Connect with us

Hi, what are you looking for?

သတင်း

ပုလောမြို့နယ်က စစ်တပ်စခန်းတစ်ခုကို KNLA တပ်မဟာ(၄)ပူးပေါင်းတပ် ထပ်မံ သိမ်းပိုက်

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ မြိတ်-ထားဝယ်ခရိုင်၊ လယ်မူလား(ပုလော)မြို့နယ်၊ ပလောကျေးရွာအုပ်စု တောင်ယာကမ်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းတစ်ခုကို ဒီကနေ့ မတ်လ ၁၄ရက် မနက်မှာ သိမ်းပိုက်နိုင်ခဲ့ကြောင်း KNU မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။

ကမ်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းတစ်ခုကို KNLAပူးပေါင်းတပ် တိုက်ခိုက်အပြီး သိမ်းရတဲ့ လက်နက်ခဲယမ်းတွေ။ ဓာတ်ပုံ - KNU-MTD

▪️စစ်သား ၆ဦးသေ၊ ၃၀ကျော် ထွက်ပြေး၊ လက်နက် ၅လက်နဲ့ ခဲယမ်းတွေသိမ်းရ

‎မတ် ၁၄၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ မြိတ်-ထားဝယ်ခရိုင်၊ လယ်မူလား(ပုလော)မြို့နယ်၊ ပလောကျေးရွာအုပ်စု တောင်ယာကမ်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းတစ်ခုကို ဒီကနေ့ မတ်လ ၁၄ရက် မနက်မှာ သိမ်းပိုက်နိုင်ခဲ့ကြောင်း KNU မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။

တောင်ယာကမ်းကျေးရွာက စစ်ကောင်စီတပ်စခန်းကို KNLA တပ်မဟာ(၄) ပူးပေါင်းတပ်က မတ်လ ၁၁ရက်မှာ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲ ၄ရက်မြောက်နေ့မှာ အခုလို သိမ်းနိုင်ခဲ့တာလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်က ၆ဦးသေဆုံးကာ ၃၀ဦးကျော် ထွက်ပြေးသွားတယ်လို့ အသိပေးပါတယ်။ဒါ့အပြင် စစ်ကောင်စီထံက လက်နက် ၅လက်နဲ့ ခဲယမ်းတွေ သိမ်းရခဲ့တယ်လို့ ဖော်ပြပါတယ်။

အဲဒီတပ်စခန်းဟာ ထားဝယ်-မြိတ် အမှတ်(၈)လမ်းမ တောင်ယာကမ်းရွာမှာ တည်ရှိပြီး ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးချိန်ကတည်းက စစ်ကေင်စီက တပ်စွဲထားတာလို့ ဆိုပါတယ်။

အခု စစ်ဆင်ရေးကို K.N.L.A ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ တပ်မဟာ(၄) လက်အောက်ခံ KNDO တပ်ရင်း(၇)၊ တပ်ခွဲ(၁)၊ တပ်ခွဲ(၅)၊ K.N.L.A အထူးကွန်မန်ဒိုတပ်ဖွဲ့၊ ပုလောပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ အသိပေးပါတယ်။

KNLA တပ်မဟာ(၄) ပူးပေါင်းတပ်ဟာ ထားဝယ်-မြိတ် အမှတ်(၈)လမ်း သရက်ချောင်းမြို့နယ် မင်းဒပ်ရွာမှာ တပ်စွဲထားတဲ့ ဝင်း၀ စစ်ကောင်စီတပ်စခန်းကိုလည်း မတ်လ ၁၁ရက် က သိမ်းပိုက်ခဲ့ပါတယ်။

အဲဒီ စခန်းဟာ အင်အား ၁၀၀ကျော်ရှိတဲ့ စခန်းဖြစ်ပြီး တစ်လကျော်ကြာ တိုက်ခိုက်ခဲ့ရပါတယ်။ ဝင်း၀ စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ကျော်သေဆုံးခဲ့ပြီး လက်နက် ၄၀ ကျော်သိမ်းရခဲ့ကြောင်း KNLA စစ်ရေး သတင်းရင်းမြစ်ကပြောပြထားပါတယ်။ အဲဒီ တိုက်ပွဲမှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ ဦးကျော် ထွက်ပြေးတိမ်းရှောင်သွားလို့ KNLA ပူးပေါင်းတပ်က ရှင်းလင်းရေးလုပ်ဆောင်လျက်ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅) နယ်မြေ ဖာပွန်ခရိုင်မှာ စစ်ကောင်စီတပ်စခန်း ၁၁ခုသာ ကျန်ရှိတော့ကြောင်း တပ်မဟာ(၅) ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စောကလယ်ဒိုက ပြောကြားခဲ့ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ပုလောမြို့နယ် ပလောက်မြို့ရှိ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်စခန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်ပြီး မီးရှို့ခဲ့ကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) အထူးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်က ထင်းရှုးကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်ခဲ့ရာ ၆ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရာမညမွန်တပ်တော်(RMA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေမှာ အာဏာသိမ်းစစ်တပ်က အဓမ္မ စစ်သားစုဆောင်းထားတဲ့ တပ်သား တစ်ဦး လက်နက်ချအလင်းဝင် လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

Facebook