Connect with us

Hi, what are you looking for?

သတင်း

တံတားဦးမှာ စစ်တပ်ပေါ်တာဆွဲခံရတဲ့ လူငယ်တစ်ဦး ၆လအကြာမှာ ထွက်ပြေးလွတ်မြောက်လာ

မန္တလေးတိုင်း၊ တံတားဦးမြို့နယ်မှာ ပေါ်တာအဆွဲခံလိုက်ရတဲ့ အမျိုးသားတစ်ဦး ၆လအကြာမှာ စစ်တပ်ထံက ထွက်ပြေးလွတ်မြောက်လာခဲ့ပါတယ်။

လွတ်မြောက်လာသော စစ်မှုထမ်းတပ်သားသစ်အား တွေ့ရစဥ်။ ဓာတ်ပုံ-လျှပ်စီးတပ်ခွဲ

မတ် ၁၂၊ ၂၀၂၆။ဟာနာဆန်/People’s Spring

မန္တလေးတိုင်း၊ တံတားဦးမြို့နယ်မှာ ပေါ်တာအဆွဲခံလိုက်ရတဲ့ အမျိုးသားတစ်ဦး ၆လအကြာမှာ စစ်တပ်ထံက ထွက်ပြေးလွတ်မြောက်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ စက်တင်ဘာ ၁ရက်က တံတားဦးမြို့ကနေ မန္တလေးမြို့ကိုသွားတဲ့ လူငယ်တစ်ဦးဟာ စစ်တပ်ရဲ့ အတင်းအဓမ္မဖမ်းဆီးခံရပြီး စစ်သားစုဆောင်းခံခဲ့ရပါတယ်။

ဖမ်းဆီးခံရပြီးနောက် ၂၀၂၅ စက်တင်ဘာလ ၁၅ ရက်မှာ ရှမ်းပြည်နယ်၊ ဟိုပုံးမြို့ရှိ ပြည်သူစစ်သင်တန်းအပတ်စဉ် (၁၇) တက်ရောက်ခဲ့ရပြီး သင်တန်းဆင်းပြီးနောက် မန္တလေးတောင်ခြေရှိ BE တပ်သို့ ပြန်လည်ပို့ဆောင်ချိန် လျှပ်စီးတပ်ခွဲနဲ့ ချိတ်ဆက်ပြီး ထွက်ပြေးလာတာဖြစ်ကြောင်း အဆိုပါတပ်ခွဲရဲ့တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“BE တပ်ထဲကနေ ထွက်ပြေးလွတ်မြောက်လာတာ။”လို့ မုံရွာခရိုင် အမှတ် (၁၂)တပ်ရင်း ၊ တပ်ခွဲ(၃)၊ လျှပ်စီးတပ်ခွဲရဲ့တာဝန်ရှိသူက ပြောပါတယ်။

ကျန်ရှိနေတဲ့ စစ်မှုထမ်းတပ်သားတွေလည်း အခြေအနေပေးတာနဲ့ ပြည်သူ့ဘက်သို့ ကူးပြောင်း အလင်းဝင်ကြဖို့ လျှပ်စီးတပ်ခွဲက တိုက်တွန်းထားပါတယ်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ စစ်တပ်ရဲ့ အတင်းအဓမ္မ ဖမ်းဆီးခြင်းခံခဲ့ရတဲ့ လူငယ်တစ်ဦးလည်း စစ်သင်တန်းဆင်းပြီးနောက် တပ်ရင်းသို့ ပို့ဆောင်ချိန် လျှပ်စီးတပ်ခွဲနဲ့ပဲ ချိတ်ဆက်ပြီး လွတ်မြောက်လာခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စစ်တပ်နဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက လူနေကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး ဒီကနေ့ ဇွန်လ ၁၉ရက်ရဲ့နေ့လယ်ပိုင်းမှာလည်း အရပ်သားတွေနေထိုင်တဲ့အိမ်ပေါ်ကျရောက်ပေါက်ကွဲလို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

သတင်း

မန္တလေးတိုင်း၊ တံတားဦးမြို့မှာ လမ်းနယ်နမိတ်နဲ့ မလွတ်လို့ဆိုပြီး နေအိမ် ရာနဲ့ချီဖျက်ဖို့အတွက် စစ်ကောင်စီ လက်အောက်ခံလမ်းဦးစီးဌာနက စာပို့ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

လူထု​ခေါင်း​ဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာ အာဏာသိမ်းစစ်တပ်က ရန်ကုန်မြို့ကို လုံခြုံရေးတင်းကြပ်စွာချထားတယ်လို့ ဒေသခံတွေပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မလှိုင်မြို့မှာ အာဏာသိမ်းစစ်တပ်က လုပ်ငန်းရှင်တွေနဲ့ ပြည်သူတွေထံက စားနပ်ရိက္ခာတွေ ခြိမ်းခြောက်တောင်းယူနေကြောင်း ဒေသခံတွေက ပြောပါတယ်။