြာအထိ စောင့်ဆိုင်းနေရကြောင်း မြို့ခံတွေက ပြောပါတယ်။

ယနေ့မနက်ပိုင်းက မန္တလေးမြို့စက်သုံးဆီဆိုင်တစ်ခုတွင် ပြည်သူများတန်းစီကာဝယ်ယူနေစဥ်။ ဓါတ်ပုံ - CJ

မတ်-၄၊ ၂၀၂၆။ဇေအောင်/People’s Spring

မန္တလေးမြို့မှာ စက်သုံးဆီကို ပြန်လည်တန်းစီဝယ်ယူနေရပြီး နာရီပိုင်းကြာအထိ စောင့်ဆိုင်းနေရကြောင်း မြို့ခံတွေက ပြောပါတယ်။

မနေ့က မတ်လ ၄ ရက်ကစပြီး စက်သုံးဆီတွေ ပြန်လည်တန်းစီဝယ်ယူနေရတဲ့ မန္တလေးမြို့မှာ ဒီကနေ့မနက်ပိုင်းမှာတော့ ဆီဆိုင်အားလုံး တန်းစီကာ ဝယ်ယူနေရပြီဖြစ်ကြောင်း မြို့ခံတွေက ပြောပါတယ်။

” မနက် ၅ခွဲထတန်းစီတာကို ကားတန်းကြီးက အရှည်ကြီးပဲ။တချို့က ညထဲကတန်းကြတာ”လို့ မန္တလေးမြို့၊ အောင်မြေသာဇံမြို့နယ်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဆိုင်ကယ်ရော ကားပါ အစီးရေရာချီ ရှိနေပြီး နာရီနဲ့ချီကာ စောင့်ဆိုင်းနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ဒါပေမယ့် ဆီစျေးကတော့ သိသိသာသာမြင့်တက်သွားတာမျိုး မရှိသေးဘဲ 92 တစ်လီတာ ၂၅၃၀ ဝန်းကျင်နဲ့ 95 တစ်လီတာ ၂၅၉၀ ဝန်းကျင်ရှိနေကြောင်း မြို့ခံတွေက ပြောပါတယ်။

စက်သုံးဆီရောင်းအားမြင့်တက်လာတဲ့အခြေအနေတွေကြောင့် မန္တလေး-ပြင်ဦးလွင်လမ်းပေါ်က စက်သုံးဆီဆိုင်အချို့ ပိတ်သိမ်းထားကြောင်း ဒေသခံတွေဆီက သိရပါတယ်။

အာဏာသိမ်းစစ်ကောင်စီကတော့ စက်သုံးဆီအခက်အခဲရှိနေလို့ ချွေတာတဲ့အနေနဲ့ ယာဥ်တွေ ရက်အလိုက် စုံရက်၊ မရက်ခွဲပြီး ကိုယ့်ယာဥ်နံပါတ်ပေါ်မူတည်ကာ သွားလာကြဖို့ ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။