Connect with us

Hi, what are you looking for?

သတင်း

ပျူတွေကြီးစိုးတဲ့ ပြည်ကြီးတံခွန်ကကမ္ဘောဇဘဏ်ဓားပြတိုက်ခံရပြန်

စစ်တပ်လက်​အောက်ခံ ပျူစောထီးတွေကြီးစိုးတဲ့မန္တလေးမြို့၊ပြည်ကြီး‌‌တံခွန်မြို့နယ်က ကမ္ဘောဇဘဏ် နေ့ခင်းကြောင် တောင်ဓားပြတိုက်ခံပြီး ကျပ်သိန်းနှစ်ထောင် ကျော်ပါသွားတယ်လို့မြို့ခံ တွေကပြောပါတယ်။

ပြည်ကြီးတံခွန်မြို့နယ်က KBZ ဘဏ်ခွဲနဲ့ စစ်သား​တွေကို​တွေ့ရစဥ်။ဓါတ်ပုံ-စစ်​ကောင်စီ

မတ်-၁၃၊၂၀၂၆။ဥဩ/People Spring’s

စစ်တပ်လက်​အောက်ခံ ပျူစောထီးတွေကြီးစိုးတဲ့မန္တလေးမြို့၊ပြည်ကြီး‌‌တံခွန်မြို့နယ်က ကမ္ဘောဇဘဏ် နေ့ခင်းကြောင် တောင်ဓားပြတိုက်ခံပြီး ကျပ်သိန်းနှစ်ထောင် ကျော်ပါသွားတယ်လို့မြို့ခံ တွေကပြောပါတယ်။

မတ်လ၁၃ရက် နေ့၊ညနေ၃နာရီ ကျော်မှာ ပြည်ကြီးတံခွန်မြို့နယ်၊၇၈လမ်း(ရန်ကုန်- မန္တ လေးလမ်း)၊၁၃၄လမ်းနဲ့ ၁၃၅လမ်းကြား၊(ဇ)ရပ်ကွက် ၊အမှတ်၄၂ (စက်မှုပန်းခြံ)ဘဏ်ခွဲကို လူနှစ်ဦးထဲနဲ့ လာရောက်ဓားပြတိုက်သွားတာလို့ စုံစမ်းသိရပါတယ်။

“ဆိုင်ကယ်နဲ့လာတာ။သေနတ်နှစ်လက်နဲ့ ။ဆာလာအိတ်၂လုံးနဲ့ပိုက်ဆံတွေယူပြီးပြန်ထွက်သွားတယ်”လို့ မြို့ခံတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဘဏ်ဓားပြတိုက်ခံရပြီးနောက် စစ်သားနဲ့ရဲ တွေရောက်လာပြီး ပြည်ကြီးတံခွန်မြို့နယ်ထဲကို ကင်းပတ်တာ တွေလည်းရှိပါတယ်။

ဒီဘဏ်ရဲ့ တောင်ဘက်မှာစစ်သား​တွေအများအပြားရှိတဲ့ကြားက ဓါးပြတိုက်သွားတာဖြစ်ပါတယ်။

ဒါ့အပြင်ဒီဘဏ်ဟာ ၂၀၂၂ခုနှစ်၊ဇူလိုင်လ၁၅ရက်နေ့ကလည်း ဓားပြတိုက်ခံခဲ့ရပြီး ကျပ်သိန်း၁၅၀၀ခန့် ပါသွားသလိုတရားခံမမိ သေးဘူးလို့ သိရပါတယ်။

ပြည်ကြီးတံခွန်မြို့နယ်မှာ စစ်တပ်ရဲ့ အရပ်ဘက်၊စစ်ဘက်၊ပျူလုံခြုံ ရေးအင်အားအများအပြားရှိတဲ့မြို့နယ်ဖြစ်တယ်လို့​ဒေသခံ​တွေက​ပြောပါတယ်။

ဒါ့အပြင် ပေါက်ကိုယ်တော်ရဲ့ တပည့်ပျူတွေနဲ့ အုပ်ချုပ်​ရေးမှူး​တွေ နဲ့ လူမိုက်အဖွဲ့ တခုကြီးစိုးတဲ့ နေရာဖြစ်ပါတယ် ။ ဒီမြို့နယ်မှာ လုယက်မှု၊သတ်ဖြတ်မှု၊ဓားပြတိုက်မှုနဲ့မြေမှုတွေအများအပြားဖြစ်​လေ့ရှိတယ်လို့ မြို့ခံတွေကဆိုပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးတပ်ဖွဲ့အမည်အလွဲသုံးစားပြုလုပ်ပြီး ဓားပြတိုက်သူတွေကို ဖမ်းဆီးဖော်ထုတ်ခဲ့တယ်လို့ (၁၀၀၃) တပ်ရင်းဓနုဒေသအခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်ရင်းက ဒီကနေ့ ဇွန်လ ၂၂ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်မှာ ဆီဆိုင်ရှေ့ ညအိပ်ရပ်နားထားတဲ့ တွဲကားတစ်စီးကို လူ ၃ဦးက ငှက်ကြီးတောင်ဓါးနဲ့ ဓါးပြဝင်တိုက်သွားကြောင်း ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

ချမ်းသာကြွယ်ဝတဲ့ နိုင်ငံခြားသားတွေကို ပစ်မှတ်ထား ဓားပြတိုက်မှုတွေအတွက် ရဲအရာရှိ တစ်ဦးအပါအဝင် လူ ၆ ဦးကို မလေးရှား ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။v

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင် မကြာခဏလာနေတဲ့ ပြင်ဦးလွင်မြို့က မေစိန်ရွှေရတနာဆိုင် ဓားပြတိုက်ခံရမှု ဒီကနေ့ ဧပြီ ၇ရက် မနက်က ဖြစ်ပွားခဲ့ပါတယ်။