Connect with us

Hi, what are you looking for?

သတင်း

ညီ​နောင်နှစ်​ဖော်တိုက်ပွဲမှာ TNLA တပ်ဖွဲ့ဝင် ၁၀၀ ​ကျော်ဖမ်းဆီးခံထားရ

တအာင်းတပ်မတော်(TNLA) နဲ့ ကိုးကန့်တပ်မတော်(MNDAA)တို့ဖြစ်ပွားနေတဲ့ တိုက်ပွဲသုံးရက်အတွင်း TNLA တပ်ဖွဲ့ဝင် ၁၀၀ကျော်ဖမ်းဆီးခံထားရတယ်လို့ TNLAပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက လူထုနွေဦးကို ပြောပါတယ်။

TNLA တပ်ဖွဲ့ဝင်တဦး (ပုံအ​ဟောင်းဖြစ်ပါတယ်)။ဓါတ်ပုံ-PSLF/TNLA

မတ်-၂၇၊၂၀၂၆။/People’s Spring

တအာင်းတပ်မတော်(TNLA) နဲ့ ကိုးကန့်တပ်မတော်(MNDAA)တို့ဖြစ်ပွားနေတဲ့ တိုက်ပွဲသုံးရက်အတွင်း TNLA တပ်ဖွဲ့ဝင် ၁၀၀ကျော်ဖမ်းဆီးခံထားရတယ်လို့ TNLAပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက လူထုနွေဦးကို ပြောပါတယ်။

မတ်လ ၁၆ရက်မှာလည်း ကွတ်ခိုင်မြို့အပြင်ဘက်နဲ့ နန့်ခမ်းမြို့ (၁၂)ကြားမှာလည်း တိုက်ပွဲတွေဆက်ပြင်းထန်နေတယ်လို့လည်း လွေးယေဦးက ပြောပါတယ်။

“လောလောဆယ်ဆိုရင် တိုက်ပွဲကာလဖြစ်တဲ့အလျောက် ကျွန်မတို့ဘက်က ထိခိုက်ကျဆုံးမှုကတော့ နှစ်ဖက်မှာရှိပါတယ်။ အတိအကျကျွန်မတို့ကလည်းမသိရသေးဘူး။ ဒီ ၁၄ရက်ကနေ ယနေ့အထိဆိုရင်တော့ မူဆယ်(၁၀၅)မိုင်မှာရှိတဲ့ စခန်းတွေရော ကွတ်ခိုင်မှာရှိတဲ့စ‌ခန်းတွေရောအားလုံးပေါင်းဆိုရင် တပ်သားဖမ်းဆီးခံရတာ ၁၀၀ ကျော်ရှိပါတယ်။ စခန်းတွေသိမ်းတာတော့ရှိပါတယ်။၁၄ ရက်နေ့စစချင်းမှာတော့ ကျွန်မတို့က ပြန်လည်ပစ်ခတ်တာမျိုးတွေ မရှိတဲ့အတွက်ကြောင့် သူတို့ဘက်ကတော့ လူတွေဖမ်းသွားတာ စခန်းတွေဖယ်ရှားတာ လက်နက်တွေသိမ်းသွားတာမျိုးတွေရှိပါတယ်”လို့ လွေးယေဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

TNLAနဲ့ MNDAAတိုက်ပွဲတွေအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေရှိတယ်လို့ သူက ဆက်​ပြောပါတယ်။

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ထဲမှာပါဝင်တဲ့ TNLAနဲ့ MNDAAက ကွတ်ခိုင်မြို့မှာ မတ်လ၁၄ရက်ကစပြီး တိုက်ပွဲဖြစ်ခဲ့တာပါ။ MNDAAတပ်‌တွေဟာဒရုန်းအစီး ရေရာချီအသုံးပြုပြီး အင်အားအများအပြားနဲ့ ကွတ်ခိုင်မြို့နယ်မှာ TNLA တပ်စွဲထားတဲ့​နေရာအများစုကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပါ။

