Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်း၊ မကွေးတိုင်းနဲ့ ရှမ်းပြည်နယ်မှာ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ လှုပ်ရှားမှုတွေ ပြုလုပ်

စစ်ကိုင်း၊ မကွေးတိုင်းနဲ့ ရှမ်းပြည်နယ်မှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ ဒီကနေ့ (မတ်လ ၈)မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ လူထုလှုပ်ရှားမှုတွေကို ပြုလုပ်ခဲ့ပါတယ်။

မတ်- ၈၊၂၀၂၆။ သုည/People’s Spring

စစ်ကိုင်း၊ မကွေးတိုင်းနဲ့ ရှမ်းပြည်နယ်မှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ ဒီကနေ့ (မတ်လ ၈)မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ လူထုလှုပ်ရှားမှုတွေကို ပြုလုပ်ခဲ့ပါတယ်။

ရှမ်းပြည်နယ် စစ်ရှောင်စခန်းတစ်နေရာမှာ အင်းလေးအမျိုးသမီးသမဂ္ဂက ဦးဆောင်ပြီး အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါတယ်။

မကွေးတိုင်း ယောဒေသမှာလည်း ယောလူထုတိုက်ပွဲကော်မတီ (YPRC) က ဒီကနေ့ကျရောက်သော မတ်လ ၈ ရက် နိုင်ငံတကာ အမျိုးသမီးများနေ့မှာ အမျိုးသမီးများနေ့အကြောင်းနဲ့ အမျိုးသမီးအခွင့်ရေးတွေအကြောင်း ဟောပြောပွဲပြုလုပ်ပြီး အမျိုးသမီးသုံးပစ္စည်းတွေကိုလည်း ဝေငှပေးခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကိုင်းတိုင်း ကသာခရိုင်မှာလည်း ၅/ကသာခရိုင်လူထုတိုက်ပွဲဦးဆောင်ကော်မတီသပိတ်အဖွဲ့မှ “FREEDOM FROM FEAR ကြောက်ရွံ့မှုမှကင်းလွတ်ခြင်း” စာသားကိုင်ဆွဲပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်ပြုလုပ်ခဲ့ပါတယ်။

ဒါ့အပြင် ပြည်သူတွေကို တော်လှန်ရေး နိုင်ငံရေး စာစဥ်းတွေနဲ့အတူ လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာ အသိပေးစာစဥ်တွေ မျှဝေပေးခဲ့ကြပါတယ်။

ယင်းမာပင်မြို့နယ်မှာလည်း အောင်လံလွှင့်မည် ဒေါင်းသွေးနီသပိတ်စစ်ကြောင်းနဲ့ ရွှေဥက္ကံ လူထုသပိတ်စစ်ကြောင်းတို့မှ စစ်အာဏာရှင်ဆန့်ကျင်ကြောင်းနဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမို့ကရေစီသာ အလိုရှိကြောင်း ကြွေးကြော်သံတွေနဲ့ လူထုသပိတ်ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။

ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ GSCB ၊ YPRC ၊ ၅/ကသာခရိုင်လူထုသပိတ်၊ အင်းလေးအမျိုးသမီးသမဂ္ဂ

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်ကောင်စီယာဥ်တန်းအတွက် လုံခြုံရေးယူပေးနေတဲ့ စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ဝက်လက်မြို့နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်လို့ စစ်ရှောင်အဘိုးအိုအပါအဝင် ပြည်သူ ၂ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရပြီး နေအိမ် အလုံး ၂၀ ခန့် မီးလောင်ပျက်စီးခဲ့ပါတယ်။

ဆောင်းပါး

စစ်လက်နက်ထုတ်လုပ်ရေးစက်ရုံကြီးတခု ဦးတည်တိုက်ခိုက်ခံနေရတာကို သတင်းဖုံးကွယ်လိုတဲ့ စစ်တပ်က လူထုကို လှည့်ဖျားဖို့ ဘောလုံးတွေကို အသုံးချနေပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ခင်ဦးမြို့နယ်တွေမှာ စာသင်ကျောင်းအပါအဝင် နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။