ကွတ်ခိုင်မြို့နယ်အပြင် နမ့်ခမ်းမြို့နယ်နဲ့ နမ့်ဖက်ကာကြားက TNLAစခန်းတွေကိုလည်း တိုက်ခိုက်ခဲ့ပါတယ်။မတ် ၁၆ ရက်မနက်ပိုင်းမှာ​တော့ ပေါက်ကွဲသံတွေကို နမ့်ခမ်းမြို့နယ်ဘက်ကနေ ကြားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

MNDAAနဲ့ TNLAတိုက်ပွဲဟာဒေသခံပြည်သူလူထုကို လုံခြုံရေးအရခြိမ်းခြောက်နေပြီးအပစ်ရပ်ကြဖို့နဲ့ တွေ့ဆုံဆွေးနွေးကြဖို့ အရပ်ဖက်အဖွဲ့အစည်းတွေက တိုက်တွန်းနေကြပါတယ်။

တအာင်းအရပ်ဘက်အဖွဲ့အစည်းများကွန်ရက်၊ ကျန်းမာရေးအင်အားစု မန္တလေး၊ ကျန်းမာရေးအင်အားစုတအာင်းပြည်နဲ့ကျန်းမာရေးအင်အားစုအထူးဒေသ(၁)၊ ကလည်း TNLAနဲ့ MNDAAအပစ်ရပ်ကြဖို့ တိုက်တွန်းချက်ထုတ်ပြန်ထားပါတယ်။

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)က TNLA နဲ့ MNDAA မဟာမိတ်တပ်​တွေကြား တိုက်ပွဲ ချက်ချင်းရပ်တန့်ဖို့နဲ့ နိုင်ငံရေးအရ ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးဖြေရှင်းကြဖို့မေတ္တာရပ်ခံထားပါတယ်။

၁၀၂၇ စစ်ဆင်ရေးအောင်မြင်မှုတွေကြောင့် နွေဦးတော်လှန်ရေးတပ်ဖွဲ့တိုင်းက လေးစားအားကျ အတုယူနေကြရတဲ့ TNLAနဲ့ MNDAA အနေနဲ့ လက်ရှိဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေဟာ စစ်အာဏာရှင်တော်လှန်ရေးကို အကျိုးသက်ရောက်စေတဲ့အတွက်တွေ့ဆုံဆွေးနွေး အဖြေရှာဖို့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)ဦးဆောင်ကော်မတီက​လည်း မေတ္တာရပ်ခံတိုက်တွန်းကြောင်းထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့က ကောင်းတပ်ကျေးရွာပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးကော်မတီရဲ့ အလှူခံဌာနကို ဇွန်လ ၁၅ရက်မှာ ပိတ်သိမ်းရပ်ဆိုင်းသွားမှာ ဖြစ်ကြောင်း ကော်မတီက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး အလှူရှင်ပြည်သူတွေအနေနဲ့ ပါဝင်လှူဒါန်းလိုရင် မပိတ်သိမ်းမီ အပြီးသတ် ပါဝင်လှူဒါန်းပေးဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် အာရက္ခတပ်တော်(AA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSA) လားရှိုးဆက်ဆံရေးရုံးတို့က အလှူငွေတွေ ပေးအပ်ခဲ့ကြောင်း ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှုဖြစ်စဉ်မှာ သေဆုံးထိခိုက်နစ်နာဆုံးရှုံးခဲ့ကြရတဲ့ မိသားစုဝင်တွေကို တအာင်းတပ်မတော်(PSLF/TNLA) ခေါင်းဆောင်တွေက သွားရောက်တောင်းပန်ပြီး ဝမ်းနည်းကြောင်း ဖော်ပြခဲ့တယ်လို့ TNLAက သတင်းထုတ်ပြန်ပါတယ်။